ရေဆင်းပိုက်ထဲကငြီးသံကြားပြီးနောက် အသက်(၃)ချောင်းကယ်တင်ခဲ့တဲ့အမျိုးသား

Youtube/ViralHog

ပြီးခဲ့တဲ့ ဇူလိုင်လ(၁၁) ရက်နေ့တုန်းက ဗီယက်နမ်မြောက်ပိုင်း နမ်ဒင်းမြို့မှာ အံ့အားသင့်ဖွယ် အဖြစ်အပျက်လေးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ ခွေးပေါက်လေး() ကောင်ကို ရေဆင်းပေါက်တစ်ခုကနေ ခက်ခက်ခဲခဲ ကယ်ထုတ်နိုင်ခဲ့တာပါ။ Viral Hog သတင်းမီဒီယာက ဖော်ပြခဲ့တဲ့ ဗီဒီယိုထဲမှာတော့ အမျိုးသားတစ်ဦးဟာ တူ၊ဆောက်စတဲ့ ပစ္စည်းတွေကို အသုံးပြုပြီး ရေဆင်းပေါက်ကို အချိန်အတော်ကြာ ဖဲ့ရွဲ့ကာ ခွေးလေးတွေကို အပြင်ထုတ်ဖို့ ကြိုးပမ်းနေတာကို တွေ့မြင်ရပါတယ်။

youtube/ViralHog

အနက်ရောင် ခွေးပေါက်လေး () ကောင်ဟာ ပိုက်အပြင်ကို ရောက်လာတဲ့အခါမှာတော့ ဖုန်မှူန့်တွေနဲ့ လူးနေပါတယ်။ အမျိုးသားက စိတ်ရှည်လက်ရှည်နဲ့ ဖြည်းဖြည်းချင်းပိုက်ကို ဖောက်ခဲ့တာကြောင့် ခွေးလေးတွေဟာ ဒဏ်ရာအနာတရဖြစ်တာမျိုးတော့ မရှိခဲ့ပါဘူး။

Youtube/ViralHog

ခွေးလေးတွေကတော့ အကူအညီလိုအပ်နေတာကြောင့် တအီအီနဲ့ ညည်းညူနေခဲ့တာလည်း ဖြစ်ပါတယ်။ ထိုအမျိုးသားဟာ ရေဆင်းပေါက်ကို အပေါက်ဖြစ်အောင်လုပ်ကာ ခွေးပေါက်လေးတွေကို အပြင်ထုတ်ခဲ့တာ ဖြစ်ပြီး ဘေးနားမှာ ရပ်ကြည့်နေခဲ့တဲ့ လမ်းသွားလမ်းလာအမျိုးသမီးကတော့ ခွေးလေးတွေကို ဘေးလွတ်ရာဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ ထို အမျိုးသမီးဟာ ရေအပြည့်ထည့်ထားတဲ့ ဇလားကြီးထဲ ဖုန်တွေကပ်နေတဲ့ ခွေးလေးတွေကို ထည့်ကာ ရေချိုးပေးခဲ့ပါသေးတယ်။

Youtube/ViralHog

ခွေးပေါက်လေးတွေကို ကယ်တင်ခဲ့တဲ့ အမျိုးသားကတော့ “.. ကျွန်တော်က ဒီခွေးလေးတွေကို ရေဆင်းပိုက်ထဲက ကယ်ဖြစ်ခဲ့တာပါ။ ခွေးပေါက်လေးတွေ အော်သံကြားတာနဲ့ ဘာများဖြစ်တာလဲဆိုပြီး ပတ်ဝန်းကျင်ကို သွားမေးကြည့်လိုက်တာ။ သူတို့က ခွေးလေးတွေက ရေဆင်းပိုက်နားမှာ ပိတ်နေတာ () ရက်လောက် ရှိနေပြီတဲ့။ ဒီတိုင်းလဲ ဘယ်လိုမှ ထုတ်လို့ အဆင်မပြေတာနဲ့ ပိုက်ကို ဖောက်တူးပြီး ထုတ်လိုက်ရတာ…” လို့ ပြောပြခဲ့ပါတယ်။ ကံကောင်းလှတဲ့ ခွေးပေါက်လေးတွေကတော့ ပိုက်ကို ခက်ခက်ခဲခဲ ဖောက်ထုတ်အပြီးမှာ သုံးကောင်စလုံး အသက်ရှင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE