ကြွေလွင့်သွားရှာပြီဖြစ်တဲ့ ကွန်ပျူတာတွေမှာ Copy, Paste စနစ်တီထွင်ခဲ့သူပညာရှင်

[email protected] Tesler

ယနေ့ခေတ် ပညာရေးစနစ်ဟာ တဖြည်းဖြည်းနဲ့ မြင့်မားလာပါပြီ။ အရင်တုန်းကဆိုရင် ခဲတံနဲ့ စာအုပ်သာ သုံးပြီး စာသင်ခဲ့ရတဲ့ အခြေအနေကနေ ဒီနေ့ခေတ်ကျောင်းနဲ့ တက္ကသိုလ်တွေမှာ ကျောင်းသူကျောင်းသားတွေဟာ စာသင်ဖို့အတွက် Laptop တွေကို အသုံးပြုနေကြရပြီဖြစ်ပါတယ်။ ဒါ့အပြင် ဆရာဆရာမတွေပေးလိုက်တဲ့ Assignment တွေကို သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ပြီးအောင် လုပ်ရလေ့ရှိပါတယ်။

[email protected]

ဒီလို Assignment ရေးရတဲ့ ကျောင်းသားကျောင်းသူတွေအတွက် Copy & Paste (Crtl+C, Crtl+V) ဆိုတာ မပါမဖြစ် shortcut တစ်ခုပါပဲ။ ကျောင်းအတွက်တင်မကဘဲ တခြားသော လုပ်ငန်းသုံးဆိုင်ရာတွေမှာလည်း ဒီစနစ်ကြောင့် အချိန်ကုန်၊ လူပင်ပမ်းသက်သာစေပြီး အကျိုးဖြစ်ထွန်းခဲ့မှုတွေ အများကြီးရှိနေခဲ့တာပါ။

ဒီလို အသုံးဝင်တဲ့ shortcut ကို တီထွင်ခဲ့တဲ့ ကွန်ပျူတာသိပ္ပံပညာရှင် Larry Tesler ကတော့ ဖော်ဝါရီလ ၁၇ ရက်နေ့ မှာပဲ ကွာ်လွန်သွားရှာပြီလို့ Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ လူ့လောကထဲက ထွက်ခွာသွားချိန်မှာတော့ Larry Tesler ဟာ အသက် ၇၄ နှစ်ရှိနေပါပြီ။

READ
သူငယ်ချင်း အဝတ်လဲနေတဲ့ပုံကို လူမှုကွန်ယက်မှာတင်ခဲ့သည့် အမျိုးသမီး တရားရင်ဆိုင်နေရ
[email protected] Tesler

Larry ဟာ အသက်ရှင်နေတဲ့ ကာလတစ်လျှောက်လုံးလဲ လူသားတွေကို အကျိုးပြုတဲ့ သိပ္ပံပညာရှင်အဖြစ်ဆောင်ရွက်ရင်း နေလာခဲ့တာပါ။ ဒါ့အပြင် Larry ဟာ Xerox PARC, Apple, Amazon,Yahoo! အစရှိတဲ့ ကမ္ဘာကျော်ကုမ္ပဏီကြီးတွေမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့သူ တစ်ဦးလဲ ဖြစ်ပါတယ်။

၁၉၇၃ ခုနှစ်မှာ Xerox ရဲ့ Palo Alto Research Centre(PARC)မှာ အလုပ်မဝင်ခင် Stanford တက္ကသိုလ်မှာ ကွန်ပျူတာ သိပ္ပံဘာသာရပ်ဘွဲ့ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ Copy, Paste shortcut ကိုတော့ Xerox ရောက်ပြီးမှ တီထွင်ခဲ့တာပါ။

Yahoo!

ဒါ့အပြင် ၁၉၈၀ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ Apple ကုမ္ပဏီရဲ့ Apple Net နဲ့ Apple’s Chief Scientist ဌာနမှာ အမှုဆောင်အရာရှိချုပ်အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် မှာ Amazon ကုမ္ပဏီကိုမရောက်ခင်မှာ Stagecast Software ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ကလေးတွေကို ကွန်ပျူတာ ပရိုဂရမ်းမင်းနဲ့ ဆက်စပ်တဲ့ ပညာရပ်တွေကိုပါ သင်ပေးခဲ့ပါသေးတယ်။

READ
ခရီးသည်ကို လေယာဉ်မောင်းခိုင်းခဲ့တဲ့ လေယာဉ်မှူး၊ စစ်ဆေးမှုတွေခံယူနေရ

R.I.P ပါ Larry ရေ။

Pyi Hein Kyaw

SHARE