နှဖူးက ဆန်းဆန်းပြားပြားတက်တူးကြောင့် တကူးတကအဖမ်းခံခဲ့ရတဲ့ အမျိုးသား

[email protected] Murray/Terre Haute Police Department

တက်တူးကိုတော့ လူအများစုက ရင်ဘတ်တို့၊ လက်မောင်းတို့၊ ကျော်ဘက်တို့အစရှိတဲ့ မမြင်ကွယ်ရာမှာပဲ ထိုးကြတာ များပါတယ်။ ဒါပေမယ့် တစ်ချို့ကကျတော့ လည်ပင်း အပေါ်ပိုင်း၊ ဂုတ်အပေါ်ပိုင်း၊ မျက်နှာ အစရှိတဲ့ လူမြင်လွယ်တဲ့နေရာတွေမှာ ထိုးတတ်ကြပါတယ်။ ဒါ့ကြောင့်ပဲ အင်ဒီးယန်းလူမျိုးတစ်ယောက်ဟာ သူရဲ့ နဖူးပေါ်က တက်တူးကြောင့် ရဲက မှတ်မိသွားပြီး အဖမ်းခံရခဲ့ကြောင်း Unilad သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Facebook-Terre Haute Police Department

အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Donald Murray လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ လွန်ခဲ့တဲ့ တနင်္လာနေ့ (၁၇.၂.၂၀၂၀) တုန်းက လမ်းမဆင်မခြင်ကူးမှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ ဒီအပြစ်ဟာ ဘာမှ သိပ်ကြီးကြီးမားမားမဟုတ်တော့ ဒဏ်ငွေဆောင်ပြီးတာနဲ့ ပြန်နိုင်မှာပါ။

ဒါပေမယ့် ရဲအရာရှိတစ်ယောက်ဟာ Murrary ကို သေသေချာချာကြည့်ခဲ့ပြီး မေးခွန်းတစ်ချို့ကို စတင်မေးခဲ့ပါတော့တယ်။ နောက်မှာတော့ ကားမတော်တဆမောင်းနှင်မှု၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်မှုတို့နဲ့ ထပ်မံ အဖမ်းခံခဲ့ရပါတယ်။ အဓိကတရားခံကတော့ Murray နဖူးပေါ်က “Crime Pays” ဆိုတဲ့ တက်တူးကြောင့်ပါတဲ့။

READ
FB ကြောင့် ပရီးမီးယားလိဂ်ပွဲတွေကို အရှေ့တောင်အာရှ နိုင်ငံတချို့ အခမဲ့ကြည့်ခွင့်ရ
[email protected] Murray

ဖြစ်ပုံကတော့ ဒီလိုပါ။ လွန်ခဲ့တဲ့ နှစ်တုန်းက Murray ဟာ ညဘက်ကားမောင်းနေတုန်း ရှေ့မီးသီးကို မဖွင့်ပဲ တောက်လျှောက်နေမာင်းနှင်ခဲ့ပါတယ်။ မကြာခင်မှာပဲ လမ်းဘေးက သစ်ပင်ကြီးကို ဝင်တိုက်ခဲ့ပြီး ကားကိုထားကာ ထွက်ပြေးခဲ့ပါတယ်။ ဒီဖြစ်စဉ်အစအဆုံးကို အနီးအနားမှာရှိတဲ့ လူတစ်ယောက်က မြင်ခဲ့ပါတယ်။ ဒါ့ကြောင့်ရဲတွေအခင်းဖြစ်ပွားရာကို ရောက်လာတဲ့အချိန် Murray ကို မသိပေမယ့်လည်း နဖူးပေါ်က တက်တူးအကြောင်းကို အဆိုပါလူက ပြောပြခဲ့ပါတယ်။ ဒါ့ကြောင့်လဲ အခင်းဖြစ်ပွားရာမှာ ရှိခဲ့တဲ့ ရဲအရာရှိက Murray ရဲ့ နဖူးပေါ်က တက်တူးကို မြင်မြင်ချင်းမှတ်မိသွားတာဖြစ်ပြီး ဖမ်းဆီးခဲ့တာပါတဲ့လေ။

တက်တူးဆိုတာ ထိုးတိုင်းလည်း ကိုယ့်အတွက် မကောင်းဘူး။

Pyi Hein Kyaw

SHARE