သူ့ခွေးလေးသာ ပြန်ရှာပေးရင် ထူးထူးခြားခြား ကျေးဇူးပြုပါမယ်ဆိုတဲ့ အမျိုးသား

Youtube/ News 4 Tucson KVOA-TV

လွန်ခဲ့တဲ့ နှစ်လကတည်းက အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် တက်ဆန်မြို့မှာရှိတဲ့ အမျိုးသားတစ်ယောက်ဟာ ခွေးပျောက်ရှာနေခဲ့ပါတယ်။ ခွေးလေးကို သူသွားတတ်တဲ့နေရာတွေ၊ အိမ်အကြိုအကြားတွေနဲ့ နေရာတိုင်းမှာ လိုက်ရှာနေတာ မတွေ့ခဲ့ပါဘူး။

သူ့ရဲ့ အသက်(၂) နှစ်ပဲ ရှိသေးတဲ့ ဂျန်နီအမည်ရ ချီဟွာဟွာလေးပျောက်သွားတဲ့အခါ အက်ဒီကောလင်းဟာ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ခဲ့ရပါတယ်။ ပထမတော့ သူကို်ယ်တိုင် လိုက်ရှာပါတယ်။ မတွေ့တဲ့အဆုံးမှာတော့ ရပ်ကွက်ကို အကူညီတောင်းခဲ့ပါတယ်။ ခွေးလေးသာ ပြန်ရမယ်ဆိုရင် ဆုကြေးပေးပါမယ်ဆိုပြီး အက်ဒီက ကြေညာခဲ့ပါသေးတယ်။ ဒါပေမယ့် ချီဟွာဟွာလေး ဂျန်နီဟာ လုံးဝအစအန ရှာမရအောင်ကို ပျောက်နေတာပါ။

ဂျန်နီကိုပဲ သံယောဇဉ်တွယ်ပြီး နေနေရတဲ့ အက်ဒီအဖို့ကတော့ နှလုံးသွေးပျက်မတတ်ခံစားနေရတာပါ။ မိသားစုဝင်လေးတစ်ယောက်လို မွေးထားတဲ့အတွက် အက်ဒီဟာ ဖြေမဆည်နိုင်အောင် ဖြစ်နေပါတယ်။ ဒါကြောင့် အက်ဒီက ဂျန်နီကို ပြန်ရဖို့အတွက်ဆိုရင် ဘာဖြစ်ဖြစ် အဆုံးရှုံးခံနိုင်တယ်ဆိုပြီး စိတ်ကူးထားပြီး ခွေးပျောက်ရှာဖွေပေးဖို့အတွက် အားလုံးကို အကူအညီတောင်းလိုက်ပါပြီ။

READ
ပစ္စည်းအဟောင်းတန်းက အရုပ်မကို လမ်းလည်ခေါင်မှာလိင်ဆက်ဆံဖို့ကြိုးစားခဲ့သူ

တကယ်လို့ တစ်စုံတစ်ယောက်သာ ဂျန်နီကို သူ့ဆီပြန်ခေါ်လာမယ်သာဆိုရင် အိမ်ခန်းတစ်ခန်းပါတဲ့ သူ့အိမ်ရယ်၊ သူပိုင်ဆိုင်တဲ့မြေနေရာရယ်၊ အလုပ်ရုံလေးရယ်စတဲ့ သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကို အရှုပ်အရှင်းမရှိစေပဲ အလကားပေးမယ်ဆိုပြီးတော့ ကြေညာခဲ့ပါတယ်။ အက်ဒီကတော့ ဂျန်နီကို ပြန်ရှာတွေ့ဖို့ အဆုံးစွန်ထိ သူကြိုးစားမှာဖြစ်ကြောင်းနဲ့ မကြာခင် သူ့သမီးလေးနဲ့ ပြန်ဆုံတွေ့ဖို့ မျှော်လင့်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။

လင်းလင်း (ShweMom)

SHARE