မလေးရှားက တော့ မြန်မာနိုင်ငံနဲ့ လည်း မစိမ်းတဲ့ နိုင်ငံ တစ်နိုင်ငံပါ။မလေးမှာ အလုပ်သွားလုပ် တဲ့ မြန်မာ လုပ် သားတွေ အများကြီး ပါ။မ လေးရှား နိုင်ငံရဲ့ အလှ အပ တွေကို ဓါတ်ပုံဆရာ တစ်ယောက် က နေ ထူးခြား တဲ့ ပုံစံ မျိုးနဲ့ ဖော်ပြခဲ့ပါတယ်။အဲ့ဒါ က တော့ LED Light နဲ့ ဖော်ပြ ခဲ့တာပါ။Patrick Teow က တော့ ကွာ လာ လမ်ပူ အ ခြေစိုက် ဓါတ်ပုံဆ ရာ တစ်ယောက်ပါ။ဒီအ ကြောင်းကိုတော့ worldofbuz မှာ ဖော်ြ ပထားတာပါ။
Patrick Teow မှာ တော့ ကိုယ်ပိုင် Instagram အ ကောင့်ရှိပါတယ်။သူ့ အ ကောင့်မှာလည်းမ လေးရှားရဲ့ အလှ အပ တွေကို ရိုက်ကူးထားတဲ့ အမိုက်စား ပုံတွေကို အများကြီး ဝေမျှ ထားပါတယ်။ Patrick က တော့ ဗိသုကာ လက်ရာ တွေနဲ့ interior photography ကို အဓိက အ လေးထား လုပ်ေ န တဲ့ သူပါ။
Patrick က တော့ ခေတ် ဟောင်းကွာလာလမ်ပူနဲ့ ခေတ် သစ် ကွာလာလမ် ပူကို ပြ ချင်တာက သူ့ဆန္ဒ လို့ ပြောခဲ့ပါတယ်။မ လေးရှားနိုင်ငံကြီးရဲ့ မွေးနေ့ ကို ကျင်းပတဲ့ အ နေနဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ် ရပ်တည် လာတာ ဘယ်လောက် ကြာ နေပြီလဲ ဆိုတာကို ပြန်လည် အမှတ်ရ စေချင်တာက သူ့ရဲ့ ဆန္ဒပါ။ဓါတ်ပုံ ရိုက်တဲ့ အခါ မှာတော့ light painting stick ၊ကင်မရာ နဲ့ တခြား လိုအပ်တဲ့ ပစ္စည်းတွေရဲ့ အကူအညီကို ယူပြီး ရိုက်တာပါ။
ကွာလာလမ်ပူမြို့ရဲ့ လမ်းတွေ ပေါ်မှာ နေရာယူ ပြီး အမိုက်စားပုံတွေကို သူများနဲ့ မတူ တ မူ ထူးခြားတဲ့ ပုံစံ မျိုး နဲ့ ရိုက်တာပါ။လက်ရှိ ကမ္ဘာတစ်ဝန်းမှာ ဖြစ် ပေါ် နေတဲ့ ကိုဗစ် ကပ် ဘေးက မ လေးရှားနိုင်ငံ အ ပေါ် ဘယ်လို သက် ရောက်မှု တွေရှိလဲ လို့ မေးတဲ့ အခါ မှာတော့ Patrick က “ အ ကောင်းဘက်က ကြည့်ရင် တော့ ကိုဗစ် ကာလ ထုတ်ထားတဲ့ စည်းကမ်းတွေ ကြောင့် ဒီလို ဖန်တီးမှု ရှိတဲ့ ဓါတ်ပုံလက်ရာ မျိုးတွေကို ဖန်တီး ဖြစ်ခဲ့တာ လို့ ဆိုပါတယ်။အဆိုးဘက်က ကြည့်ရင် တော့ ဒီကပ် ဘေး ကြောင့် အခု အချိန်မှာ ၀င်ငွေ နည်းပါး နေ ရတယ်.” လို့ ပြောခဲ့ပါတယ်။
ကိုဗစ်က တော့ လူတွေ အတွက် စိန်ခေါ် မှုကြီး တစ်ခု ဖြစ် ကြောင်း၊ကိုဗစ်ကြောင့် ပြည်ပ ခရီး မထွက် ရ တော့ပဲ အမိ မြေ မှာပဲ နေ ဖြစ် တော့ အမိ မြေ မှာ အချိန် ပို ပေးပြီး နေ ဖြစ်တယ်၊ အလှအပ တွေကို လည်း ပို မြင်လာ နိုင်တယ်လို့ ပြောခဲ့ပါတယ်။