ကျွဲရိုင်းကြီးကို အဆင်ခြင်ကင်းစွာ ပွတ်သတ်ကျီစယ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား

Youtube/Earl Hughes

Yellowstone အမျိုးသားဥယျာဉ်မှာ ရိုက်ယူခဲ့တဲ့ ဗီဒီယိုတစ်ခုအရ အမျိုးသားတစ်ဦးဟာ မကြောက်မရွံ့နဲ့ ကျွဲရိုင်းကြီးတစ်ကောင်ကို ပွတ်သပ်ခဲ့ကြောင်း Insider သတင်းအရ သိရပါတယ်။ ဗီဒီယိုထဲမှာတော့ အမျိုးသားတစ်ဦးဟာ မိုက်မဲလှစွာနဲ့ အရိုင်းတိရစ္ဆာန်ကျွဲရိုင်းကြီးကို ထိကိုင်ခဲ့တာ ဖြစ်ပါတယ်။ အမှန်တော့ အမျိုးသားဥယျာဉ်ထဲမှာ တောရိုင်းတိရစ္ဆာန်တွေကို မကိုင်တွယ် မထိတွေ့ရဘူးလို့ စည်းကမ်းထုတ်ထားခဲ့ပေမယ့်လည်း ထိုသူဟာ စည်းကမ်းချိုးဖောက်ခဲ့တာပါ။

Youtube/Earl Hughes

အမျိုးသားဥယျာဉ်ကတော့ “အဲ့ဒီအမျိုးသားဟာ သူ့ကိုယ်သူတင်မဟုတ်ပါဘူး။ တခြားသူတွေကိုပါ ဘေးဒုက္ခရောက်အောင် လုပ်နေတာ။ ဥယျာဉ်လာ ဧည့်သည်တွေအနေနဲ့ ဒီလိုမျိုး မလုပ်ကြဖို့ကို  စည်းကမ်းချထားပြီးသားပါ…” လို့ ဆိုပါတယ်။

ဥယျာဉ်အရာရှိတွေကတော့ သူတို့ဟာ လက်ရှိမှာ ၄င်းအဖြစ်အပျက်နဲ့ပတ်သက်ပြီး သက်ဆိုင်သူကို အရေးယူဖို့ရန် စုံစမ်းလျက်ရှိနေပါတယ်။ ထိုသူဟာ ပထမအကြိမ်မှာ ကျွဲရိုင်းကို လက်နဲ့ တစ်ကြိမ်ပွတ်သပ်ခဲ့ပါတယ်။ နောက်တစ်ကြိမ် ကျွဲရိုင်းကို ပွတ်သပ်မယ်အလုပ်မှာတော့ ကျွဲရိုင်းဟာ နောက်ကို ပြန်ဆုတ်သွားခဲ့ပါတယ်။ ထိုသူဟာလည်း ချက်ခြင်းပဲ တွန့်သွားကာ လက်ကိုပြန်ရုတ်ခဲ့ပါတယ်။ ၄င်းအမျိုးသားဟာ လူတွေဝိုင်းအုံကြည့်နေတဲ့ လူအုပ်ကြီးအလယ်မှာမှ ကျွဲရိုင်းကြီးကို သွားကိုင်ခဲ့တာ ဖြစ်ပါတယ်။

READ
အဆော့သန်ပြီးဆိုးသွမ်းတဲ့ကလေးတွေကို သဲအိတ်အင်္ကျီဝတ်ဆင်ခိုင်းမယ့် ဂျာမနီကျောင်းများ
Youtube/Earl Hughes

အမျိုးသားဥယျာဉ်က ကျွဲရိုင်းတွေနဲ့ အနည်းဆုံး (၂၅) ကိုက်အကွာကနေ နေသင့်တယ်လို့ အကြံပေးထားသလို တိရစ္ဆာန်တွေဟာ အရိုင်းသတ္တ၀ါတွေဖြစ်တာကြောင့် စိတ်မထင်ရင် မထင်သလို ရန်ပြုနိုင်ကြောင်းပါ ပြောထားခဲ့တာပါ။ လူတွေအနေနဲ့ တိရစ္ဆာန်တွေကို အန္တရာယ်ကင်းကင်းနဲ့ ကြည့်ချင်ရင်တော့ ကားထဲကနေသာ ကြည့်သင့်ကြောင်း အမျိုးသားဥယျာဉ်က သတိပေးထားပါတယ်။

အရိုင်းတိရစ္ဆာန်တွေနားကို ဆင်ခြင်ဥာဏ်မရှိစွာနဲ့ နီးနီးကပ်ကပ် ချဉ်းကပ်သွားတာဟာ အသက်အန္တရာယ်စိုးရိမ်စရာကောင်းပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း ဥယျာဉ်ထဲမှာ ကျွဲရိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ (၂) ဦးရှိခဲ့သလို  သီအိုဒိုရုစဗဲ့အမျိုးသားဥယျာဉ်ကိုအလည်လာတဲ့ (၁၇) နှစ်သားလေးတစ်ဦးဟာလည်း ကျွဲအကော်ခံခဲ့ရပါသေးကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE