လေထီးခုန်ရင်း ဒရမ်တီးပြီး သီချင်းဆိုပြခဲ့တဲ့ ဂီတပညာရှင်

[email protected] ahmetcelikmuzik

အလုပ်တစ်ခုလုပ်နေရင်း အခြားအလုပ်တစ်ခုကို လုပ်ဖို့ဆိုတာ တော်ရုံ မလွယ်ကူပါဘူး။ ဒါပေမယ့် တစ်ချို့လူတွေအတွက်တော့ လွယ်ကူပါတယ်။ ကျိန်းသေတာတစ်ခုကတော့ လေထီးစီးနေရင်းတစ်ခြားအလုပ်တစ်ခုကို လုပ်ဖို့ဆိုတာ တော်ရုံလွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လေထီးခုန်ပြီး လေထဲရောက်နေတဲ့အချိန်ကျရင် အရမ်း စိတ်လှုပ်ရှားရလွန်းလို့ပါပဲ။ အခုလည်း အမျိုးသားတစ်ယောက်ဟာ လေထီးခုန်ချနေတဲ့အချိန်အတွင်း ဒရမ်ကိုလေထဲမှာ အေးအေးဆေးဆေး တီးခဲ့ပြီး သီချင်းလေးတောင်ဆိုညည်းခဲ့သေးကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါအမျိုးသားကတော့ တူရကီနိုင်ငံက Ahmet Celik လို့အမည်ရတဲ့ အမျိုးသားဂီတပညာရှင်ပဲ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်း Ahmet ဟာ လေပေါ်မှာ လေထီးစီးနေရင်းနဲ့ ဒရမ်ကို အေအေးဆေး တီးခဲ့ပြီး သီချင်းတောင် ဆိုခဲ့ပါသေးတယ်။ ဒါ့အပြင် လက်နှစ်ဖက်လုံးကလည်း ဒရမ်ကိုတီးပြကာ လုံးဝအမိုက်စားဖျော်ဖြေခဲ့တာပဲ ဖြစ်ပါတယ်။ Ahmet ဒရမ်တီးနေတဲ့ နေရာဟာ မြေပြင်နဲ့ မီတာ ၆၀၀ အကွာအဝေးရှိတဲ့ လေဟာနယ်ထဲမှာပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်စြဖ် ကြည့်ရှု့သူတော်တော်များများဟာ AHmet ရဲ့ လုပ်ရပ်ကို သဘောလည်းကျသလို လေထဲမှာတီးခတ်နေတာတောင် ဒရမ်းအသံက နားထောင်လို့ကောင်းကြောင်း ဝိုင်းဝန်းချီးကျူးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဇွန်လတုန်းကလည်း အမျိုးသားတစ်ယောက်ဟာ လေထီးခုန်ရင် လေထဲမှာပဲ ဆိုဖာပေါ်ထိုင်ပြီး မုန့်စားကာ တီဗ္ဗီကြည့်ခဲ့ပြပါသေးတယ်။

READ
ကြီးပြင်းခဲ့ရတဲ့ မွေးရပ်ဒေသကိုမမေ့တဲ့ နှလုံးသားလှတဲ့ကစားသမား (သို့) မိုဟာမက်ဆာလာ

https://www.instagram.com/p/CC_yJExB5p_/

Pyi Hein Kyaw

SHARE