အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် (၆)နှစ်တာ ဖြတ်သန်းခဲ့ပြီဖြစ်တဲ့ မီးယားကတ်နဲ့ ကြောင်လေး

instagram/meerkat_suren

မီးယားကတ်လို့ ခေါ်တဲ့ သတ္တ၀ါလေးတွေဟာ သဘာဝအားဖြင့် တောရိုင်းတိရစ္ဆာန်လေးတွေဖြစ်ပါတယ်။ ကာလာဟာရီနဲ့ နာမီဘီယန် သဲကန္တာရတွေ၊ အာဖရိကရဲ့ အခြားသော ဒေသတွေမှာ နေထိုင်လေ့ရှိပါတယ်။ ရုရှားနိုင်ငံလိုမျိုး အရမ်းအေးတဲ့ ဒေသတွေမှာလည်း သူတို့ကို တွေ့ရတတ်ပါသေးတယ်။ ဆူယာအမည်ရှိတဲ့ မီးယားကတ်လေးတစ်ကောင်ကတော့ စိန့်ပီတာစပါ့ဂ်က အိမ်တစ်အိမ်မှာ နေပါတယ်။

instagram/meerkat_suren

အိမ်ရှင်တွေက သူ့ကို မော်စကိုတိရစ္ဆာန်ရုံကနေ မွေးစားခဲ့တာပါ။ အိမ်မှာတော့ မီးယားကတ်လေးက တစ်ကောင်တည်းနေတာ မဟုတ်ဘူး။ အဖော်ရှိပါတယ်။ သူ့ရဲ့ သူငယ်ချင်းကတော့ ၀၀တုတ်တုတ်ကြောင်ကလေး နိုက်စ်ပဲ ဖြစ်ပါတယ်။ မီးယားကတ်တွေဟာ ကြောင်တွေနဲ့ ဗီဇအရ ဆက်စပ်မှူမရှိပေမယ့် ပုံတွေမှာ တွေ့ရတဲ့အတိုင်း ဆူယာနဲ့ နိုက်စ်တို့ဟာ အရမ်းတည့်နေကြတာ ဖြစ်ပါတယ်။ မီးယားကတ်တွေကိုတော့ ဒတ်ခ်ျနဲ့ အာဖရိကန်တွေက ကန်ကြောင်၊ ကြောင်မွှားစသဖြင့်တော့ ခေါ်ကြပါတယ်။

instagram/meerkat_suren
instagram/meerkat_suren

 

အခုဆိုရင်တော့ ဆူယာနဲ့ နိုက်စ်တို့က အချစ်ဆုံးသူငယ်ချင်းတွေအဖြစ်နဲ့ တွဲလာတာ () နှစ်လောက် ရှိပါပြီ။ လွန်ခဲ့တဲ့ () နှစ်တုန်းကတော့ နိုက်စ်က အသက် () နှစ်နဲ့ ဆူယာက မီးယားကတ်ပေါက်စလေးအဖြစ်ပဲ ရှိပါသေးတယ်။ ဆူယာက အမြဲတမ်း သူများဂရုစိုက်တာကို ခံချင်တဲ့ ကောင်လေးတစ်ကောင်ပါ။

တကယ်လို့ အိမ်ရှင်က ကြောင်လေး နိုက်စ်ကို အရေးပေးနေပြီဆိုတာနဲ့ ဆူယာက သခင်ပေါ်ခုန်တက်ပြီး နိုက်စ်ကို ခပ်ဝေးဝေးသွားဖို့ မောင်းထုတ်တတ်ပါသေးတယ်။ ဒါပေမယ့် နိုက်စ်ကတော့ သဘောကောင်းသူကြီးပါ။ ဆူယာကို အမြဲတမ်းညှာတာပါတယ်။ ခပ်အေးအေးနေတတ်တဲ့ ကြောင်တစ်ကောင်လည်း ဖြစ်ပါတယ်။

instagram/meerkat_suren
instagram/meerkat_suren

ဆူယာကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာလည်း နိုက်စ်က သိပါတယ်။ သူတို့နှစ်ကောင်ကို အမြဲတမ်း တပူးပူး တတွဲတွဲ တွေ့ရတတ်ပါတယ်။ အတူတူဆော့တတ်သလို တစ်ကောင်နဲ့တစ်ကောင် ပူးကပ်ပြီး အိပ်တတ်ပါသေးတယ်။ အင်စတာဂရမ်ပေါ်မှာလည်း သူတို့က သူတို့ ပရိသတ်နဲ့ သူတို့ရှိပါတယ်။ အောက်ဘက်မှာတော့ ချစ်စရာကောင်းလှတဲ့ BFF သူငယ်ချင်းအတွဲတစ်တွဲလေးကို boredpanda ကတဆင့် ဖော်ပြပေးလိုက်ပါတယ်။

instagram/meerkat_suren
instagram/meerkat_suren

လင်းလင်း (ShweMom)

SHARE