ပထမဆုံးချိန်းတွေတဲ့နေ့မှာ စားသောက်ပြီး ငွေရှင်းဖို့ ငြင်းဆန်ခဲ့တဲ့ အမျိုးသား

Freepik/Pixabay

အသက်၃၇နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ယောက်ဟာ အဆင့်မရှိတဲ့သူတစ်ယောက်အဖြစ်အစွပ်အစွဲခံနေရပါတယ်။အကြောင်းအရင်းကတော့ သူဟာ ကောင်မလေးနဲ့ ပထမဆုံး စားသောက်ဆိုင်မှာ တွေဖို့ချိန်ပြီး သောက်စရာအအေးတွေကို ဆိုင်ထဲယူဆောင်လာခဲ့ပါတယ်။စားပြီးတဲ့အချိန် ပိုက်ဆံရှင်းဖို့ကျတော့ အစားစာတွေဟာ အရမ်းဈေးကြီးလို့ ပိုက်ဆံမရှင်းနိုင်ကြောင်း ငြင်းဆိုခဲ့လို့ပဲ ဖြစ်ပါတယ်။

Shutterstock/leungchopan

ZaoBaoသတင်းဌာနရဲ့ ဖော်ပြချက်အရ Wang Zhiweiဆိုတဲ့ စင်ကာပူအမျိုးသားတစ်ယောက်ဟာ ဒီဇင်ဘာ၁၁ရင်နေ့မှာ ဖူးစာရှာဖွေတဲ့ အေဂျင်စီကုမ္ပဏီတစ်ခုကို ဆက်သွယ်ခဲ့ပြီး သူနဲ့ လိုက်ဖက်တဲ့ အမျိုးသမီးကို ရှာဖွေပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ဒီဇင်ဘာ၂၉ရက်နေ့မှာ အေဂျင်စီဘက်ကနေ Wangနဲ့ လိုက်ဖက်တဲ့ အမျိုးသမီး ရှာတွေ့ပြီဖြစ်ကြောင်း Wangကိုလှမ်းအကြောင်းကြားကာ ကျသင့်ငွေ ဒေါ်လာ၅၀ကို Wangဆီကနေ တောင်းခံခဲ့ပါတယ်။Wangကလဲ ကြည်ကြည်ဖြူဖြူပေးခဲ့ပါတယ်။

Shutterstock/elpais

ဒါပေမယ့် စားသောက်ဆိုင်ကို Wangရောက်သွားတဲ့အချိန်မှာ တစ်ဖက်အမျိုးသမီးဟာ ချိန်းတွေ့တာထက် နေ့လည်စာထမင်းတစ်နပ်ကို စားဖို့ပိုအာရုံရောက်နေကြောင်း သတိထားခဲ့မိပါတယ်။ဒါ့ကြောင့်လည်း Wangဟာ နေ့လည်စာစားပြီး ဘေလ်ရှင်းခါနီးမှာ ကျသင့်ငွေကို ရှင်းဖို့ ငြင်းဆန်ခဲ့တာလို့ သိရှိရပါတယ်။Wangကတော့ ဒီအအျိုးသမီးဟာ အေဂျင်စီနဲ့ပေါင်းပြီး နေ့လည်စာစားဖို့ ညာနေတာဖြစ်ကြောင်း ZaoBaoသတင်းဌာနရဲ့ ဖော်ပြချက်အရသိရှိရပါတယ်။

READ
လက်သံပြောင်တဲ့ သားအမိကြောင့် ဆေးရုံရောက်သွားတဲ့ ဓားပြကြီး
Shutterstock/paulaphoto

ZaoBaoသတင်းဌာနဟာ အေဂျင်စီဖက်က လွှတ်ပေးလိုက်တဲ့ အမျိုးသမီးကို ထပ်မံသွားရောက်အင်တာဗျူးတဲ့အချိန်မှာတော့ Wangဟာ စားသောက်ဆိုင်ရောက်ရောက်ချင်းကတည်းက သူမကို ခြေအစခေါင်းအဆုံးတောက်လျှောက်မနားတမ်းစိုက်ကြည့်နေတယ်လို့ သိရပါတယ်။နေ့လည်စာစားပြီး ဘေလ်ရှင်းတဲ့အချိန်ကျတော့ cocktailတစ်ခွက်ဟာ ၁၅ဒေါ်လာကျသင့်တာ အျားတာကြောင့် အအေးနှစ်ဘူးကို အိတ်ထဲကထုတ်ပြီး “ဒါပဲသောက်ရအောင်”လို့ ပြောခဲ့ပါတယ်။အဲဒီလို အပြုအမူတွေဟာ သူမကို ဂုဏ်သိက္ခာအလွန်ကျဆင်းစေတာကြောင့် Wangကို ဆူပူပြီး တစ်ယောက်တည်း ဆိုင်မှာ ထားခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။

Pyi Hein Kyaw

SHARE