ဆေးကျောင်းကထွက်ပြီး ကမ္ဘာပတ်ကာ ပျော်တော်ဆက်လုပ်နေတဲ့ အမျိုးသား

Instagram/Jakeryanlive

ဆေးကျောင်းတက်နေတဲ့ဆေးကျောင်းသားတစ်ယောက်က ကျောင်းမပြီးသေးခင်မှာ ကျောင်းကထွက်ပြီး ပျော်တော်ဆက်လုပ်တယ်ဆိုတဲ့ သတင်းကြားရင် သင်ယုံနိုင်ပါ့မလား။ ဒါပေမယ့် ဒီအဖြစ်အပျက်ကတကယ်ပါ။ သြစတြေးရီးယားနိုင်ငံရှိ ဆေးကျောင်းသားတစ်ဦးဟာ ဆေးကျောင်းကို ပြီးအောင်ဆက်မတက်ဘဲ ပျော်တော်ဆက်အဖြစ် လုပ်ကိုင်နေကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက်၂၇နှစ်ရှိပြီး သူ့ကိုယ်သူ Jake Ryan လို့ခေါ်တဲ့ အမျိုးသားဟာ ကမ္ဘာ့နိုင်ငံအနှံ့အပြားရှိ ချမ်းသာတဲ့ အမျိုးသမီးတွေဆီသွားရောက်ကာ သူ့ရဲ့ကျွမ်းကျင်တဲ့ ၀န်ဆောင်မှုတွေကို အသုံးပြုကာ ပျော်တော်ဆက်အဖြစ် လုပ်ကိုင်နေကြောင်း သိရပါတယ်။

သူဟာ ဒီအလုပ်ကို မလုပ်ကိုင်င်တုန်းက အပေါ်ပိုင်းဗလာချွတ်ပြီး စားပွဲထိုးအဖြစ် စတင်လုပ်ကိုင် ဖူးကြောင်း သိရပါတယ်။ နောက်ပိုင်း ကြာလာတဲ့အချိန်မှာ သူဟာ အမျိုးသားပျော်တော်ဆက်အဖြစ်လုပ်ကိုင်ရန်ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

“ဒီအလုပ်ကိုလုပ်တာတော့ ပျော်လို့မဟုတ်ပါဘူး။ ကျွန်တော့်ဘ၀ရဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ချင်လို့ ဒီအလုပ်ကို လုပ်ကိုင်ခဲ့ရတာပါ။ဒီအလုပ်လုပ်တာ ကျွန်တော့်အိမ်က မိသားစုတွေလဲသိပါတယ်။ ဘာမှတော့ ထွေထွေထူးထူးမပြောကြပါဘူး။ အိမ်နဲ့ကတော့ အေးဆေးပါပဲ။ တစ်သက်လုံးတော့မလုပ်ပါဘူး။ တစ်ချိန်ကြရင်ကျောင်းပြန်တက်မှာပါ” လို့ Jake မှ Daily Mail Australia သတင်းဌာနသို့ ပြောပြခဲ့ပါတယ်။

READ
ဆွဲဆောင်မှုရှိလွန်းတာကြောင့် လူ ၁၅ ယောက်ရဲ့အဓမ္မကျင့်ခြင်းကို ခံခဲ့ရတယ်ဆိုတဲ့သူမ

Jake ဟာ သူ့ရဲ့ပုံတော်တော်များများကို Instagram မှာသာတင်လေ့ရှိပြီး မျက်နှာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ သူ့ရဲ့ ဖောက်သည်ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတွေမှာ အသက်အငယ်ဆုံးက အသက်(၂၀)ဖြစ်ပြီး အသက်အကြီးဆုံးက (၇၀)နှစ်ထိရှိကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE