အသက်(၁၉)နှစ်တည်းက ခန္ဓာကိုယ်အကြောသေခဲ့ပေမယ့် ဆရာဝန်ဖြစ်အောင် ကြိုးစားခဲ့သူ

[email protected] Rudra

အိပ်မက်တွေ ပြည့်နေတဲ့ လူတစ်ယောက်ရဲ့ ဘဝမှာ ဘယ်အချိန် ဘာတွေဖြစ်လာပါစေ အဲဒီလိုလူမျိုးတွေက သူတို့ရဲ့ အိပ်မက်တွေကို မစွန့်လွှတ်တတ်ကြပါဘူး။ ဘယ်အခြေအနေပဲရောက်ရောက် သူတို့ရဲ့ ရည်မှန်းချက်တွေ၊ စိတ်ကူးတွေကို မရရအောင် အကောင်အထည်ဖော်လေ့ ရှိပါတယ်။ အခုပြောပြချင်တဲ့ အမျိုးသားတစ်ယောက်ကလည်း အဲဒီလိုပါပဲ။ အဆိုအမျိုးသားဟာ အသက် ၁၉ နှစ်အရွယ်မှာ အကြောသေပြီး သွက်ချာပါဒရောဂါ ဝေဒနာကို ခံစားခဲ့ရပေမယ့် ဘဝကို လုံးဝအရှုံမပေးပဲ ဆရာဝန်ဖြစ်အောင်အထိပါ ကြိုးစားခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Rudra

အဆိုပါ အမျိုးသားကတော့ အိန္ဒိယနိုင်ငံ၊ Burdwan မြို့မှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် Soumendu Rudra အမည်ရ အမျိုးသားပဲ ဖြစ်ပါတယ်။ Rudra ဟာ ရဲ့ ငယ်ဘဝက ရည်မှန်းချက်က ဆရာဝန်ဖြစ်ဖို့ဖြစ်ပြီး အဓိက ရည်မှန်းချက်ကတော့ သွားဆရာဝန်တစ်ယောက် ဖြစ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ Rudra တစ်ယောက်ဟာ ကျောင်းပြီးသွားတဲ့ အချိန်မှာတော့ Bhubaneshwar မြို့မှာရှိတဲ့ သွားဆေးတက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ ဒီလိုနဲ့ ကံဆိုးချင်တော့ Rudra တစ်ယောက် အသက် ၁၉ နှစ်အရွယ်မှာ ကံဆိုးရှာခဲ့ပါတယ်။ တစ်ရက်မှာ Rudra တစ်ယောက် Burdawn မြို့ရှိ သူ့ရဲ့ နေအိမ်မှာ အိမ်သာတက်ပြီးပြီးချင်း မူးဝေတဲ့ ဝေဒနာတစ်ခုကို ရုတ်တရက် ခံစားခဲ့ရပါတယ်။ အဲဒီလိုနဲ့ နောက်နှစ်ရက်အကြာမှာတော့ Rudra ဟာ သူ့ပတ်ဝန်ကျင်က လူတွေကို မမှတ်မိတော့သလို ဖြစ်လာပြီး အရာအားလုံးကို မေ့မေ့လျော့လျော့ ဖြစ်ခဲ့ပါတယ်။

READ
စိတ်ကျရောဂါကို တွန်းလှန် အောင်မြင်ခဲ့ကြတဲ့ ဆယ်လီအမျိုးသမီးများ
[email protected] Rudra

ဒါ့ကြောင့် နောက်ဆုံးမှာတော့ Rudra ဟာ Kolkata မြို့ရှိ ဆေးရုံကို အပြေးအလွှားသွားပြီး ဆေးစစ်ခဲ့ပါတယ်။ ဆေးစစ်ချက် အဖြေအရဆိုရင်တော့ Rudra တစ်ယောက် ဦးနှောက်ထဲမှာ သွေးဖိအားတွေ မြင့်တက်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ခွဲမစိတ်ရင် အသက် ဆုံးရှုံးနိုင်တဲ့ အခြေအနေအထိ ဖြစ်နိုင်တာကြောင့် Rudra တစ်ယောက် ခွဲစိတ်ခဲ့ပါတယ်။ ခွဲစိတ်ပြီးတဲ့ အချိန်မှာ ဦးနှောက်သွေးဖိအား မြင့်တက်တာ ပုံမှန်ဖြစ်သွားခဲ့ပေမယ့် ဘေးထွက်ဆိုးကျိုးအဖြစ် ခန္ဓာကိုယ်တစ်ခြမ်းအကြောသေပြီး လှုပ်ရှားလို့ မရတော့ပါဘူး။ ဒီလိုနဲ့ Rudra တစ်ယောက် အိမ်မှာပဲနေပြီး ပြန်လည်သက်သာလာဖို့ လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ခဲ့ပါတယ်။ ၂ နှစ်ကျော်ကြာပြီးတဲ့နောက်မှာ ဆရာဝန်တွေက Rudra ရဲ့ အကြောသေနေတဲ့ ခြေထောက်တစ်ဖက် သက်သာပြီး ပြန်လည်လှုပ်ရှားနိုင်အောင် ခွဲစိတ်ကုသမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီခွဲစိတ်မှုပြီးတဲ့အချိန်မှာတော့ Rudra ရဲ့ ခြေထောက်တစ်ဖက်က ပြန်လှုပ်ရှားနိုင်ခဲ့ပါတယ်။

READ
အိမ်ခြေယာမဲ့ဘဝမှ ကုမ္ပဏီထောင်ပြီး ဘဝတူတွေကို ဝန်ထမ်းအဖြစ်ရွေးခန့်တဲ့အမျိုးသား
[email protected] Rudra

“အဲဒီနောက်ပိုင်းကစပြီး ကျွန်တော်လေ့ကျင့်ခန်းတွေ ပိုပြီး လုပ်ဖြစ်သလို စိတ်ကိုလည်း ပိုတင်းခဲ့ပါတယ်။ ၃ နှစ်ကျော်လောက်အချိန်မှာ ကျွန်တော်လုံးဝသက်သာလာခဲ့ပြီး လူကောင်းလို ပြန်ဖြစ်သွားပါတော့တယ်။ အဓိကကတော့ ဆရာဝန်ကြီးတွေရဲ့ ကျေးဇူးပါ။ သူတို့ကို အားကျပြီး သူတို့လို ဖြစ်ချင်လို့ ကျွန်တော့် သွားဆေးတက္ကသိုလ်တောင် ဆက်မတက်တော့ပဲ ဆေးတက္ကသိုလ်ကိုပဲ တက်ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော် ဒီနှစ် NNET စာမေးပွဲ ဝင်ဖြေခဲ့တာ အေင်သွားပါပြီ။ နောက်နှစ်ဆိုရင် ကျွန်တော်ဆရာဝန်ဖြစ်နေပါပြီ”လို့ Rudra က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE