လက်ထပ်ခွင့်တောင်းတာအငြင်းခံခဲ့ရတဲ့အပြင် လက်စွပ်ပါငါးကန်ထဲပစ်ချခံခဲ့ရတဲ့သူ

Twitter- CEN

တစ်ကယ်တမ်းတော့ ကိုယ်ချစ်တဲ့ အမျိုးသားတစ်ယောက်ဆီကနေ ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခံရဖို့ဆိုတာ အမျိုးသမီးတိုင်းရဲ့ စိတ်ကူးအိမ်မက်ပါပဲ။ ဒီလိုပဲ ယောက်ျားလေးတွေဘက်က ကြည့်မယ်ဆိုလည်း ကိုယ်အိမ်ထောင်တစ်ခုကို တာဝန်ယူနိုင်တဲ့ အချိန်ရောက်လာရင် ကိုယ်မြတ်မြတ်နိုးနိုးချစ်ရတဲ့ မိန်ကလေးတစ်ယောက်ရှေ့မှ ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းဖို့ဆိုတာ ယောက်ျားလေးတိုင်းရဲ့ အိမ်မက်ပါ။

ဒါပေမယ့် အဲဒီလိုလက်ထပ်ခွင့်တောင်းဖို့ဆိုတာ နှစ်ဦးနှစ်ဖက်နားလည်မှုတစ်ခုရထားမှ အဆင်ပြေမှာပါ။ ယောက်ျားလေးဖက်ကသာ တစ်ယောက်တည်း အရမ်းချစ်နေပြီး အချိန်မတိုင်ခင်မှာ လက်ထပ်ခွင့်တောင်းလိုက်မယ်ဆိုရင် နှစ်ဖက်လုံးအတွက် မျက်နှာပျက်စရာတွေ ဖြစ်သွားနိုင်ပါတယ်။

Pixabay-AdinaVoicu

အခုလည်း အဲဒီအတိုင်းပါပဲ။ ကောင်လေးတစ်ယောက်ဟာ သူ့ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းရာမှ ကောင်မလေးက ငြင်းလိုက်တဲ့အပြင် ကောင်လေးလက်ထပ်ခွင့်တောင်းတဲ့ လက်ထပ်လက်စွပ်ကို အနီးအနားရှိ ငါးကန်ထဲကို ပစ်ချလိုက်ကြောင်း Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသားတစ်ယောက်ဟာ ဈေးတစ်ခုထဲမှာ သူ့ချစ်သူကောင်မလေးကို နှစ်ယောက်အတူတူလမ်းလျှောက်နေရင် ရုတ်တရက် ဒူးထောက်ချလိုက်ပြီး လက်ထပ်ခွင့်တောင်းပါတယ်။ အဲဒီအချိန်ထိ ကောင်မလေးဖက်က ဘာမှမတုံ့ပြန်သေးဘဲ အဆိုပါအမျိုးသားကို ငေးကြည့်နေခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသားက လက်ထပ်ခွင့်တောင်းတဲ့ လက်စွပ်လေးကို ဗူးထဲက ထုတ်ပြီး ကောင်မလေးကို ဝတ်ပေးဖို့လုပ်တော့မှ ကောင်မလေးဖက်က ငြင်းဆန်ပြီး ခါးခါးသီးသီးစကားတွေပြောလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကောင်မလေးက လက်ထပ်လက်စွပ်ကို အနီးအနားရှိ ငါးကန်တစ်ခုထဲကို လွှင့်ပစ်ကယာ တစ်ယောက်တည်း ထွက်သွားကြောင်း သိရှိရပါတယ်။

READ
Instagram ပေါ်မှာ Rich Kid အထာဖမ်းနည်းတွေကို ချပြပေးလိုက်တဲ့ကောင်လေး

ဒီလိုနဲ့ အဆိုပါအမျိုးသားဟာ ဝမ်းနည်းပက်လက်ဖြစ်ပြီး ကောင်မလေးလွှင့်ပစ်ခဲ့တဲ့ လက်စွပ်ကို ငါးကန်ထဲမှာရှာဖို့ ငါးဆိုင်ဝန်ခထမ်းဆီက ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ရှာရတာ စိတ်မရှည်ပဲ သူကိုယ်တိုင်ငါးကန်ထဲ ဝင်ထိုင်ကာ ရေငုပ်ပြီး ရှာဖွေပါတော့တယ်။ တွေ့သွားတဲ့အချိန်မှာ လက်စွပ်လေးကိုယူပြီး အတူပါလာတဲ့ သူငယ်ချင်းနဲ့ ဈေးထဲက ထွက်သွားပါတော့တယ်။

Twitter- CEN

Twitter- CENဒီကိစ္စက ဒီမှာတင် မပြီးသေးပါဘူး။ နောက်ဆုံးရတဲ့ သတင်းအရဆိုရင် ငါးဆိုင်က သူဌေးဟာ လက်စွပ်ကို ဆယ်ပေးဖို့ ပစ္စည်းသွားယူနေတဲ့ ဝန်ထမ်းကိုတောင် မစောင့်နိုင်ဘဲ အဝတ်အစားတွေ၊ ဖိနပ်တွေနဲ့ ဆင်းသွားခဲ့တဲ့အတွက် ရဲစခန်းသို့ တိုင်ကြားပြီး အမှုဖွင့်ခဲ့ပါတယ်။ ငါးကန်ထဲက ငါးတွေက ဟင်းစားအတွက် ရောင်းတဲ့ငါးတွေကိုး။ သူကဒီလိုလုပ်လိုက်တော့ ညစ်ပတ်သွားပြီတဲ့လေ။ အဲဒီအမျိုးသားကတော့ လက်ထပ်ခွင့်တောင်းတာ အငြင်းခံခဲ့ရတဲ့အပြင် ငါးကန်အမှုအတွက် တရားရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

READ
သေကြောင်းမကြံခင်မှာ သူငယ်ချင်းဆီ အကြံဉာဏ်ပေး ကူညီခဲ့ဖူးတဲ့ အပြာမင်းသမီးလေး

Pyi Hein Kyaw

SHARE