ရာဇ၀တ်သားနဲ့ အမွှာဖြစ်နေလို့ အမြဲတမ်း နောက်ကျောမလုံရပါဘူးဆိုတဲ့ အမျိုးသား

အမျိုးသားတစ်ဦးဟာ ရာဇ၀တ်သားတစ်ယောက်နဲ့ ခွဲမရအောင်တူနေတဲ့ အမွှာဖြစ်နေတာကြောင့် ဘယ်သွားသွား နောက်ကျောမလုံဖြစ်နေရကြောင်း ဆိုလိုက်ပါတယ်။ ထိုအမျိုးသားဟာ အသက်(၄၂) နှစ်အရွယ် အိုဝင်အီဗန်ဆိုသူ ဖြစ်ပါတယ်။ အိုဝင်နဲ့ အမွှာညီအစ်ကို တော်စပ်သူ ဂါဗင်ဟာ ကလေးငယ်တွေအပေါ်မှာ ကာမစိတ်တိမ်းညွတ်မှုတစ်ယောက်ဖြစ်တဲ့ ပီဒီုဖီးလ် တစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာ ဂါဗင်ဟာ ထောင်ဒဏ်ကျခံနေရပြီဖြစ်ပေမယ့် အိုဝင်အတွက်တော့ သူပါ တစ်သက်တစ်ကျွန်းကျသလို ခံစားနေရပါတယ်။

ဂါဗင်ကို ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ အပေါင်းပါအချို့နဲ့အတူ ထောင်ဒဏ်(၄) နှစ် ချမှတ်ခဲ့ပါတယ်။ ဂါဗင်ဟာ အွန်လိုင်းမှာ ငယ်ရွယ်နုနယ်တဲ့ မိန်းကလေးတွေကို လိင်စိတ်ပြင်းထန်စွာ ဖြစ်ပေါ်စေတဲ့ စကားတွေကို ပြောခဲ့ကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် အသက်(၄) နှစ်လောက်အရွယ်ပဲ ရှိသေးတဲ့ လူမမယ်မိန်းကလေးတွေက စလို့ အခြားမိန်းကလေးငယ်တွေရဲ့ မဖွယ်မရာ ဓာတ်ပုံတွေကိုလည်း သိမ်းဆည်းပြီး ဖြန့်ဝေတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

Credit: Media Wales

အိုဝင်ကတော့ သူ့အနေနဲ့ ဂါဗင်ရဲ့ အဖြစ်ကို ကြားရတဲ့အခါ မိသားစုတစ်စုလုံးအနေနဲ့ ဘယ်လိုမှ မယုံကြည်နိုင်ဖြစ်ခဲ့ရကြောင်း ပြောပြပါတယ်။ ပိုဆိုးတာက ဂါဗင်နဲ့ သူနဲ့ဟာ လုံးဝခွဲခြားဖို့ မလွယ်တဲ့အပြင် ကိုယ်လုံးကိုယ်ထည်ရော၊ ရုပ်ရည်ပါ တူနေတာကြောင့် စိတ်ဆင်းရဲနေကြောင်း အိုဝင်က ဆိုပါတယ်။ ဂါဗင်ပြုလုပ်ခဲ့တဲ့ အရိပ်မည်းကြီးဟာ သူ့နောက်ကို လိုက်လျက်ရှိပြီး လူတွေက ဂါဗင်နဲ့ သူ့ကို လူမှားနေကြောင်းလည်း ပြောပြပါတယ်။

READ
(၁၈) နာရီဆက်တိုက် အလုပ်လုပ်ပြီးနောက် သေဆုံးခဲ့တဲ့ ဆရာဝန်
Credit: Media Wales

အိုဝင်က “သူလုပ်ခဲ့တဲ့ ပြစ်မှုက တော်တော်တုန်လှုပ်စရာ ကောင်းပါတယ်။ မိသားစုတစ်စုလုံးကိုတောင် သူက လှည့်ဖြားခဲ့တာပါ။ သူကတော့ ပြစ်မှုတွေကျူးလွန်၊ ပြီးတော့ ထောင်ထဲမှာနေ၊ ကျွန်တော်တို့ကတော့ အပြင်မှာနေပြီး လူတွေရဲ့ အထင်မှားတာ၊ ပြစ်တင်ရှုံ့ချတာကို ခံရမှာ။ သူနဲ့ ရုပ်တူနေတော့ ကျွန်တော့်ဘ၀ကလည်း သွားပြီ။ လူတွေက ကျွန်တော့်ကို သက်ငယ်မုဒိမ်းကောင် ဆိုပြီး သမုတ်ကြမှာ။ သူ့ကြောင့် ကျွန်တော့် တစ်ဘ၀လုံး စိတ်လုံခြုံမှုမရှိပဲ နေသွားရတော့မှာ..” လို့ ၀မ်းနည်းစွာ ဆိုခဲ့ပါတယ်။

လက်တလောမှာတော့ အိုဝင်က သူနဲ့ ဂါဗင်ရဲ့ ဓာတ်ပုံကို အတူယှဉ်တွဲပြပြီး သူဟာ သက်ငယ်မုဒိမ်းသမား တစ်ယောက်မဟုတ်ကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ လိုက်လံရှင်းပြလျက် ရှိနေကြောင်း သိရပါတယ်။ ဂါဗင်ရဲ့ ပြစ်မှုတွေကို သိရပြီးနောက်ပိုင်း အိုဝင်ဟာ အမွှာညီအစ်ကိုဖြစ်သူကို တစ်သက်လုံး စကားမပြောတော့ဖို့ စိတ်ဆုံးဖြတ်ထားတယ်လို့လည်း သိရပါတယ်။

READ
လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တဲ့ ဖခင်ကို သတ်ပစ်ခဲ့ကြတဲ့ ဆယ်ကျော်သက် သမီး(၃)ယောက်

လင်းလင်း (ShweMom)

Ref: ladbible, thesun

SHARE