အိမ်ပေါ်မှမဆင်းပေးရင် ထောင်ကျနိုင်ဖွယ်ရာရှိတဲ့ မီလီယံနာလုပ်ငန်းရှင် သူဌေးကြီး

Sherra Michelle/Instagram

မီလီယံနာလုပ်ငန်းရှင် သူဌေးတစ်ဦးဟာ ပလေးဘွိုင်းမော်ဒယ်ဖြစ်တဲ့ ချစ်သူနဲ့အတူနေနေတဲ့ သူပိုင်တန်ဖိုးကြီးအိမ်ပေါ်မှ တစ်ပတ်အတွင်းမဆင်းပေးရင် ထောင်ချပစ်မယ်လို့ တရားသူကြီးရဲ့အမိန့်အရသိခဲ့ရပါတယ်။

အသက် (၄၃) နှစ်အရွယ် Richard Rothschild ဟာ သူ့ရဲ့ကွာရှင်းပြီးသား အရင်ဇနီးဖြစ်သူ အသက် (၄၄) နှစ်အရွယ်ရှိ Charmaine de Souza နဲ့ ၂၀၀၈ ခုနှစ်တုန်းက အတူတူပေါင်းဝယ်ခဲ့တဲ့ တန်ဖိုးကြီးတိုက်ခန်းတစ်ခန်းကြောင့် တရားရုံးမှာအမှုရင်ဆိုင်နေရပါတယ်။

Supported by Champion News Service LTD

အိမ်ထောင် သက် (၂၁) နှစ်ကြာပြီးမှာတော့ ၂၀၀၅ ခုနှစ်ကစခဲ့တဲ့ ဇာတ်လမ်းကို ၂၀၁၆ အရောက်မှာ ကွာရှင်းခဲ့ကြပါတယ်။ ကွာရှင်းစဉ်က ပိုင်ဆိုင်မှုခွဲတမ်းတွေကို သေသေချာချာ ခွဲတမ်းချပြီးပြီဖြစ်သော်လည်း အခုအခါမှာတောာ့ မီလီယံပေါင်းမြောက်များစွာ တန်ကြေးရှိနေတဲ့ ဖလောရီဒါ၊ မိုင်ယာမီကမ်းခြေမှ တိုက်ခန်းကို ပိုင်ဆိုင်မှုအရ တရားရင်ဆိုင်နေကြပါတယ်။

၂၀၀၈ ခုနှစ်တုန်းက ဒီတိုက်ခန်းကိုဝယ်ယူစဉ် (၂) မီလီယံဒေါ်လာပေးချေခဲ့ရတာဖြစ်ပြီး အခုအချိန်မှာတော့ တန်ကြေးဟာ ဒီထက်ပိုပြီး အဆမတန်တက်လို့နေပါတယ်။

READ
ဝိတ်ချဖို့လိုနေပြီးလို့ အပြောခံလိုက်ရပြီးနောက် သရဖူ ပြန်အပ်ခဲ့တဲ့ Zoiey Smale

Richard ကတော့ ဒီတိုက်ခန်းဟာ သူပိုင်တယ်ဆိုတာ ကွာရှင်းတုန်းက ပိုင်ဆိုင်မှုတွေခွဲခြားစဉ် လန်ဒန်တရားရုံးမှာအတည်ပြုခဲ့ပြီးဖြစ်တာကြောင့် ကွာရှင်းပြီးသားအရင်ဇနီးနဲ့ လားလားမျှမသက်ဆိုင်ကြောင်း အတိအလင်းပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ တရားရုံးမှာတုန်းကတော့ ဒီတိုက်ခန်းကိုသူကိုယ်တိုင်မနေဘဲ အငှားတင်မှာဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့ပြီး တကယ်လည်း အခန်းငှားဖို့အတွက် လိုအပ်တဲ့အသုံးအဆောင်တွေနဲ့ ပြင်ဆင်မှုတွေကို ငွေတော်တော်သုံးကာ ပြုလုပ်ခဲ့ပါသေးတယ်။

Sherra Michelle/Instagram

ဒါပေမဲ့ အချိန်ကြာလာတဲ့နဲ့အမျှ Richard ရဲ့ အငှားတင်မယ်ဆိုတဲ့ ကတိစကားအစား ချစ်သူအသစ်ဖြစ်တဲ့ ပလေးဘွိုင်းမော်ဒယ်ဖြစ်တဲ့ အသက် (၂၇) နှစ်အရွယ် Sherra Michelle ကိုပါ အိမ်ပေါ်ခေါ်တင်ကာ အတူတကွနေထိုင်ခဲ့တယ်လို့ အရင်ဇနီးဘက်မှရှေ့နေက တင်ပြခဲ့ပါတယ်။

Sherra Michelle/Instagram

Richard ကတော့ လန်ဒန်တရားရုံးတုန်းက ပေးခဲ့တဲ့ကတိကို သူ မတည်နိုင်ခဲ့တာမှန်ပေမယ့် ကိုယ်တိုင်နေနေရတဲ့ အကြောင်းပြချက် ခိုင်ခိုက်လုံလုံသူ့မှာရှိတာကြောင့် လျှောက်လွဲချက်တင်ဆို တင်နိုင်တယ်လို့ တရားရုံးမှာပြောခဲ့ပါတယ်။ တရားသူကြီးဖက်မှတော့ အရောင်းအဝယ်စာချုပ်မှာပါ အရင်ဇနီးနဲ့ စပ်တူဝယ်ခဲ့တဲ့ သက်သေရှိနေတာကြောင့် တိုက်ခန်းမှ တစ်ပတ်အတွင်း မပြောင်းပေးရင်တော့ Pentonville ထောင်သို့ (၂၈) ရက်တိတိ အပို့ခံရမယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။

READ
လည်ပင်းကို ဆိုင်ကယ်တာယာနဲ့ မတော်တဆစွပ်မိလို့ ဒုက္ခရောက်နေတဲ့မိကျောင်းကြီး
Sherra Michelle/Instagram

Richard နဲ့ အရင်ဇနီးဖြစ်သူ Charmaine de Souza တို့ဟာ မကွာရှင်းခင်က လန်ဒန်မှာနေထိုင်ပြီး မိုဘိုင်းဖုန်းလုပ်ငန်းကို စပ်တူလုပ်ကိုင်ခဲ့ကြကြောင်းသိရပါတယ်။ ဇွန်လ ၂၀၁၆ ခုနှစ်တုန်းက Richard Pierzchalo-Piasecki ဆိုတဲ့ နာမည်အရင်းကနေ Richard Rothschild လို့ နာမည်ပြောင်းခဲ့ပါသေးတယ်။

Champion News Service LTD

Source: The Sun

Penny

 

SHARE