အိမ်နောက်ဖေးခြံကို အိုအေစစ်လေးသဖွယ် ဖန်တီးပေးနေတဲ့ အမျိုးသား

https://www.zydecoconstruction.com/

ရာသီဥတု ပူပြင်းအိုက်စပ်လွန်းတဲ့အချိန်တွေမှာ လူတွေဟာ ရေကူးကန်၊ ကမ်းခြေစတဲ့ ရေရှိရာ အရပ်တွေဆီ သွားပြီး အပူဒဏ်သက်သာစေဖို့ ရေစိမ်တာ၊ လေညှင်းခံတာမျိုးတွေ ပြုလုပ်ကြပါတယ်။ ဒါပေမယ့် ဒီလိုနေရာတွေဆီ တကူးတကသွားနေစရာမလိုပဲ ကိုယ့်အိမ်ထဲမှာပဲ ကမ်းခြေလေးများ ရှိခဲ့ရင် ဘယ်လောက်များ အဆင်ပြေပါမလိမ့်နော်။

zydecoconstruction

ဒီစိတ်ကူးလေးကိုတော့ အဲရစ်ဝှိုက်ဆိုသူ အမျိုးသားဟာ အမှန်တကယ်ပဲ အကောင်အထည်ဖော်ပေးခဲ့ပြီ ဖြစ်ပါတယ်။ အဲရစ်ဟာ Zydeco Construction Company ကို တည်ထောင်သူပါ။ သူဟာ ပုံမှာ တွေ့ရတဲ့ ကမ်းခြေအငယ်စားလို အိုအေစစ်လေးကို အိမ်နောက်ဖေးခြံတွေမှာ လိုက်လံဆောက်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ၄င်းကမ်းခြေလေးကို တည်ဆောက်မယ်ဆိုရင်တော့ ရေကူးကန်တစ်ကန်စာတန်ဖိုး ဒေါ်လာ(၂) သောင်းနီးနီး အကြမ်းဖျင်းကုန်ကျမယ်လို့ သိရပါတယ်။

zydecoconstruction

ကုမ္ပဏီပိုင်ရှင်အဲရစ်ဟာ အလယ်တန်းနဲ့ ကျောင်းထွက်ခဲ့ရသူ ဖြစ်ပါတယ်။ အလုပ်တော်တော်များများကိုလည်း လုပ်ဖူးပါတယ်။ အလုပ်တွေ လိုက်ပြောင်းရင်းနဲ့ တစ်ကြိမ်မှာတော့ ကံကောင်းပြီး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ အဖွဲ့မန်နေဂျာဖြစ်လာခဲ့ပါတယ်။ ထိုမှတဆင့် ဆက်လက်ကြိုးစားရင်းကနေ အခုလို Zydeco Construction ပိုင်ရှင်ဖြစ်လာခဲ့တာပါ။

READ
"လောကကြီးမှာ မရှိချင်တော့တဲ့စိတ်" တွေဖြစ်နေရင် ဘယ်လို ရုန်းထွက် ၊ ရပ်တန့်ပစ်ရမလဲ ။
zydecoconstruction

ဥရောပတစ်ခွင်မှာတော့ အပူဒဏ်ဟာ သိသိသာသာ ပိုကဲလွန်းနေတာကြောင့် လူတွေအနေနဲ့ အပူသက်သာအောင် နေထိုင်နိုင်မယ့်နည်းတွေကို ရှာကြံနေကြတာပါ။ ဒါကြောင့် အိမ်နောက်ဖေးခြံနေရာ ကျယ်ဝန်းသူတွေအတွက်ကတော့ ဘယ်မှသွားစရာမလိုပဲ အိမ်နောက်ဖေးခြံထဲသွားရုံနဲ့ အပန်းဖြေနိုင်တဲ့ ကမ်းခြေရေကူးကန်လေးကို စိတ်ဝင်စားလျက် ရှိနေတယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE