ထိုင်စရာနေရာတွေကိုပဲ သီးသန့်ရွေးပြီး Review လုပ်တဲ့ ထူးထူးခြားခြား အမျိုးသား

[email protected] ratethisbench

Review လုပ်တယ်ဆိုတာ များသောအားဖြင့် စားသောက်ဆိုင်တို့၊ လည်ပတ်စရာနေရာတို့၊ ဟိုတယ်အဆောက်အအုံတို့ အစရှိတာတွေကို ကောင်းတယ်၊မကောင်းဘူး၊ ဘာလေးကတော့ ဘယ်လိုမျိုးလေးရှိတယ်၊ ဘာလေးကို ဘယ်လိုလုပ်လိုက်ရင် ဘယ်လိုမျိုးလေးတော့ ကောင်းတယ် အစရှိသဖြင့် မှတ်ချက်ပေးလေ့ရှိပါတယ်။ ဒါကို Review လုပ်တယ်လို့ ခေါ်တာပါ။ ဒါမှသာ အဲဒီနေရာကို မရောက်ဖူးတဲ့လူတွေက ကိုယ်ကြိုက်တဲ့ အချက်တွေရှိရင် သွားလိုက်တာတို့၊ မကြိုက်တဲ့ အချက်အလက်တွေပါရင်လည်း အဲဒီနေရာကို မသွားပဲ တစ်ခြားနေရာသွားလိုက်တာတို့ အစရှိတာမျိုးတွေ လုပ်နိုင်တာပါ။ ဒါပေမယ့် အခုပြောပြချင်တဲ့ အမျိုးသားကတော့ ထိုင်စရာနေရာတွေကိုပဲ ရွေးပြီး Review လုပ်လေ့ရှိတဲ့ အမျိုးသားတစ်ယောက်ပဲဖြစ်ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ အမျိုးသားကတော့ အသက် ၂၃ နှစ်အရွယ် Sam Wilmot လို့ အမည်ရတဲ့ အမျိုးသားဖြစ်ပြီး England နိုင်ငံ၊ Bristol မြို့မှာ နေထိုင်သူတစ်ဦး ဖြစ်ပါတယ်။ Sam ဟာ သူ့ရဲ့ Instagram အကောင့်မှာ Rate This Bench လို့ အမည်ရတဲ့ Project တစ်ခုကို သူကိုယ်တိုင် ဦးစီးဦးဆောင်လုပ်ပြီး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ Project ရဲ့ ရည်ရွယ်ချက်ကတော့ ထိုင်စရာနေရာတွေ၊ ခုံတန်းလေးတွေကို Review လုပ်ပြီး သူ့ရဲ့ Instagram အကောင့်မှာ တင်ပေးလေ့ရှိသူတစ်ဦးပဲ ဖြစ်ပါတယ်။

 

အပေါ်က ပုံလေးမှာဆိုရင်လည်း Sam တစ်ယောက် Review ရေးထားတာလေးက တော်တော်လေး မိုက်ပါတယ်။ သူပြောပုံအရဆိုရင် ဒီနေရာက ထိုင်ခုံလေးဟာ လမ်းထောင့်မှာရှိပြီး Lavender ပန်းကြိုက်သူတွေနဲ့ နေကြာပန်းကြိုက်သူတွေအတွက် တော်တော်လေးကို cool ဖြစ်စေမယ့် နေရာလေးဖြစ်ကြောင်း၊ နေကြာပန်းနားမှာလည်း ပျားလေးတွေ တဝီဝီနဲ့ ဝဲနေတာလေးက တော်တော်နားယဉ်ဖို့ ကောင်းကြောင်း၊ မြင်ကွင်းကတော့ သိပ်မကောင်းပေမယ့် ခုံတန်းလေးမှာ ထိုင်ပြီး စိတ်ကူးယဉ်လို့ အင်မတန်ကောင်းကြောင်း အစရှိသဖြင့် Review ပေးခဲ့ကြောင်း သိရပါတယ်။

READ
တစ်ချက်ကြည့်ရုံနဲ့ မလုံလောက်လို့၊ နှစ်ချက်လောက် ဆက်ကြည့်ရမယ့် ဓာတ်ပုံလေးတွေ

 

 

View this post on Instagram

 

They say never work with kids or animals and I can see why. This New Forest Pony decided to get a little closer to the review (swipe right for a surprise). For a place with “Bench” in its title I was expecting to be met with something large or grandeur but it was neither. The hill upon which these benches sit was supposedly the remains of a dragon slain by a Knight called Berkeley, and the Yew trees behind me grew from the Yew bow of the Knight. There were no survivors. And there are no prisoners, the bench was lack lustre and uncomfortable, I didn’t find a plaque nor an arm rest in sight. No curvature and no solid base. Displeasing, 3/10. #ratethisbench #lifesabench #benchlife #bench #boltonsbench #lyndhurst

A post shared by Rate This Bench (@ratethisbench) on

“လူတစ်ယောက်ထိုင်တဲ့ နေရာတွေဆိုတာ အင်မတန်ကို အရေးကြီးပါတယ်။ သာမန်စဉ်းစားကြည့်ရင်တော့ ဘာမှ အရေးမပါဘူးလို့ ထင်ကောင်းထင်ရပေမယ့် သေသေချာချာ စဉ်းစားကြည့်ရင် အရမ်းကို အရေးပါပါတယ်။ ဘဝရဲ့ အမောတွေကို ဒီလို ထိုင်စရာနေရာလေးတွေမှာ ထိုင်ပြီး ကျွန်တော်တို့ အမောဖြေတတ်ကြတယ်၊ စဉ်စားစရာကိစ္စတွေကို ဒီထိုင်စရာနေရာလေးတွေ ထိုင်ပြီး စဉ်းစားခဲ့ဖူးသလို ဒီထိုင်ခုံလေးတွေမှာ ထိုင်ပြီး ဘဝအတွက်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ဖူးပါတယ်။ ဒါ့ကြောင့် ကျွန်တော်အခုလို ထိုင်စရာနေရာလေးတွေကို Review လုပ်နေတာပဲ ဖြစ်ပါတယ်”လို့ Sam က ပြောကြားခဲ့ပါတယ်။

READ
ဗိုက်ဆာနေတဲ့အကြောင်းကို ပီယာနိုတီးပြီး အချက်ပေးလေ့ရှိတဲ့ ကြောင်ကလေး

 


Pyi Hein Kyaw

SHARE