အိမ်နီးချင်းတွေရဲ့ဖိနပ်တွေကို (၂) နှစ်နီးပါး တောက်လျှောက် ခိုးယူနေခဲ့တဲ့ အမျိုးသား

Pixabay-nutraveller

သူခိုးဆိုတာ များသောအားဖြင့် တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူလေ့ရှိတာပါ။ သူခိုးတော်တော်များများကတော့ အိမ်ကို ဖောက်ထွင်းဝင်ခိုးတဲ့ သူခိုးတွေလည်း ရှိသလို တစ်ချို့သူခိုးတွေကျတော့လည်း လူလစ်ပြီဆိုတာနဲ့ ရတာကို ခိုးတတ်ကြပါတယ်။ အခုပြောပြချင်တဲ့ သူခိုးကတော့ တော်တော်ထူးဆန်းပါတယ်။ အဲဒီသူခိုးဟာ ၂ နှစ်နီးပါး အိမ်နီးချင်းတေါရဲ့ ဖိနပ်ကို ခိုးထားလေ့ရှိပြီး အဲဒီဖိနပ်တွေနဲ့ မဖွယ်မရာတွေ ပြုလုပ်လေ့ရှိကြောင်း Metro News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ထိုင်းနိုင်ငံ၊ Nonthaburi ဒေသမှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် Theerapat Klaiya လို့ အမည်ရတဲ့ အမျိုးသားဟာ အိမ်နီးချင်းတွေရဲ့ ဖိနပ်ပေါင်းစုံကို လူလစ်တဲ့အချိန်တိုင်းခိုးယူခဲ့တာ အခုဆိုရင်တော့ ၂ နှစ်နီးပါးရှိနေခဲ့ပြီ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အိမ်တစ်အိမ်ရဲ့ CCTV ကနေတစ်ဆင့် Klaiya ဖိနပ်ခိုးနေတဲ့ ဗီဒီယိုကို တွေ့သွားပြီး ရဲစခန်းသို့ တိုင်ကြားခဲ့ပါတယ်။

READ
အပြာမင်းသမီး လုပ်တော့မယ်လို့ ကြေညာခဲ့တဲ့ ဒါရိုက်တာစတီဗင်စပီးဘတ်ရဲ့ သမီး
Pixabay/Rubbah

ရဲတွေရောက်လာတဲ့အချိန် Klaiya အိမ်ကို ဝင်ရောက်ရှာဖွေတဲ့အချိန်မှာတော့ Klaiya ကို ခိုးရာပါ ဖိနပ်ပေါင်း ၁၂၆ ရံနဲ့ လက်ရဖမ်းဆီးခဲ့ပါတယ်။ ဒါ့ကြောင့် ဖိနပ်သူခိုး Klaiya ကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ရင်းရဲ့ စစ်ဆေးမေးမြန်းတဲ့အခါမှာတော့ Klaiya ရဲ့ ဖြောင့်ချက်ကြောင့် ရဲတွေ မျက်လုံးပါပြူးခဲ့ရပါတယ်။ အဲဒါကတော့ Klaiya ဟာ ခိုးလာတဲ့ဖိနပ်တွေကို နမ်းရှုံ့ပြီး စိတ်အာသာဖြေတတ်တဲ့လူတစ်ယောက် ဖြစ်နေတာပါပဲ။

“ကျွန်တော့်ရဲလုပ်လာတဲ့ သက်တမ်းတစ်လျှောက် ဒီလိုလူကို တစ်ခါမှ မဖမ်းခဲ့ရဖူးပါဘူး။ အခုမှ ဒီလိုလူမျိုးကို ပထမဦးဆုံး စတွေ့ဖူးတာပါ။ စောစောဖမ်းနိုင်ခဲ့တာ တော်ပါသေးတယ်။ မဟုတ်ရင် သူ့ရဲ့လုပ်ရပ်ကြောင့် ပတ်ဝန်းကျင်က လူတွေ အတော်လေး စိတ်ကသိကအောင့် ဖြစ်ခဲ့ရပါတယ်။ အခုလက်ရှိတော့ တရားဥပဒေအရပဲ ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ ရဲအရာရှိ Colonel Ekkaphop Praistwattanachai က ပြောကြားခဲ့ပါတယ်။

READ
ရှော့ပင်းစင်တာက စက်လှေကားပေါက်ထဲ ခြေကျွံကျခဲ့တဲ့ ကလေးမလေးရဲ့ ရင်ထိတ်ဖွယ်အဖြစ်

Pyi Hein Kyaw

SHARE