ကြီးပွားတိုးတက်ချင်တဲ့ စိတ်သာ အဓိကဖြစ်ကြောင် သက်သေပြခဲ့တဲ့ လမ်းဘေးဈေသည်

[email protected]

အောင်မြင်မှုလမ်းကြောင်းတစ်ခုမှာ ဖြတ်လမ်းနည်းဆိုတာ မရှိပါဘူး။ လူတစ်ယောက် အောင်မြင်ဖို့ဆိုတာ သူ့ရဲ့အချိန်တွေ၊ ကြိုးမှုတွေ၊ သူ့ရဲ့ ခံယူချကတွေ၊ အလုပ်လုပ်ချင်စိတ်တွေနဲ့ပဲ သက်ဆိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်နယ်ပယ်မှာမဆို အောင်မြင်နေတဲ့ လူပုဂ္ဂိုလ်တစ်ယောက်ဆီတိုင်းမှာ သူတို့ရဲ့ အခက်ခဲဆုံး အခြေအနေတွေဆိုတာ ရှိခဲ့ပါတယ်။ အခုပြောပြချင်တဲ့ အမျိုးသားတစ်ယောက်ကတော့ တစ်ကယ်ကို လေးစားထိုက်တဲ့ အမျိုးသားတစ်ယောက်ပါ။ ဘာကြောက့်လဲဆိုတော့ အဆိုပါ အမျိုးသားဟာ လမ်းဘေးမှာ အကင်ရောင်းတဲ့ ဈေးသည်ဘဝကနေ ကိုယ်ပိုင်ဆိုင်ခန်းလေးနဲ့ စားသောက်ဆိုင်တစ်ခုကို ဖွင့်နိုင်တဲ့ အနေအထားအထိရောက်အောင် မဆုတ်မနစ်ကြိုးစားခဲ့တာကြောင့်ပဲဖြစ်ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ အမျိုးသားကတော့ Ahsan လို့ အမည်ရတဲ့ Twitter အသုံးပြုသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ Ahsan ဟာ လက်ရှိအချိန်မှာတော့ The Guy Who Cooks လို့ အမည်ရတဲ့ ကိုယ်ပိုင်စားသောက်ဆိုင်လေးကို ကိုယ်ပိုင်အခန်းတစ်ခန်းဝယ်ပြီး ဖွင့်နေပြီပဲ ဖြစ်ပါတယ်။ တစ်ကယ်တမ်းတော့ Ahsan ဟာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်အချိန်လောက်တုန်းက လမ်းဘေးမှာ အကင်ရောင်းတဲ့ လမ်းဘေးဈေးသည်တစ်ဦးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလိုမျိုးလမ်းဘေးဈေးသည်ဘဝမှာ နေခဲ့ရတာကို Ahsan တစ်ယောက် မပျော်ခဲ့ပါဘူး။

READ
အသက်အငယ်ဆုံး နိုဘယ်လ်ဆုရှင်ရဲ့ ပဲ့ကိုင်ရှင် Shiza Shahid အကြောင်း သိမှတ်ဖွယ်ရာများ

 

ဒါ့ကြောင့် Ahsan တစ်ယောက်ဟာ ကိုယ်ပိုင်ဆိုင်ခန်းလေးတစ်ခု ဖွင့်နိုင်အောင် အပြင်းအထန်ကြိုးစားခဲ့ပါတယ်။ တစ်ကယ်လုပ်ရင် တစ်ကယ်ဖြစ်တယ်ဆိုတဲ့ စကားနဲ့အညီ နောက်ဆုံးမှာတော့ Ahsan တစ်ယောက် သူ့ရဲ့ကိုယ်ပိုင်ဆိုင်ခန်းလေးကို ဖွင့်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် သူကြိုးစားခဲ့တဲ့ ကာလတွေနဲ့ပတ်သတ်ပြီးတော့လည်း Ahsan ဟာ အမှတ်တရဖြစ်အောင် သူကြိုးစားခဲ့တဲ့အကြောင်းတွေငို သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ပို့စ်တင်ခဲ့ပါတယ်။

READ
Gym မသွားပဲ တစ်နှစ်အတွင်း ပေါင်(၁၂၀)ကျော် ဝိတ်ချခဲ့တဲ့ အမျိုးသမီး

 

“တော်တော်လေးတော့ ကြိုးစားခဲ့ရတာပေါဗျာ။ သာမန်ပိုက်ဆံရှိတဲ့ လူတစ်ယောက်အတွက် ကိုယ်ပိုင်ဆိုင်ခန်းတစ်ခန်းဖွင့်ဖို့ သိပ်အားစိုက်စရာမလိုပေမယ့် ကျွန်တော့်လို ဘာမှမရှိတဲ့ လူတစ်ယောက်အတွက်တော့ အရမ်းကို ကြိုးစားခဲ့ရပါတယ်။ The Guy Who Cooks ဆိုတဲ့ ဆိုင်လေးဟာ ကျွန်တော့်ရဲ့ ကြိုးစားမှု အသီးအပွင့်တွေလို့ ပြောနိုင်ပါတယ်။ ကျွန်တော့်ဆိုင်လေးကို လာရောက်အားပေးကြပါအုံး။ အစားအသောက်တွေ၊ အကင်တွေကတော့ စားကြည့်ရုံနဲ့ ကြိုက်ကြစေရမယ်လို့တော့ ကျွန်တော အာမခံပါတယ်ဗျ”လို့ Ahsan က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE