မိန်းမဖြစ်သူရဲ့ မွေးနေ့မှာ ရိုမန်တစ်ဆန်လွန်းတဲ့ လက်ဆောင်ကို ပေးခဲ့တဲ့ အမျိုးသား

[email protected]

ယောက်ျားလေးတိုင်းဟာ သူ့ချစ်သူကောင်မလေးတွေရဲ့ မွေးနေ့ရောက်ရင် လက်ဆောင်ပစ္စည်းပေးပြီး surprise လုပ်လေ့ရှိပါတယ်။ တော်တော်များများကတော့ တန်ဖိုးကြီးလက်ဆောင်တွေ ဝယ်ပေးတာတို့၊ စားသောက်ဆိုင်အကောင်းစားတွေမှာ ညစာသွားစားတာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒီလိုရုပ်ဝတ္တုပစ္စည်းတွေ၊ တန်ဖိုးကြီးတာတွေပေးတာတွေက တစ်ဖက်ကောင်မလေးအတွက်ပျော်ရွှင်ဖို့ကောင်းပေမယ့်လည်း ကြာလာရင် ရိုးသွားတတ်ပါတယ်။ အဲဒါကြောင့် ဒီလိုတန်ဖိုးကြီးတာတွေ ဝယ်ပေးမယ့်အစား အပြောင်းအလဲလေးအနေနဲ့ ရိုမန်တစ်ဆန်ဆန်ခံစားမှုမျိုးကို ကောင်မလေးမွေးနေ့မှာ လက်ဆောင်အဖြစ် မပေးချင်ကြဘူးလား။

ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း ခင်ပွန်းဖြစ်သူ Dan White ဟာ သူ့ဇနီးရဲ့ မွေးနေ့မှာ ရိုမန်တစ်ဆန်ဆန် စိတ်ခံစားချက်တစ်ခုကို မွေးနေ့လက်ဆောင်အဖြစ် ပေးသွားခဲ့ပါတယ်။ အပြင်ကပြန်လာတဲ့ ဇနီးသည်ဟာ အိမ်ပြန်ရောက်တဲ့အချိန် တစ်ခုခုထူးခြားနေတယ်ဆိုတာ သိသိချင်း ကင်မရာကို ထုတ်ပြီး မှတ်တမ်းတင်ခဲ့ပါတယ်။ အဆိုပါအမျိုးသမီး ဖြစ်တာလာတဲ့ ကော်ရစ်ဒါတောက်လျှောက်မှာလည်း နှင်းဆီပန်းဖတ်တွေနဲ့ ပန်းခင်းလမ်းလိုပါပဲ။

READ
ကြံကြံဖန်ဖန် ကားနဲ့ချစ်ကြိုက်နေတဲ့ အမျိုးသား
[email protected]

အခန်းထဲရောက်တဲ့အချိန်မှာတော့ ခင်ပွန်းဖြစ်သူဟာ အခန်းထဲမှာ ဂစ်တာလေးတစ်လုံးကိုင်ကာ ဇနီးသည်ဝင်အလာကို စောင့်နေပါတယ်။ အခန်းထဲက ကုတင်ပေါ်မှာလည်း နှင်းဆီပန်းဖတ်တွေ အပြည့်ပါပဲ။ ဇနီးသည် အခန်းထဲဝင်လာတာနဲ့ တစ်ပြိုင်နက် အမျိုးသားဖြစ်သူဟာ ဂစ်တာလက်ကွက်တစ်ခုကိုပုံဖော်ရင်း သံစဉ်တစ်ခုကို တီးနေပါတယ်။ သံစဉ်အဆုံးမှတြော့ ခင်ပွန်းဖြစ်သူဟာ သူ့အမျိုးသမီးကို “Happy Birthday. I love you” လို့ ပြောခဲ့ပါတယ်။ တကယ်ကို ရိုမန်တစ်ဆန်လွန်းလှတဲ့ အခိုက်အတန့်လေးတစ်ခုပါပဲ။

Dan ရဲ့ ဇနီးဖြစ်သူဟာ ဂစ်တာတီးပြီး သီချင်းဆိုတာကို အလွန်နှစ်သက်သူ ဖြစ်ပေမယ့် Dan ဟာ ဂစ်တာလုံးဝ မတီးတတ်ပါဘူး။ အဲ့ဒါကြောင့် ဇနီးသည် မသိအောင် (၁၁)လတိတိ ဂစ်တာတီး လေ့ကျင့်ခဲ့ပြီး အခုလိုမျိုး ရိုမန်တစ်ဆန်ဆန် လက်ဆောင် ပေးနိုင်အောင် ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။

[email protected]

Pyi Hein Kyaw

SHARE