ဂျပန်နိုင်ငံအတွက် Kit Kat အရသာပေါင်း ၅၀ ကျော်ကို သီးသန့်တီထွင်ပေးခဲ့တဲ့ ပုဂ္ဂိုလ်

Youtube-The Pastry Chef Adding to Japan’s 400+ Flavors of Kit Kat [email protected] kitkat_japan_official

Kit Kat ချောကလက်ဝေဖာကိုတော့ ချောကလက်ချစ်သူ တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ ကျွန်တော်တို့နိုင်ငံနဲ့ အခြားနိုင်ငံတော်တော်များများမှာ Kit Kat ဆိုရင် အနီရောင်အထုပ်လေးနဲ့ ချောကလက်ဝေဖာလေးကိုပဲ ပြေးမြင်ကြမိမှာပါ။ ဒါပေမယ့် ဂျပန်နိုင်ငံမှာတော့ Kit Kat အမျိုးအစားပေါင်း ၅၀ ကျော်ရှိပြီး အဆိုပါ Kit Kat အရသာ ၅၀ ကျော်ကို တီထွင်ဖန်တီးခဲ့တဲ့ အမျိုးသားကတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ကိတ်မုန့်ဖုတ်သမား Yasumasa Takagi ပဲ ဖြစ်ကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

紙パッケージに変わった”キットカット”は皆さん既にチェックしていただけましたよね…? 赤の「キットカット ミニ 14枚」を筆頭に続々とレギュラー商品の紙パッケージ化が進んでいます!🍫 パッケージ外袋を使って折り紙を作ったり、レターとして使ったり、環境に配慮するだけではなく、いろいろな使い道がありますよね✉️💕 海洋プラスチック問題・プラスチックごみ問題の解決に取り組むため、2022年までに日本の”キットカット”で使用する包材は全て、リユース・リサイクル可能な素材へ変更することを目指しています。 #キットずっと #キットずっとプロジェクト #キットカット #2022 #紙パッケージ #紙 #kitkat

A post shared by KITKAT Japan (@kitkat_japan_official) on

Kit Kat Japan ဟာ တစ်ခြားနိုင်ငံက Kit Kat ကုမ္ပဏီတွေနဲ့မတူပဲ သူတို့နိုင်ငံထဲမှာတင် Kit Kat အရသာ အမျိုးအစားပေါင်း ၅၀ ကျော်ကို မတူညီ ထုပ်ပိုးမှုပုံစံတွေနဲ့ ထုတ်လုပ်ဖန်တီးခဲ့ပါတယ်။ ဒီဖန်တီးမှုတွေရဲ့ နောက်ကွယ်ကလူကတော့ Yasumasa ပဲ ဖြစ်ပါတယ်။ Yasumasa ပထမဦးဆုံး ထုတ်လုပ်ခဲ့ဖူးတဲ့ Kit Kat အရသာကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပင်မှည့်အရသာနဲ့ ချောကလက်ဝေဖာပဲ ဖြစ်ပါတယ်။

READ
မိဘတွေကို ကူညီလို့လည်းရ၊ ကစားလို့လည်းရတဲ့ ကလေးသုံးကြိုးမဲ့ အရုပ်ဖုန်စုပ်စက်
Youtube-The Pastry Chef Adding to Japan’s 400+ Flavors of Kit Kat

Yasumasa ဟာ များသောအားဖြင့် သူ့ရဲ့ ကိုယ်ပိုင် Kit Kat Store မှာပဲ အနေများပြီး Kit Kat အရသာအသစ်တွေကို စမ်းသပ် ထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။ များသောအားဖြင့် Yasumuasa အသစ်ဖန်တီးထုတ်လုပ်တဲ့ Kit Kat အရသာတွေကို ဂျပန်ပြည်သူတွေကလည်း ကြိုက်ကြသလို ဂျပန်နိုင်ငံရှိ Kit Kat ချစ်သူတွေကလည်း အရမ်းကြိုက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Yasumuasa ကိုယ်တိုင် ဖန်တီးထုတ်လုပ်တဲ့ Kit Kat အရသာအသစ်အတိုင်းဟာ မူလ Kita Kat အရသာကို မပျက်စေသလို နောက်ထပ်အသစ်ပါရှိတဲ့ အရသာအသစ်ကိုလည်း ကောင်းကောင်းကြီး အရသာခံစားစေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

Youtube-The Pastry Chef Adding to Japan’s 400+ Flavors of Kit Kat

“လူတော်တော်များများက ဒီလိုမျိုးအရသာအသစ်တွေ တောက်လျှောက်ထုတ်လုပ်နေတာ လူတွေ မရိုးဘူးလို့ မေးလေ့ရှိပါတယ်။ Kit Kat တစ်ကယ်ကြိုက်တဲ့လူတွေက ဒီလိုမျိုးအရသာအသစ်တွေထွက်လေ၊ ပိုကြိုက်လေလေပါပဲ။ ဘာကြောင့်လို့လဲဆိုတော့ Kit Kat ကို ဒီလိုမျိုးအရသာအစုံနဲ့စားနိုင်တာ ဂျပန်တစ်နိုင်ငံထဲမှာပဲ ရှိလို့ဖြစ်ပါတယ်။ Kit Kat ချစ်သူတွေဆိုရင် ကျွန်တော့်ကို အမြဲတမ်း ဘယ်တော့ Kit Kat အရသာအသစ်ထွက်မလဲဆိုတာ လာလာမေးကြပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒီလိုမျိုးအရသာအသစ်တွေ ထုတ်လုပ်နေရရင် တော်တော်လေးကို ပျော်ပါတယ်။ ဘယ်တော့မှ ပျင်းပြီးရိုးသွားတယ်ဆိုတာမျိုး မရှိပါဘူး”လို့ Yasumuasa က Great Big Story သတင်းဌာနကို ပြောပြခဲ့ပါတယ်။

READ
ဆူဒန်တိရစ္ဆာန်ရုံထဲက အစာမစားရလို့ အရိုးပေါ်အရေတင်နေတဲ့ခြင်္သေ့တွေရဲ့အဖြစ်

Pyi Hein Kyaw

SHARE