Video Call မီတင်လုပ်ရင် အိမ်အကောင်းစားလို့ တစ်ဖက်သားထင်သွားစေမယ့်အကြံ

[email protected] Eckel

အခုချိန်မှာ ဖြစ်ပွားနေတဲ့ COVID-19 ကူးစက်ရောဂါကြောင့် အလုပ်တော်တော်များများမှ ဝန်ထမ်းတွေဟာ အလုပ်လာစရာမလိုပဲ အိမ်ကနေ(Work from home) အလုပ်လုပ်နိုင်နေပြီပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့ အလုပ်ကိစ္စတွေရှိရင်တော့ သက်ဆိုင်ရာ မန်နေဂျာက Video Call ခေါ်ပြီး အလုပ်ကိစ္စကို Online ပေါ်မှာ ဆွေးနွေးလေ့ ရှိပါတယ်။ အခုလည်း အမျိုးသားတစ်ယောက်ဟာ အိမ်ကနေအလုပ်လုပ်နေတုန်း Video Call Meeting မှာ သူ့လုပ်ဖော်ကိုင်ဖက်တွေကို စနောက်ချင်လို့ အိမ်အကောင်းစားပုံစံ နောက်ခံပိတ်ကားချပ်ကို သုံးပြီး စနောက်ခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

This is how I fooled my co-workers on video chat this morning into thinking I live in a luxury apartment. The backdrop…

Posted by Andrew Eckel on Monday, March 16, 2020

အသက် ၃၆ နှစ်အရွယ် Andrew Eckel လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ Software Engineer အဖြစ် Cambridge မြို့ရှိ ကင်ဆာသုတေသနဌာနမှာ လုပ်ကိုင်နေပါတယ်။ Andrew ဟာ နေ့တိုင်းလိုလို အိမ်ကနေ အလုပ်လုပ်ရင်း သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ Video Call Meeting လုပ်လေ့ရှိပါတယ်။ တစ်ရက်မှာတော့ သူဟာ စိတ်ကူးရပြီး သူ့လုပ်ဖော်ကိုင်ဖက်တွေကို နောက်ပြောင်ချင်တာနဲ့ သူ့အိပ်ခန်းရဲ့ နောက်ခံကို အိမ်အကောင်းစားတစ်ခုရဲ့ အိပ်ခန်းပုံစံပါတဲ့ ဓာတ်ပုံကြီးကို Online မှ မှာယူခဲ့ပြီး Video Call Meeting လုပ်တဲ့အချိန်မှာ နောက်ခံအဖြစ်ထားခဲ့ပါတယ်။

READ
ကလေးဘဝတုန်းက မမြင်နိုင်ခဲ့တဲ့ ကစားကွင်းထဲက တစ်မျိုးထင်စရာ အလွဲများ
[email protected] Eckel

Andrew ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ Andrew မျှော်လင့်ထားသလို တော်တော်အံ့သြသင့်သွားပြီး Andrew ဒီလောက်ချမ်းသာတာ သူတို့မသိခဲ့ကြောင်း အံ့သြတကြီးတွေ ပြောဆိုခဲ့ကြပါတယ်။ “ကျွန်တော်ထင်တဲ့အတိုင်းပဲ၊ အလုပ်ကလူတွေက နောက်ခံပုံကြီးကို ကျွန်တော့်ရဲ့ တကယ့်အိပ်ခန်းကြီးထင်ပြီး တအံ့တသြတွေဖြစ်နေတာ။ သူတို့ပြောနေတဲ့အချိန် ကျွန်တော်ရယ်ချင်စိတ်ကို မနည်း ထိန်းထားရတယ်ဗျာ” လို့ Andrew က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE