FBI ရဲ့ ဖမ်းဆီးမှုက လွတ်အောင် အက်ရှင်ဇာတ်ကားဆန်ဆန် ထွက်ပြေးခဲ့တဲ့ တရားခံ

Pixabay-4711018

အက်ရှင်ဇာတ်ကားတွေဆိုတာ ဘယ်သောအါမှ မရိုးနိုင်တဲ့ ရုပ်ရှင်အမျိုးအစားတစ်ခု ဖြစ်သလို ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများဟာလည်း အက်ရှင်ဇာတ်ကားတွေကို ကြိုက်နှစ်သက်ကြပါတယ်။ လူတော်တ်ေတော်များကတော့ အက်ရှင်ဇာတ်ကားတွေထဲမှာပါတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေဟာ ပြင်ပလက်တွေ့လောကမှာ မဖြစ်နိုင်ဘူးလို့ ထင်နေကြမှာပါပဲ။ ဒါပေမယ့် အခုပြောပြချင်တဲ့ အဖြစ်အပျက်တစ်ခုကတော့ တစ်ကယ့်လက်တွေ့လောကမှာ ဖြစ်ပျက်ခဲ့တဲ့ အက်ရှင်ဆန်ဆန် ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ တရားခံအမျိုးသားတစ်ယောာက်ဟာ FBI လက်ထဲကနေ အက်ရှင်ဇာတ်ကားဆန်ဆန် ထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့်ပဲဖြစ်ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-brianscotland0

အဆိုပါ အမျိုးသားကတော့ အသက် ၄၄ နှစ်အရွယ် Matthew Piercey အမည်ရ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Matthew ဟာ ငွေကြေးလိမ်လည်မှုတော်တော်များများနဲ့ ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ဝရမ်းပြေးတရားခံတစ်ယောက်ဖြစ်ပါတယ်။ Matthew တစ်ယောက် လိမ်လည်ခဲ့တဲ့ ငွေကြေးပမာဏဟာ အမေရိကန်ဒေါ်လာ ၃၅ သန်းအထက်မှာတောင် ရှိပါတယ်။ ဒီလိုနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့(၁၆.၁၁.၂၀၂၀)တုန်းက Matthew ကို FBI ရဲတပ်ဖွဲ့က California ပြည်နယ်ရှိ Redding မြိုကမှာ ခြေရာခံမိပြီး ဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် Matther တစ်ယောက်ဟာ သူ့ကားနဲ့ ထွက်ပြေးခဲ့တာကြောင့် FBI ရဲတပ်ဖွဲ့ဟာ Matthew ကားနောက်ကနေ တရကြမ်းလိုက်မောင်းပြီး ဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်။

READ
၇ ရက်ဆက်တိုက် မနားတမ်းဖုန်းသုံးမိလို့ တစ်ဘဝစာ သင်ခန်းစာ ရသွားခဲ့တဲ့ အမျိုးသမီး
U.S. DISTRICT COURT

ဒီလိုနဲ့ Matthew တစ်ယောက်ဟာ Lake Shasta ရေကန်ကြီးနားအရောက်မှာ ကားကိုရပ်ခဲ့ပြီး ကားပေါ်ကနေ ပစ္စည်းတစ်ခုယူပြီး ရေထဲ ခုန်ဆင်းသွားခဲ့ပါတယ်။ အမှန်ကတော့ Matthew ယူသွားတဲ့ ပစ္စည်းဆိုတာ ရေအောက်ထဲမှာ မောင်းနိုင်တဲ့ ရေအောက် Scooter ပဲ ဖြစ်ပါတယ်။ “ကျွန်တော်တို့တောင် ရုတ်တရက်ကြောင်သွားခဲ့ပါတယ်။ ရေကန်ကြီးက အကျယ်ကြီးနဲ့ အနက်ကြီးဆိုတော့ ထွက်ပြေးသွားတာလား ဒါမှမဟုတ် အဖမ်းမခံချင်လို့ ကိုယ့်ကိုယ်ကိုများ သတ်သေသွားတာလို့ ထင်ခဲ့တာ။

အဲဒီနောက်မှ ကျွန်တော်တို့တွေ ရေကန်ပတ်ပတ်လည်ကို ပိုက်စိတိုက် လိုက်ရှာတော့ ထူးဆန်းတာတစ်ခု တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ ရေအောက်ထဲကနေ ပူစီဖောင်းသေးသေးလေးတွေဟာထွက်ပြီး အကောက်တစ်ကောင်က ရေအောက်ထဲမှာ ကူးခပ်သွားလာနေတဲ့ပုံပါပဲ။ နောက်ဆုံးမှာ ရေအောက်ထဲကို သေချာဆင်းကြည့်ပြီး စစ်ဆေးမှ Matthew က ရေအောက် Scooter နဲ့ ရေအောက်ထဲကနေ ထွက်ပြေးဖို့ကြိုးစားနေတာပါပဲ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ ကျွန်တော်တို့သူ့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်”လို့ FBI ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ FBI ရဲအရာရှိတွေဟာ ရေကန်အောက်မှာ Scooter နဲ့ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ Matthew ကို ဖမ်းဆီးဖို့ မိနစ်(၃၀)ကျော်ကြာ ကြိုးစားခဲ့ရတယ်လို့လည်း သိရပါတယ်။

READ
လူသားအလုပ်သမားတွေနေရာမှာ စက်တွေအစားထိုးမှုကို ဆန့်ကျင်နေတဲ့ ကနေဒါနိုင်ငံသားများ
Pixabay-jodylehigh

Pyi Hein Kyaw

SHARE