စက္ကန့် ၂၀ ကျော်ကြာအောင် ဘာလို့လက်ဆေးသင့်တယ်ဆိုတာ ပြတဲ့ဗီဒီယို

Youtube-How to see germs spread

လက်ရှိကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ COVID 19 ရောဂါကတော့ ကူးစက်ရောဂါအမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီကူးစက်ရောဂါဟာ လေထဲကဖြစ်ဖြစ်၊ အရာဝတ္ထုပစ္စည်းတွေဆီကပဲ ဖြစ်ဖြစ် နည်းလမ်းမရွေး ကူးစက်နိုင်ပါတယ်။ ဒီလို မမြင်ရတဲ့ ကူးစက်ရောဂါပိုးတွေရဲ့ ပျံ့နှံ့ပုံကို သက်သေပြချင်တဲ့ Youtuber အမျိုးသားတစ်ယောက်က Glow Powder အမှုန့်တွေ အသုံးပြုပြီး မျက်စိနဲ့ မမြင်နိုင်တဲ့ ဗိုင်းရပ်စ်တွေဟာ ဘယ်လောက်ထိ ပျံ့နှံ့လွယ်သလဲဆိုတာ ပြသခဲ့ကြောင်း Boredpanda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-How to see germs spread
Youtube-How to see germs spread

အရင်တုန်းကတော့ နာဆာအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး အခုအချိန်မှာတော့ Youtuber အဖြစ်လုပ်ကိုင်နေတဲ့ Mark Rober လို့ အမည်ရတဲ့ အမျိုးသားဟာ Glow Powder မှုန့်တွေသုံးပြီး သာမန်မျက်စိနဲ့ မမြင်ရတဲ့ ရောဂါပိုးတွေဟာ ဘယ်လောက်ပျံ့နှံ့နိုင်ကြောင်း သက်သေပြခဲ့ပါတယ်။ ပထမဆုံး စမ်းသပ်မှုအနေနဲ့ Mark ဟာ သူ့လက်မှာ Glow Powder မှုန့်တွေဖြူးပြီး တစ်နာရီကျော်ကြာ Laptop တစ်လုံးနဲ့ အလုပ်ထိုင်လုပ်နေပါတယ်။ အလုပ်လုပ်နေတဲ့အချိန်မှာလည်း အခန်းထမှာ ဟိုနေရာသွားလိုက်ဒီနေရာသွားလိုက်၊ရေထသောက်လိုက်နဲ့တောင် လုပ်နေပါသေးတယ်။ နောက်ဆုံးမှာတော့ တစ်ခန်းလုံးကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ Glow Powder မှုန့်တွေဟာ နေရာအနှံ့တော်တော်များများမှာ ပျံ့နှံ့နေပြီး Mark ရဲ့ မျက်နှာတွေမှာပါ Glow Powder မှုန့်တွေရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

READ
အပန်းဖြေကစားကွင်းမှာကစားရင်း ဖြစ်ခဲ့တဲ့ မတော်တဆဖြစ်ရပ်များ
Mark Rober
Mark Rober

နောက်စမ်းသပ်မှုတစ်ခုကတော့ လက်ဆေးကြောတဲ့ စမ်းသပ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ပထမစမ်းသပ်မှုလိုပဲ Mark ဟာ သူ့ရဲ့လက်ကို Powder မှုန့်တွေ အရင်ဖြူးလိုက်ပါတယ်။ ပြီးတာနဲ့ လက်ကို လက်ဆေးဆပ်ပြာနဲ့ ၈ စက္ကန့်ကြာအောင် သေသေချာချာဆေးကြောပါတယ်။ ပြီးတာနဲ့ လက်ကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာ Powder မှုန့်တွေက လက်မှာရှိနေဆဲပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ နောက်ထပ်တစ်ခေါက် စက္ကန့် ၂၀ ကြာအောင် လက်ကို သေချာဆေးကြောပြီးတဲ့အချိန်မှာတော့ Powder မှုန့်တွေ လက်မှာ မရှိတော့တာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

Mark Rober

Mark ဟာ နောက်ဆုံးစ်မ်းသပ်မှုတစ်ခုအနေနဲ့ ပြုလုပ်ခဲ့တာကတော့ လက်ဆွဲနှုတ်ဆက်ပြီး စမ်းသပ်တာပဲ ဖြစ်ပါတယ်။ Mark ဟာ ဒီစမ်းသပ်မှုမှာ ကလေးကိုးယောက်ကို ပါဝင်ခိုင်းခဲ့ပြီး ပထမဦးဆုံးကလေးကို လက်မှာ Powder မှုန့်တွေ ဖြူးခဲ့ပြီး ကျန်တဲ့ကလေးတွေကိုတော့ မဖြူးပေးခဲ့ပါဘူး။ ဒီလိုနဲ့ နံပါတ် ၁ ကလေးက နံပါတ် ၂ ကလေးကို လက်ဆွဲနှုတ်ဆက်၊ နံပါတ် ၂ ကလေးကနေ နံပါတ် ၃ ၊ နံပါတ် ၃ ကနေ နံပါတ် ၄ အစရှိသဖြင့် အစဉ်တိုင်း လက်ဆွဲနှုတ်ဆက်သွားပါတယ်။ နောက်ဆုံးမှာတော့ နံပါတ် ၁ ကလေးကနေ နံပါတ် ၉ ကလေးတို့ရဲ့ လက်တွေမှာ ပေါင်ဒါမှုန့်တွေရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ဆိုလိုချင်တာကတော့ ရောဂါရှိတဲ့ လူတစ်ယောက်ကနေ လူတိုင်းကို ရောဂါကူးစက်နိုင်ကြောင်းပဲ ဖြစ်ပါတယ်။

READ
ဖတ်ရှင်ပေါင်းစုံရှိတဲ့ အီသီယိုးပီယားလူရိုင်းမျိုးနွယ်စုတစ်ခု

ဒါကတော့ WHO က တရားဝင်ထုတ်ပြန်ထားတဲ့ လက်ဆေးနည်းဗီဒီယိုပါ။

Pyi Hein Kyaw

SHARE