ချစ်သူကိုလက်မထပ်ချင်လို့ CCTV ရှေ့မှာ ပစ္စည်းခိုးပြီး အဖမ်းခံခဲ့တဲ့အမျိုးသား

Asia Wire

လက်ထပ်တယ်ဆိုတာ နှစ်ဦးသဘောတူမှ အဆင်ပြေပြီး အိမ်ထောင်ရေးက သာယာတာပါ။ ဒါတောင် နှစ်ဖက်ဆွေမျိုးအသိုင်းအဝိုင်း ပနံသင့်ဖို့၊ နေစရာအိမ်ရှိဖို့၊ သားသမီးတွေမွေးလာရင် ပြုစုပျိုးထောင်ပေးဖို့တွေ အစရှိတဲ့ ကိစ္စတွေက အများကြီးပါ။ ဒါကိုသိထားတဲ့ အမျိုးသားတစ်ယောက်ဟာ လက်ထပ်ဖို့ အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာပဲ ချစ်သူကောင်မလေးက သူမကိုလက်ထပ်ယူဖို့ ဖိအားပေးဖြင်းကို ခံခဲ့ရပါတယ်။ ဒါနဲ့အမျိုးသားလည်း ကြံရာမရဖြစ်ပြီး ကောင်မလေးစိတ်ပျက်အောင် ပစ္စည်းခိုးကာ အဖမ်းခံခဲ့ပါတယ်။

Weibo

Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ တရုတ်နိုင်ငံမှ Mr Chen လို့ အမည်ရတဲ့ အမျိုးသားဟာ သူ့ကောင်မလေးကို တကယ်မချစ်ဘူးလို့ ခံစားနေရတဲ့ အချိန်မှာပဲ သူ့ကောင်မလေးက သူမကို လက်ထပ်ဖို့ Mr Chen ကို ဖွင့်ပြောလာခဲ့ပါတယ်။ Chen ကလည်း လက်ထပ်ဖို့ဆိုတာ စောသေးကြောင်း၊ သူ့ဘက်က ဘာမှ အဆင်သင့်မဖြစ်သေးကြောင်း ကောင်မလေး နားလည်အောင် ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် ကောင်မလေးက နားမ၀င်ခဲ့ပါဘူး။ သူမကို လက်ထပ်ယူဖို့ပဲ တောက်လျှောက်ဖိအားပေးခဲ့ပါတယ်။

READ
နှစ်ပေါင်းရာနဲ့ချီမှ ကြုံတွေ့ရနိုင်တဲ့ ထူးခြားလ,ဖြစ်စဉ်ကို မနက်ဖြန်ညတွင် တွေ့မြင်ရမည်
Weibo

နောက်ဆုံးတော့ Chen ဟာ ကောင်မလေးသာ သူ့ကိုအထင်သေးသွားရင် သူ့ကို လက်မထပ်ချင်တော့မှန်း စဉ်းစားခဲ့မိတယ်။ အကောင်းဆုံးကတော့ သူ့ကို သူ့ကောင်မလေးဟာ သူခိုးတစ်ယောက်အဖြစ်ထင်သွားခဲ့ရင် လက်မထပ်ချင်လောက်တော့ဘူးလို့ ထင်ခဲ့ပါသတဲ့။ ဒါနဲ့ပဲ အဝင်အထွက်လွယ်လှတဲ့ Huashan လမ်းမကြီးပေါ်က အကခန်းမထဲရှိ Bluetooth Speaker တစ်လုံးကို ၀င်ရောက်ခိုးယူခဲ့ပါတော့တယ်။ ခိုးပြီးပြီးချင်းမကြာခင်မှာပဲ ရဲတွေရောက်ရှိလာပြီး Chen ကို အလွယ်တကူဖမ်းဆီးခဲ့ရကြောင်း Lad Bible သတင်းဌာနရဲ့ တင်ပြချက်အရ သိရပါတယ်။ CCTV ထဲ Chen ဟာ သူခိုးတယ်ဆိုတာ မပေါ်ပေါ်အောင် လုပ်နေခဲ့တာလေ။

Weibo

ဒါပေမယ့် ရဲတွေဟာ Chen ဆီက ဖြောင့်ချက်ရတဲ့အချိန်မှာ ကိုယ့်နားကိုယ်မယုံနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်။ “Chen ဟာတော်တောထူးဆန်းတယ်ဗျ။ သူခိုးတဲ့ Bluetooth Speaker က ဒေါ်လာ၂၀၀ ကျော်လေးပဲရှိတယ်။ အဓိကက သူခိုးတာ တမင်အဖမ်းခံချင်လိုတဲ့ဗျာ။ သူ့ကောင်မလေးက သူ့ကို သူခိုးလို့ ထင်ပြီး တမင်လက်မထပ်ချင်အောင်တဲ့ဗျာ။ ဘာပဲဖြစ်ဖြစ်ကျွှန်တော်တို့က ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်သွားမှာပါ” လို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။ နှစ်သစ်မှာ အဖမ်းခံလိုက်တဲ့ Chen ပါပဲ။

READ
ချစ်သူနဲ့ အတူနေပြီးမှ မိန်းမ မဟုတ်မှန်းသိတဲ့အခါ ဓားနဲ့(119)ချက် ထိုးသတ်ခဲ့တဲ့ အမျိုးသား

အမျိုးသားတို့ရေ ဒီလိုထွက်ပေါက်တော့ မရှာကြပါနဲ့နော်။

Pyi Hein Kyaw

SHARE