အလှူခံဖို့အတွက်အတွင်းခံဝတ်ပြီး မိုင်တစ်ထောင်ကျော်လမ်းလျှောက်ခဲ့တဲ့အမျိုးသား

[email protected]

ပရဟိတသမားဆိုတာ လှူတဲ့သူရှိမှ လိုအပ်တဲ့နေရာတွေမှာ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူနိုင်တာပါ။ ဒါကြောင့် ပရဟိတသမားတွေကလည်း လူတွေ လှူချင်လာအောင် နည်းမျိုးစုံနဲ့ အလှူခံလေ့ရှိပါတယ်။ ဒါပေမယ့် အတွင်းခံဘောင်းဘီဝတ်ပြီး အလှူလိုက်ခံတယ်ဆိုတာကတော့ ကမ္ဘာမှာမရှိလောက်သေးပါဘူးနော်။

Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ Mick Cullen လို့အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ လွန်ခဲ့တဲ့ဒီဇင်ဘာလကတည်းက အတွင်းခံပဲဝတ်ပြီး စတင်လမ်းလျှောက်ထွက်လာခဲ့တာ အခုဆိုရင် မိုင်တစ်ထောက်ကျော်ရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။ သူရဲ့ အဓိကရည်ရွယ်ချက်ကတော့ လျှောက်လာခဲ့တဲ့ လမ်းတစ်လျှောက်မှာ အလှူခံဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုအလှူခံတယ်ဆိုတာကလဲ သူ့မှာရည်ရွယ်ချက်တစ်ခုရှိပါတယ်။ အသက်ငယ်ငယ် အသက်ကြီးကြီး ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် အထီးကျန်ဝေဒနာ ခံစားနေရပြီး ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့ဟာသူ့ရဲ့ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။

အလှူခံဖို့ငွေကို ပေါင်တစ်သိန်းလောက်ရဖို့အထိမှန်းထားပြီး မပြည့်မချင်း မပြန်ပါဘူးလို့ သိရပါတယ်။ “လမ်းလျှောက်ရတာတော့ပင်ပန်းတာပေါ့ဗျ။ တစ်နေ့ကို အနည်းဆုံး ၁၆ မိုင်အနည်းဆုံးလျှောက်ရတာလေ။ အခုဆိုရင် မိုင်တစ်ထောင်တောင်ကျော်သွားပြီဗျ။ ဒီအောက်ခံဘောင်းဘီနဲ့လျှောက်တာလဲ လူစိတ်ဝင်စားခံရအောင်လို့ပါ။ ဒီအတိုင်းလမ်းလျှောက်နေရင်ဘယ်သူကစိတ်ဝင်စားမှာလဲဗျ။ ဒီလိုပုံစံနဲ့ဆိုတော့ လူတော်တော်များများက အထူးအဆန်းဖြစ်ပြီး စကားလာပြောတယ်လေ။ အဲဒီမှာ အလှူခံအကြောင်းစကားစပ်မိသွားရင် တော်တော်များများက အလှူငွေထည့်သွားတတ်ကြတယ်” လို့ Mick ကပြောပြခဲ့ပါတယ်။

READ
(၉) ရက်ကြာ ဂူထဲမှာ ရှင်သန်နိုင်ခဲ့တဲ့ ကလေးတွေကို ချင်းရိုင်အုပ်ချုပ်ရေးမှူး ချီးကျူး
[email protected]

“ လှူချင်တဲ့ အဓိကရည်ရွယ်ချက်ကတော့ အထီးကျန်ဝေဒနာခံစားနေရတဲ့သူတွေကို အကူအညီပေးချင်တာပါ။ ဒီခံစားချက်ကို အထီးကျန်ဖူးတဲ့သူတွေပဲ ကောင်းသိတယ်။ ငါ့အနားမှာဘယ်သူမှ မရှိပါလားဆိုတဲ့ ခံစားချက်က တော်တော်ဆိုးတယ်ဗျ။ အဲဒီသူတွေ အနားမှာနေပြီး သူတို့ လိုအပ်တဲ့အရာတွေ ၀ယ်ပေးချင်လို့ ဒီလိုမျိုးကိုယ်တိုင် အလှူခံထွက်တာပါ”လို့ Mick က ထပ်မံပြောကြားခဲ့ပါတယ်။

READ
အစိုးရကိုလမ်းတွေပြင်ပါတော့ဆိုပြီး ပန်းချီပညာနဲ့သတိပေးခဲ့တဲ့ အိန္ဒိယအနုပညာရှင်

အလှူခံငွေ ပေါင်တစ်သိန်းလည်း မျှော်မှန်းထားသလို ရပါစေနော်။

Pyi Hein Kyaw

SHARE