လမ်းဘေးခွေးတွေရဲ့ကယ်တင်မှုကြောင့် ကျားသစ် အန္တရာယ်က လွတ်မြောက်ခဲ့တဲ့ အမျိုးသား

[email protected]

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့ ကာလမှာ လူတိုင်းလိုလိုအိမ်မှာနေနေတာကြောင့် တောနဲ့နီးစပ်တဲ့မြို့တစ်ချို့ကတော့ တော်တော်ဒုက္ခရောက်ရပါတယ်။ အကြောင်းကတော့ လမ်းတွေပေါ်မှာ လူသူကင်းမဲ့နေပြီး လူသံတွေတိတ်နေတဲ့အတွက်ကြောင့် တောထဲက သားရဲတိရစ္ဆာန်တစ်ချို့ဟာ ရဲတင်းစွာနဲ့ မြို့ထဲကို ဝင်လာနေကြလို့ပဲ ဖြစ်ပါတယ်။ တစ်ချို့မြို့တွေမှာဆို တောထဲက တိရစ္ဆာန်ပေါင်းစုံဟာ မြို့ထဲမှာ စိတ်ကြိုက်နေထိုင်သွားလာနေပြီပဲ ဖြစ်ပါတယ်။

[email protected]

အခုလည်း အိန္ဒိယနိုင်ငံ၊ Hyderabad မြို့ထဲရှိ အမျိုးသားတစ်ဦးဟာ နေ့ခင်းကြောင်တောင်ကြီးအချိန် Hyderabad မြို့ထဲမှာ ကျားသစ်တစ်ကောင်ရဲ့ လိုက်ဆွဲခြင်းကို ခံခဲ့ရကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ဒါပေမယ့်လည်း လမ်းဘေးခွေးတစ်အုပ်ကြောင့် အဆိုပါအမျိုးသားဟာ ကျားသစ်အစာဖြစ်ခါနီးဘဝကနေ သီသီလေးလွတ်မြောက်သွားကြောင်း သိရှိရပါတယ်။

ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း အမျိုးသားနှစ်ဦးဟာ လမ်းမတစ်နေရာရာမှာ ကျားသစ်ကောင်နဲ့ အမှတ်မထင် တွေ့ခဲ့ပြီး အသက်လုပြေးခဲ့ရပါတယ်။ အမျိုးသားတစ်ယောက်ကတော့ လမ်းလေဘးမှာရှိတဲ့ ထရပ်ကားကြီးတစ်စီးပေါ်ကို အချိန်မှီ တက်သွားနိုင်တာကြောင့် ကျားသစ်ရန်က လွတ်မြောက်ခဲ့ပါတယ်။ ကျန်အမျိုးသားကတော့ ကံဆိုးသူလို့ပဲ ပြောရမလား မသိပါဘူး။ ပထမအမျိုးသားလို ထရပ်ကားပေါ်ပြေးတက်နေချိန်မှာပဲ ကျားသစ်ကောင်က သူ့ရဲ့ခြေထောက်ကို အမိအရ ကိုက်ဖမ်းခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသားရဲ့ အားသွန်ခွန်စိုက် ရုန်းကန်မှုကြောင့် ကျားသစ်ရဲ့ပါးစပ်အတွင်းမှ လွတ်မြောက်ခဲ့ပါတယ်။

READ
သမီးဖြစ်သူရဲ့ချစ်သူကို စနိုက်ကြော်လိုက်တဲ့ ဂေးဘီလျံနာဖခင်
[email protected]

အဲဒီလိုလ်ွသွားတဲ့အချိန်မှာပဲ ကျားသစ်က နောက်တစ်ကြိမ် လှမ်းခုန်ဖို့ ပြင်နေတဲ့အချိန်မှာပဲ ဘယ်ကနေဘယ်လို ရောက်လာမှန်းမသိတဲ့ ခွေးအုပ်ကြီးဟာ ကျားသစ်ကောင်ကို ဝိုင်းပြီး ကိုက်တော့မယ့်ပုံစံနဲ့ တရစပ်ထိုးဟောင်မာန်မဲနေကြပါတယ်။ အဲဒီအချိန်မှာပဲ ကျားသစ်ဟာ တစ်ဖက်နံရံပေါ်ကို ခုန်ဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ကျားသစ်ကောင်ဟာ ထရပ်ကားရဲ့ အောက်ကနေလျှိုဝင်ပြီး လမ်းတစ်ဖက်ခြမ်းကို ကူးသွားကာ မြင်ကွင်းမှ ပျောက်သွားပါတော့တယ်။ ခွေးတွေသာ အချိန်မှီ ရောက်မလာခဲ့ရင် ဟိုအမျိုးသားရဲ့ ဘဝက တကယ့်ကို မတွေးဝံ့စရာပါပဲ။

Pyi Hein Kyaw

SHARE