လေယာဉ်နောက်ကျလို့လေဆိပ်ထဲကမော်နီတာကို PS4 နဲ့ချိတ်ပြီးဂိမ်းထိုင်ဆော့ခဲ့သူ

[email protected] Dietz

လေဆိပ်ထဲမှာ လေယာဉ်နောက်ကျလို့ စောင့်ရတဲ့ဒုက္ခကို လေယာဉ်စီးဖူးတဲ့ လူတော်တော်များများကြုံဖူးကြမှာပါ။ တော်တော်စိတ်ဆင်းရဲဖို့ ကောင်းပါတယ်။ နောက်လာမယ့်လေယာဉ်နဲ့သွားရမလား၊ ဒီလေယာဉ်ကိုပဲ စောင့်စီးရမှာလား၊ လေဆိပ်မှာပဲ သောင်တင်နေရမှာလား အစရှိတဲ့ အတွေးတွေနဲ့အတူ လူကတော်တော်ယောက်ယတ်ခတ်ရပါတယ်။ ဒါပေမယ့် အမျိုးသားတစ်ယောက်ကတော့ တော်တော်တည်ငြိမ်တဲ့ပုံပါပဲ။ ဘယ်လောက်တောင်တည်ငြိမ်သလဲဆိုရင် အိတ်ထဲမှာ ပါလာတဲ့ PS4 ဂိမ်းစက်ကိုတောင် လေဆိပ်ထဲက မော်နီတာနဲ့ ပလပ်ထိုးပြီး ထိုင်ဆော့နေပါတယ်။

[email protected] Dietz

အမေရိကန်နိုင်ငံ၊ Oregan မြို့က Portland အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုမှာ အမျိုးသားတစ်ယောက်ဟာ လေယာဉ်ချိန်နောက်ကျလို့ နောက်လေယာဉ်စောင့်နေတဲ့အချိန်မှာ သူ့မှာပါလာတဲ့ PS4 ဂိမ်းစက်ကို လေဆိပ်က မော်နီတာနဲ့ ပလပ်ထိုးပြီး ထိုင်ဆော့နေကြောင်း News 18 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

[email protected]
[email protected]

ဒီအဖြစ်အပျက်ကို တွေ့သွားတဲ့ Stefan Dietz ဆိုတဲ့ အမျိုးသားတစ်ဦးဟာ ဖုန်းဖြင့် မှတ်တမ်းတင်ခဲ့ပြီး သူ့ရဲ့ Twitter အကောင့်မှာ တင်ခဲ့ပါတယ်။ အင်္ကျီ ပန်းရောင်၊ ဘောင်းဘီအနက်ရောင်ဝတ်ဆင်ထားတဲ့ အဆိုပါအမျိုးသားဟာ Apex Legends ဂိမ်းကို သဲကြီးမဲကြီးဆော့နေကြောင်း Times Now သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

“ ကျွန်တော်တွေ့ပါတယ်။ သူကစားနေတော့ အစပိုင်းတော့ဘာမှ မပြောသေးဘူး။ ကြာလာတော့ လေဆိပ်အရာရှိတစ်ဦးက ဆက်မကစားဖို့သွားပြောတယ်။ ပြောမှရမယ်ဗျ။ သူပလပ်ထိုးပြီး ဆော့နေတဲ့ မော်နီတာက လေဆိပ်မြေပုံပြထားတဲ့ LED လေ။ သွားပြောတော့လဲ ဒီတစ်ခန်းပြီးအောင်ဆော့ပါရစေဦးလို့တောင် ခွင့်တောင်းသေးတယ်ဗျ။ ဒါပေမယ့် လေဆိပ်အရာရှိကတော့ ဆက်ဆော့ဖို့ ခွင့်မပြုခဲ့ပါဘူး” လို့ လေဆိပ်မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Kama Simonds က ပြောပြခဲ့ပါတယ်။

READ
သမီးရည်းစားတွေအတွက် စပါယ်ရှယ်မီနူးတစ်ခု ပြင်ဆင်ပေးထားတဲ့ စားသောက်ဆိုင်

Pyi Hein Kyaw

SHARE