ဓာတ်ပုံကို Filter နဲ့ရိုက်ဖို့ သူငယ်ချင်းတွေ အကြံပေးခဲ့လို့ တကယ်ကြီး ရိုက်ပြခဲ့တဲ့ အမျိုးသား

[email protected] Embrey

ဒီခေတ်မှာတော့ ဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့လူတိုင်း ဓာတ်ပုံထဲမှာ ကိုယ့်ပုံကို ပိုလှအောင် Camera မှာ Effect ထည့်ပြီး ရိုက်လေ့ရှိပါတယ်။ အဲဒီလိုဓာတ်ပုံရိုက်တာကိုတော့ Filter ခံပြီး ဓာတ်ပုံရိုက်တယ်လို့ ခေါ်ပါတယ်။ ဒီလို Filter နဲ့ ဓာတ်ပုံရိုက်တာကို အမျိုးသားကြီးတစ်ယောက်က နားလည်မှုလွဲသွားတဲ့ပုံစံမျိုးနဲ့ ဟာသလုပ်ပြီး ရိုက်ပြခဲ့ပုံပါပဲ။

Glenn Embrey

Glenn Embrey လို့ အမည်ရတဲ့ အမျိုးသားကြီးတစ်ယောက်ဟာ သူ့ရဲ့ Facebook အကောင့်မှာ ဓာတ်ပုံတင်ရင် Filter ခံပြီး ရိုက်လေ့ရိုက်ထမရှိပဲ ဒီအတိုင်း ရိုးရိုး ဖုန်း Camera နဲံသာ ဓာတ်ပုံတွေကို တင်လေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူ့သူငယ်ချင်းတစ်ယောက်က သူ့ကို ဓာတ်ပုံရိုက်ရင် ဒီအတိုင်းရိုးရိုးမရိုက်ပဲနဲ့ Filter နဲ့ ရိုက်ရင် အမျိုးသမီးတွေက ပိုပြီး စိတ်ဝင်စားလေ့ရှိကြောင်း ပြောခဲ့ပါတယ်။ ဒီလိုနဲ့ Glenn တစ်ယောက် Filter နဲ့ ဓာတ်ပုံရိုက်တဲ့အခါ ဒီလို ပုံတွေ ထွက်လာပါတော့တယ်။

READ
လူတွေကို လှည့်စားတဲ့ Fake Magic နဲ့ အောင်မြင်နေတဲ့ Julius Dein
Glenn Embrey
Glenn Embrey

သူ့သူငယ်ချင်းပြောတဲ့ Filter က ဖုန်းကင်မရာကို Effect ထည့်ပြီး ရိုက်ဖို့ပြောတာဖြစ်ပြီး သူထင်တဲ့ Filter ကတော့ ကားအင်ဂျင်တွေမှာ ခံထားလေ့ရှိတဲ့ Filter(ဆီစစ်) ကို ပြောတယ်လို့ ထင်သွားတဲ့ပုံပါပဲ။ ဒါ့ကြောင့် ပုံတော်များများမှာ Filter တွေကို လက်ကနေကိုင်ပီး ရိုက်ထားတာကို တွေ့ရမှာပါ။ ကားအင်ဂျင်မှာ သုံးတဲ့ Filter စတ်ခုတည်းမကပဲ စက်ပစ္စည်းတစ်ချို့တွေမှာ သုံးလေ့ရှိတဲ့ Filter တွေကို တစ်ပုံပြီးတစ်ပုံကိုင်ကာ ရိုက်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ Gleen ဟာ သူ့သူငယ်ချင်းအကြံပေးတဲ့အတိုင်း Filter နဲ့ရိုက်ထားခြင်းဖြစ်ပြီး သူ့စိတ်ထဲမှာတော့ အရင်ပုံတွေနဲ့ သိပ်မကွာဘူလို့ထင်ကြောင်း ပို့စ်တောင် တင်ခဲ့ပါသေးတယ်။

Glenn Embrey
Glenn Embrey

ဒီပို့စ်ကို တွေ့တဲ့ လူတော်တော်များများကတော့ Gleen ရဲ့ လုပ်ပုံကိုင်ပုံကြောင့် ဟာသတော်တော်ဖြစ်ခဲ့ပြီး Gleen ရဲက ပို့စ်ကလည်း လူကြိုက်များခဲ့ပါတယ်။ Gleen ရဲ့ ပို့စ်ကို Like လုပ်တဲ့သူ 40k ရှိခဲ့ပြီး Share လုပ်တဲ့သူက 100k အထိရှိခဲ့ကြောင်း သိရပါတယ်။

Somebody said the ladies will find me a lot more attractive if I post pictures with filters. I have some doubts but what do I know, right? So here goes. Man my phones probably gonna really blow up.

Posted by Glenn Embrey on Friday, May 8, 2020

Pyi Hein Kyaw

SHARE