ရဲတွေရဲ့ Chat Group ကိုမှ ဝတ်စလစ်ပုံတွေ မှားပို့မိခဲ့တဲ့ အမျိုးသား အဖမ်းခံလိုက်ရ

Twitter/MumbaiPolice

ရဲတွေဟာ များသောအားဖြင့် သူတို့ရဲစခန်းရဲ့ ဖုန်းနံပါတ်တွေကို ပြည်သူတွေဆီ အသိပေးထားတယ်ဆိုတာက အခင်းဖြစ်ပွားမှုတွေ သတင်းပေးနိုင်အောင်၊ အခင်းဖြစ်ပွားရာနေရာနဲ့ပတ်သတ်ပြီး ဓာတ်ပုံတွေ၊ သတင်းအချက်အလက်တွေ ပို့ပေးနိုင်အောင်အတွက် တမင်သက်သက် သူတို့ရဲ့ ဖုန်းနံပါတ်ကို ပြည်သူတွေဆီ အသိပေးထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားတစ်ယောက်ကတော့ ရဲတွေဆီကို သူ့ရဲ့ ဝတ်စလစ်ပုံတွေ တောက်လျှောက်ပို့ပေးခဲ့တာကြောင့် အဲဒီအမျိုးသားဟာ နောက်ဆုံးမှာ အဖမ်းခံခဲ့ရကြောင်း Times Of India သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-4711018

အိန္ဒိယနိုင်ငံ၊ Coimbatore မြို့မှာ နေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ် G Premkumar လို့ အမည်ရတဲ့ အမျိုးသားဟာ Tamil Nadu ပြည်နယ်ရှိ Thiruppullani မြို့ ရဲစခန်းကို နေ့တိုင်းလိုလို သူ့ရဲ့ ဝတ်စလစ်ပုံတွေကို ပို့လေ့ရှိပါတယ်။ ပို့တာကလည်း တစ်ပုံနှစ်ပုံ မဟုတ်ပါဘူး။ ဝတ်စလစ်ချွတ်ပြီး ပုံစံမျိုးစုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပို့တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ဆုံးမှာတော့ ရဲတွေက အဆိုပါအမျိုးသားရဲ့ WhatsApp နံပါတ်ကို ခြေရာခံလိုက်ပြီး ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

READ
တရုတ်နိုင်ငံ၏ တစ်ဦးတည်းသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ထောင်မှ ပြန်လည်လွတ်မြောက်
Pixabay-mmamontov

“လက်ရှိအချိန်အထိတော့ ကျွန်တော်တို့ စစ်ဆေးနေတုန်းပါပဲ။ ပြီးတော့ Premkumar ဟာ ပေါက်လွတ်ပဲစားလူတစ်ယောက်လဲ မဟုတ်ပါဘူး။  Engineering မာစတာဘွဲ့ကို ရထားပြီး အထက်တန်း ကျောင်းသားကျောင်းသူတွေကို စာပြန်ပြနေတဲ့ ကျောင်းဆရာတစ်ယောက်ပါပဲ။ ဘာကြောင့် သူဒီလိုဝတ်စလစ်ပုံတွေ ကျွန်တော်တို့ဆီ ပို့နေလဲဆိုတာတော့ တော်တော်ထူးဆန်းတယ်ဗျ” လို့ ရဲအရာရှိ V Varun Kumar က ပြောကြားခဲ့ပါတယ်။ နောက်နောင်မှာလည်း ပြည်သူတွေအနေနဲ့ What Apps နံပါတ် 9489919722 ကို ဓာတ်ပုံတွေ မှားယွင်းမပို့မိစေလိုကြောင်း ရဲအရာရှိ Kumar က အရွှန်းဖောက်ပြီး ပြောခဲ့ပါတယ်။

Pyi Hein Kyaw

SHARE