မီးလောင်နေတဲ့ ကားထဲက ရဲအရာရှိကို အချိန်မှီကယ်တင်နိုင်ခဲ့တဲ့ အမျိုးသား

[email protected]

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်ရှိ Fayette County မြို့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(၂၁၆.၂၀၂၀)တုန်းက ယာဉ်မတော်တဆမှု အကြီးအကျယ်ဖြစ်ခဲ့ပါတယ်။ ရပ်ထားတဲ့ ရဲကားတစ်စီးကို ကားတစ်စီးက လမ်းပြောင်ပြန်ပြန်မောင်းနှင်လာရာမှ အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ခဲ့မိတာပဲ ဖြစ်ပါတယ်။ တိုက်တဲ့အရှိန်က ဘယ်လောက်တောင်ပြင်းသလဲဆိုရင် ရဲကားပါ တိမ်းမှောက်ခဲ့ပြီး ကားတောင်ပေါက်ကွဲခဲ့ပါတယ်။ ရဲကားထဲမှာတော့ ရဲအရာရှိတစ်ယောက်ပိတ်မိနေခဲ့သလို အဆိုပါရဲအရာရှိကို အနားမှာရှိတဲ့ အမျိုးသားတစ်ဦးက ကားမပေါက်ကွဲခင် မီးလောင်နေတဲ့ကားထဲက အချိန်မှီ ဆွဲထုတ်ကာ ကယ်တင်နိုင်ခဲ့ကြောင်း Pittsburgh.cbslocal သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ ရဲအရာရှိကို ကယ်တင်ခဲ့တဲ့ အမျိုးသားရဲ့ နာမည်ကတော့ Daylan McLee လို့ အမည်ရတဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။ အဲဒီနေ့က အဖေများနေ့ဖြစ်တဲ့အတွက်ကြောင့် McLee ဟာ သူ့ရဲ့နေအိမ်မာပဲ မိသားစုနဲ့ ဟင်းချက်ပြီး ပျော်ပျော်ရွှင်ရွှင်နေနေခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ သူဟင်းချက်နေတုန်း အိမ်ရှေ့ကနေ ဝုန်းကနဲဆိုတဲ့ အသံကြီးကို ကြားလိုက်ရပါတယ်။ ဒီလိုနဲ့ အိမ်ရှေ့ထွက်ကြည့်လိုက်တဲ့အချိန်မှာ ရဲကားတစ်စီးဟာ မီးလောင်ပြီး မှောက်နေတာကို တွေ့လိုက်ရသလို ကားထဲမှာလည်း ရဲအရာရှိတစ်ယောက် သတိလစ်နေတာကို တွေ့လိုက်ရပါတယ်။

READ
အေးအေးဆေးဆေး လက်ဖက်ရည်သောက်ရုံနဲ့ ပိုက်ဆံတွေရနေတဲ့သူ
[email protected]

ကားတိုက်ချိန် ဘေးနားမှာရှိနေတဲ့ လူတွေကလည်း ဖုန်းကလေးတွေထုတ်ပြီး ကားမီးလောင်နေတာကို ဗီဒီယိုရိုက်နေတာ တွေ့လိုက်ရပါတယ်။ နောက်ဆုံးမှာတော့ McLee ဟာ မီးလောင်နေတဲ့ ကားထဲက ရဲအရာရှိ Jay Hanley ကို ကိုယ်တိုင်ဝင်ရောက်ကယ်ဆယ်ခဲ့ပြီး ဆေးရုံကားရောက်တဲ့အထိ Jay တစ်ယောက် သတိပြန်ရလာအောင် ပြုစုပေးခဲ့ပါတယ်။ ဆေးရုံကားရောက်လာတဲ့နောက်မှာတော့ McLee တစ်ယောက် အိမ်ထဲကို ပြန်ဝင်လာခဲ့ပါတယ်။ နောက်ဆုံးတော့ အခြားရဲအရာရှိတွေကပါ သူရဲကောင်းဆန်ဆန် တစ်ကိုယ်တော် ဝင်ရောက်ကယ်ဆယ်ခဲ့တဲ့ McLee ကို လိုက်ရှာပြီး ဂုဏ်ပြုခဲ့ပါတယ်။

“ကျွန်တော် လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ခဲ့တာပါပဲ။ အဲဒီအတွက် ဘာမှမလိုပါဘူး။ ဘာမှမလိုချင်လို့လဲ ကျွန်တေယ် ကယ်တင်တင်ပြီးချင်း အဲဒီနေရာက ထွက်ခဲ့တာပါ။ ကျွန်တော် ဘဝကို အေးအေးဆေးဆေးပဲ ဖြတ်သန်းချင်တာပါ။ ဒီလိုနေနေရဲ့သားနဲ့ ကျွန်တော့်ကို လူမှားစွပ်စွဲပြီး ထောင်တစ်နှစ်တောင် ဘာအပြစ်မှ မလုပ်ပဲ မှားယွင်းပြီး ကျခဲ့ရပါသေးတယ်။ အခု ကျွန်တော် ရဲအရာရှိ Jay ကို ကယ်တင်ခဲ့လို့ ဂုဏ်ပြုချင်တယ်၊ ကျေးဇူးဆပ်ချင်တယ်ဆို တရားဥပဒေစိုးမိုးရေးကိုပဲ သမာသမတ်ရှိအောင် လုပ်ပေးပါ။ ရဲတွေက ပြည်သူတွေကို အကြမ်းဖက်တာ ဆန့်ကျင်သလို ပြည်သူတွေက ရဲတွေကိုပြန်ပြီး အကြမ်းဖက်နေတာကိုလည်း ကျွန်တော်မလိုလားပါဘူး” လို့ McLee က ပြောကြားခဲ့ပါတယ်။

READ
ဆိုင်မှာ ကမာကောင်ဟင်းလျာ မှာစားရင်း ထူးခြားအဖြစ်နဲ့ ကြုံခဲ့ရတဲ့ အမျိုးသား

Pyi Hein Kyaw

SHARE