တောမီးထဲ အိမ်ပါသွားပေမယ့် ဒေါ်လာ(၆)သိန်းကျော် ထီပေါက်ခဲ့တဲ့ အမျိုးသား

Pixabay-clarbner,Hermann

လက်ရှိ ဩစတြေးလျမီးလောင်မှုဟာ မငြိမ်းနိုင်သေးဘဲ အရှိန်အဟုန်နဲ့ ဆက်လက်လောင်ကျွမ်းနေဆဲပါ။ ဒီမီးလောင်မှုထဲမှာ တိရစ္ဆာန်ပေါင်းမြောက်မြားသွာသေဆုံးပြီး လူတော်တော်များများလဲ အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြရပါတယ်။ ဒါပေမယ့် ဩစတြေးရီးယားက အမျိုးသားတစ်ဦးကတော့ တော်တော်ကံကောင်းတယ်လို့ ပြောရပါမယ်။ ဘာလို့လဲဆိုတော့ သူ့အိမ်ဟာ မီးထဲ ပါသွားပြီး မကြာမီ ဒေါ်လာ(၆၉၀,၀၀၀)ဖိုး ပေါက်ခဲ့လို့ပဲ ဖြစ်ကြောင်း NYpost သတင်းစာက ဖော်ပြခဲ့ပါတယ်။

Pexels/ChiniGaray

Mount Cottonမြို့၊ Queensland ပြည်နယ်မှာနေထိုင်တဲ့ အဆိုပါအမျိုးသားဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ(၈)ရက်နေ့က ထီပေါက်သွားပေမယ့် သူ့ရဲ့ နာမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်းလဲ သိရပါတယ်။ လက်ရှိမှာတော့ ဒီထီပေါက်တဲ့ငွေကို မီးလောင်သွားတဲ့အိမ်ကို ပြန်ဆောက်ဖို့အတွက် စဉ်းစားထားကြောင်း သိရှိရပါတယ်။ ထိုအမျိုးသားဟာ အဆိုပါထီကိုထိုးချိန်မှာ သူ့မိန်းမရဲ့ ကံကောင်းတဲ့နံပါတ်ကို ရွေးထိုးခဲ့တာဖြစ်ကြောင်းလဲ ရှင်းပြခဲ့ပါတယ်။

[email protected]

သူထီပေါက်တဲ့အကြောင်းကို အလုပ်မှာရောက်နေတဲ့အချိန် ထီဆိုင်က ဖုန်းဆက်ပြီး ပြောခဲ့တာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ ထီပေါက်ထားတဲ့ငွေကို အိမ်ပြန်ဆောက်ချင်တာကလွဲပြီး တခြားဘာမှလုပ်ဖို့ မစဉ်းစားထားကြောင်းနဲ့ ထီပေါက်တာကို သူ့ကိုယ်သူမယုံနိုင်လည်းဖြေစ်နေကြောင်း ဝန်ခံခဲ့ပါပါတယ်။

READ
ဆေးရုံလာတဲ့အဖိုးအိုကို ထိုင်ရာက,ထခိုင်းပြီး ထိုင်ခုံတွေကိုသိမ်းဆည်းခဲ့တဲ့ ဆေးရုံဝန်ထမ်း

“ထီပေါက်တာကို အခုထိမယုံနိုင်သေးဘးဗျ။ တကယ်ကျေးဇူးတင်ရမှာက ကျွန်တော့်မိန်းမပဲ။ အခုတောင်အိမ်ပြန်ပြီးသူ့ကို ဒီအကြောင်းပြောရင် သူဘယ်လောက်တောင် ပျော်နေမလဲမသိဘူးဗျာ”လို့ အဆိုပါအမျိုးသားက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE