ပြည့်တန်ဆာထင်လို့ ခေါ်မိတာ အသွင်ယူထားတဲ့ ရဲမေဖြစ်နေတဲ့ အဖြစ်ဆိုးကြီး

Bernalillo County Detention Center/Freepik_Burgos

ပြည့်တန်ဆာတစ်ယောက်နဲ့ အတူနေဖို့ အနည်းဆုံးပိုက်ဆံတော့ ပေးရတယ်လို့တော့ တော်တော်များများကြားဖူးကြမှာပါ။ ဒါပေမယ့် အမျိုးသားတစ်ယောက်ကတော့ ပြည့်တန်ဆာနဲ့ အတူနေဖို့ ဈေးညှိရာမှ ပိုက်ဆံမပါလို့ ဝယ်လာတဲ့ ဟန်ဘာဂါယူပြီး သူနဲ့လိုက်ခဲ့ဖို့ ပြောခဲ့ပါတယ်။ ဒီထက်ပိုဆိုးတာက သူညှိနေတဲ့ အမျိုးသမီးဟာ ပြည့်တန်ဆာတစ်ယောက်မဟုတ်ပဲ အသွင်ယူထားတဲ့ ရဲမေတစ်ယောက်ဖြစ်နေတာပါပဲ။

Bernalillo County Detention Center

Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ အမေရိကန်နိုင်ငံ၊ New Mexico မြို့မှာနေထိုင်တဲ့  Dominic Caldeorn လို့အမည်ရတဲ့ ၃၆နှစ်အရွယ်အမျိုးသားတစ်ယောက်ဟာ အသွင်ယူထားတဲ့ ရဲမေကို ပြည့်တန်ဆာထင်ပြီး ဈေးညှိခဲ့လို့ အဖမ်းခံခဲ့ရကြောင်း သိရှိရပါတယ်။  ပြီးခဲ့တဲ့ အင်္ဂါနေ့(၂၆.၁.၂၀၂၀)တုန်းက Caldeorn ဟာ New Mexico မှာ လမ်းလျှောက်နေတုန်း စက်ဘီးကိုမှီပြီး ရပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တော်တော်မျက်စိကျခဲ့ပါတယ်။ Caldeorn ရဲ့ စိတ်ထဲမှာတော့ သူမဟာ ပြည့်တန်ဆာတစ်ယောက်လို့ ထင်သွားတဲ့ပုံပါပဲ။ အဲဒီလိုထင်သွားတဲ့အချိန်ကစပြီး Calderon တစ်ယောက် ကံဆိုးတာပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီအမျိုးသမီးဟာ ပြည့်တန်ဆာ အဖြစ်အသွင်ယူထားတဲ့ ရဲမေတစ်ယောက်ဖြစ်နေလို့ပါပဲ။

READ
နှစ်နိုင်ငံချစ်ကြည်ရေးအတွက် မြောက်ကိုရီးယားသို့ ကေပေါ့ပ်စတား (၁၆၀) စေလွှတ်မည်

ဒီလိုနဲ့ပဲ Caldeorn ဟာ အဆိုပါအမျိုးသမီးတောင်းဆိုတဲ့ ပိုက်ဆံပမာဏ မပါလာတဲ့အတွက် နောက်ရက်မှ ပိုက်ဆံယူဖို့ပြောပြီး ဖုန်းနံပါတ်တောင်းခဲ့ပါတယ်။ နောက်ဆုံးတော့ Caldeorn ဟာ အဆိုပါအမျိုးသမီးကို ခေါ်သွားဖို့ ပိုက်ဆံကို နောက်မှယူပြီး စောစောကလေးတင် ဝယ်လာတဲ့ ဟမ်ဘာဂါပူပူလေးကို ယူစားခိုင်းပြီး သူနဲ့အတူလိုက်ခဲ့ဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ အဲဒီလိုပြောပြီးတာနဲ့ချက်ချင်း Calderon ကို အဆိုပါအမျိုးသမီးက ဖမ်းဆီးလိုက်ပါတယ်။ New Mexico ပြည်နယ်ဟာ ယခုဘက်ရှိအချိန်ထိ ပြည့်တန်ဆာကိစ္စတွေကို တရားဝင်ခွင့်ပြုထားတယ့် ပြည်နယ်မဟုတ်ပါဘူး။ တရားရုံးရဲ့အဆိုအရ Calderon ကို ပြည့်တန်ဆာအမှု အပါအဝင် ပြည့်တန်ဆာကို ဖျားယောင်းသွေးဆောင်မှု၊ စုစုပေါင်း အမှုနှစ်ခုနဲ့ တရားစွဲဆိုထားကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE