နေ့တိုင်းလိုလို နက်ခ်တိုင်နဲ့ဆင်တူ Mask တွေကိုသာ ဝတ်လေ့ရှိတဲ့ အမျိုးသား

[email protected]_eeks

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတဲ့ ကာလဖြစ်တာကြောင့် လူတိုင်းအပြင်သွားရင် Mask ကို မဖြစ်မနေတပ်သွားရလေ့ ရှိပါတယ်။ တော်တော်များများကတော့ သာမန် Mask လောက်သာတပ်ကြပေမယ့် တစ်ချိုကကတော့ Mask ပုံစံအဆန်းတွေ ဝတ်လေ့ရှိပါတယ်။ စူပါဟီး၇ိုး မျက်နှာဖုံးတွေ၊ ခေါင်းစွပ်တွေ အစုံအလင်ပါပဲ။. အခုလည်း အမျိုးသားကြီးတစ်ယောက်ဟာ နေ့စဉ်ရုံးသွားတိုင်း ဝတ်ထားတဲ့ နက်ခ်တိုင်နဲ့ ဒီဇိုင်းဆင်တူတဲ့ Face mask တွေကိုသာ တပ်သွားလေ့ရှိကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ki_eeks
ki_eeks

ပုံထဲမှာ တွေ့ရတဲ့ အမျိုးသားကြီးကတော့ အမေရိကန်နိုင်ငံ၊ Texas ပြည်နယ်၊ San Antonio မြို့ရှိ Steve Montgomery လို့ အမည်ရတဲ့ အမျိုးသားကြီး ဖြစ်ပါတယ်။ Steve ရဲ့ ထူးခြားချက်ကတော့ ဖက်ရှင်အရမ်းကြိုက်တာပါပဲ။ Steve ဟာ နေ့စဉ်ရုံးသွားတိုင်း သူဝတ်ထားတဲ့ နက်ခ်တိုင်နဲ့ ဒီဇိုင်းဆင်တူတဲ့ Face mask တွေကိုသာ ဝတ်ဆင်ပြီး ရုံးသွားလေ့ ရှိပါတယ်။ ဒါက တစ်ရက်နှစ်ရက်တည်းမဟုတ်ပါဘူး။ နေ့တိုင်းနီးပါး ဝတ်ဆင်လေ့ရှိတဲ့ Steve ရဲ့ ဖက်ရှင်တစ်ခုပါပဲ။ ဒါ့ကြောင့်လည်း သူ့ရဲ့သမီးဖြစ်သူ Kiana Montgomery ဟာ သူ့အဖေရဲ့ ဖက်ရှင်ပုံတွေကို သူမရဲ့ Twitter အကောင့်မှာ “ Dad…. Whyyyyy” ဆိုတဲ့ စာသားနဲ့ ဟာသဆန်ဆန် ပို့စ်တင်ခဲ့ပါတယ်။

ki_eeks

Kiana ရဲ့ ပို့စ်ဟာ လက်ရှိ Twitter ပေါ်မှာ ခေတ်စားနေပြီး လူတော်တော်များများကလည်း Steve ရဲ့ ဖက်ရှင်ကို အရမ်းကြိုက်နေကြကြောင်း သိရပါတယ်။ Kiana ရဲ့ ပို့စ်ဟာ like လုပ်သူ 676k ရှိခဲ့ပြီး comment ပေးသူ 83k အထိ ရှိခဲ့ပါတယ်။ တစ်ချိုကလူတွေကတော့ သူတို့ ယောက်ျားတွေ၊ သူတို့အဖေတွေလည်း ဒီလိုဖက်ရှင်မျိုးကိုနေ့တိုင်းလိုလိုဝတ်လေ့ရှိကြောင်း ပို့စ်အောက်မှာ photo comment တွေ ပေးခဲ့ကြပါတယ်။

READ
ရတနာပစ္စည်းပူဆာတာမရလို့ ဝယ်ပေးအောင်မြှုပ်ကွက်တွေ ထုတ်သုံးခဲ့တဲ့အမျိုးသမီး
lisasolod
emily_mcgee

“ကျွန်တော်ဒီလိုမျိုးဝတ်တာကတော့ ကြာပါပြီး။ ၃ လကျော်လောက်တော့ ရှိပြီထင်တယ်။ ရုံးပြန်တက်တဲ့နေ့ကစပြီး ဒီလိုပုံစံမျိုးနဲ့ ရုံးသွားတာပါ။ ကိုယ့်ဖက်ရှင်နဲ့ကိုယ်ပါပဲ။ ဒီလိုဖက်ရှငင်ကျချင်လို့ ရှိသမျှနက်ခ်တိုင်နဲ့ ဒီဇိုင်းဆင်တူ Mask တွေကို ချုပ်ထားရတာပါ။ ဒါကဖက်ရှင်တစ်ခုပါပဲ” လို့ Steve က ပြောကြားခဲ့ပါတယ်။

 

Pyi Hein Kyaw

SHARE