အိမ်ထဲက အိမ်ပြင်မထွက်ပဲ ဒရုန်းသုံးပြီး ငါးမျှားခဲ့တဲ့ အမျိုးသား

[email protected]_romeo

လူတိုင်းနီးပါးကတော့ COVID 19 ကူးစက်ရောဂါဖြစ်ပွားနေတဲ့ ဒီအချိန် အိမ်ထဲမှာချည်းပဲ နေနေရတာ တော်တော် ပျင်းဖို့ကောင်းနေလောက်ပါပြီ။ အိမ်ထဲမှာနေလည်း သင့်မှာ Drone ကောင်းကောင်းတစ်ခုရှိရင် သင်ပျင်းနေမှာတော့ မဟုတ်ပါဘူး။ လူတစ်ချို့ကတော့ Drone သုံးပြီး မြို့ထဲက ရှုခင်းတွေ လျှောက်ပတ်ကြည့်တာတွေ၊ Drone နဲ့ ခွေးကျောင်းထွက်တာတွေကို ပြုလုပ်ပြီး နည်းမျိုးစုံနဲ့ အပျင်းပြေအောင်နေတတ်ကြပါတယ်။ အခုလည်း သြဇီက အမျိုးသားတစ်ယောက်ဟာ Drone သုံးပြီး အိမ်မှာနေကာ ငါမျှားခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]_romeo

သြဇီနိုင်ငံက Sam Romeo လို့အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ Lockdown ကျနေတဲ့အချိန် သူ့သူငယ်ချင်းအိမ်မှာပဲ နေခဲ့ပါတယ်။ တစ်နေ့တစ်နေ့ အိမ်ထဲမှာ  နေနေရပြီး အပြင်လုံးဝမထွက်တဲ့ Sam တစ်ယောက်ဟာ ရက်ကြာလာတာနဲ့အမျှ အိမ်မှာနေရတာ တော်တော်ငြီးငွေ့လာပြီပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Sam ဟာ သူ့ရဲ့ ကိုယ်ပိုင် Drone ကို သုံးပြီး ပင်လယ်ထဲမှာ ငါးမျှားထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

READ
ပြင်သစ်ရေခဲတောင်ပေါ်မှာ အေးခဲပြီး သေဆုံးနေတဲ့ ဗြိတိန်နိုင်ငံသား
[email protected]_romeo

Sam ဟာ Drone ကို အိမ်ရဲ့ လသာဆောင်နေရာက စတင်လွှတ်ခဲ့ပြီး Drone ကို ကမ်းခြေဆီကို ထိန်းချုပ်မောင်းနှင်ခဲ့ပါတယ်။ အဲဒီနောက် ရေပြင်တစ်နေရာထက်မှာ ငါးစာချိတ်ထားတဲ့ ကြိုးကို Drone မှတစ်ဆင့် ရေထဲသို့ ဖြည်းဖြည်းချင်းဆီ ချခဲ့ပါတယ်။ ဘက်ထရီနှစ်ခါလဲပြီး မိနစ် ၃၀ အကြာလောက်မှတြော့ ငါးသေးသေးလေးတစ်ကောင်သာ ဖမ်းမိခဲ့ကြောင်း သိရပါတယ်။

https://www.instagram.com/p/B_JSLLqBnb7/?utm_source=ig_embed

“ဒီအတိုင်း အပျော်ပဲ ငါးမျှားတာပါ။ အိမ်မှာနေပြီး လုပ်စရာမရှိလို့ ပျင်းပြီး လျှောက်လုပ်ကြည့်တာပါ။ ငါးလေးကိုလည်း ပငလယ်ထဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ ကိုယ်မှာ Drone ရှိပြီး ပင်လယ်နဲ့ နီးရင်တော့ အပျင်းပြေ ငါးမျှားကြည့်ကြပါ။ Drone ကို သေချာထိန်းချုပ်နိုင်မှ မောင်းပါ။ အခန့်မသင့်ရင် Drone ကြီး ပင်လယ်ထဲ ပြုတ်ကျသွားနိုင်ပါတယ်” လို့ Sam က ပြောကြားခဲ့ပါတယ်။

READ
ဖောက်ပြန်မှုတော်တော်များများကို ဖော်ထုတ်ပေးနေခဲ့တဲ့ နှလုံးခုန်သံတိုင်းအားကစားလက်ပတ်

Pyi Hein KYaw

SHARE