အမျိုးသားမော်ဒယ်အပေါ် အသားယူခဲ့တယ်လို့ Katy Perry စွပ်စွဲခံရ

Image:Salvador Diaz(pinterest)/Josh Kloss

နာမည်ကြီးအဆိုတော် မင်းသမီးချော Katy Perry ကတော့ အမျိုးသားမော်ဒယ် တစ်ယောက် အပေါ် လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်ခဲ့တယ်လို့ စွပ်စွဲ ခံနေရပါတယ်။အမျိုးသားတစ်ယောက် အပေါ် အသားယူ အမြတ် ထုတ်တယ်လို့ စွပ်စွဲ ခံရတာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ American Idol  ရဲ့ ဒိုင်အဖြစ် ဆောင်ရွက် တုန်းကလည်း ပြိုင်ပွဲဝင် ဆယ်ကျော်သက်ကို နမ်းခဲ့လို့  ဝေဖန်ခံခဲ့ရဖူးပါတယ်။အသက် (၃၄)နှစ်ရှိနေပြီဖြစ်တဲ့ Katy Perry က (၂၀၁၂)ခုနှစ် တုန်းက Josh Kloss ဆိုတဲ့  အမျိုးသားအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ကတော့ အွန်လိုင်းပေါ်မှာ ပွ နေပါတယ်။Josh Kloss ကိုယ်တိုင်က သူ့ရဲ့ Instagram Post မှာ  Katy Perry က (၂၀၁၂) ခုနှစ် လောက်တုန်းက creative consultant ဟောင်းဖြစ်တဲ့ Johnny Wujek ရဲ့ ပါတီတစ်ခု မှာ သူ့အပေါ် အသားယူအမြတ်ထုတ်ခဲ့တာပါဆိုပြီး ပြောခဲ့တာပါ။လွန်ခဲ့တဲ့ (၇)နှစ်က အဲ့ဒီပွဲကို သူနဲ့ Katy Perry တို့ အတူတူ တက်ရောက်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

Image:Salvador Diaz(pinterest)/Josh Kloss
Image:Youtube screenshot

Josh Kloss  ကတော့ Katy Perry ရဲ့ (2010)တုန်းက “Teenage Dream” music video မှာ ပါဝင် ခဲ့ဖူး ပါတယ်။အဲ့ဒီပါတီမှာတော့ Katy က သူ့ရဲ့ ဘောင်းဘီနဲ့ အတွင်းခံကို ချွတ်ပြီး လိင်ပိုင်းဆိုင်ရာ အသားယူ ခဲ့တယ်လို့ စွပ်စွဲ ပြောဆိုခဲ့တာပါ။ဒီစွပ်စွဲ ချက်ကိုတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တုန်းက သူ့ရဲ့ IG မှာ တင်ခဲ့တာပါ။ “Teenage Dream”  ထွက်ရှိတဲ့နှစ်ပတ်လည် မှာပဲ အခုအကြောင်းကို ထုတ်ပြော ခဲ့တာပါ။Kloss ရဲ့ စကားအရ ဒီဖြစ်ရပ် ဟာ Russell Brand နဲ့ Perry တို့ရဲ့ Relationship အဆုံးသတ်လိုက်ပြီးနောက်၊MV ရိုက်ကူးပြီးချိန်မှာ ဖြစ်ခဲ့ တာ လို့ ဆိုပါတယ်။”ပါတီမှာ သူမကို ကျတော်တွေ့တော့ ကျတော်တို့ အချင်းချင်း ပွေ့ဖက်နှုတ်ဆက် ကြတယ်။သူမက အဲ့ဒီအချိန်တုန်းက အထိ ကျတော့်ရဲ့ Crush ဖြစ်နေတုန်းပဲ။ဒါပေမယ့် ကျတော့်သူငယ်ချင်းနဲ့ မိတ်ဆက်ပေး တဲ့ အချိန်မှာတော့ ကျတော့်ရဲ့ Adidas ဘောင်းဘီနဲ့ အတွင်းခံကို သူ့ရဲ့ ယောက်ျားလေး သူငယ်ချင်းတွေနဲ့ဘေးက လူတွေ အများကြီးရှေ့မှာ  ကျတော့်ရဲ့ Penis ကို ပြဖို့ ချွတ်ချ လိုက်တယ်။တွေးကြည့်လေ..ဒီလို အခြေအနေမှာ ကျတော် ဘယ်လောက်ထိ ရှက်လိုက်မလဲဆိုတာ…” ဆိုပြီး Kloss က သူခံစားခဲ့ရတဲ့ အကြောင်းကို ရင်ဖွင့်ခဲ့ပါတယ်။

READ
မှင်သက်ရှုမောလောက်စရာအလှတွေနဲ့ ပန်းရောင်မင်းသမီးလေး ရွှေမှုံရတီ
Image:IG/Josh Kloss/Perry

ဒီဖြစ်ရပ် အပြီးမှာတော့ အရမ်းတုန်လှုပ် အရှက်ရခဲ့တယ်လို့ ဆိုပါတယ်။Perry က Teenage Dream အယ်ဘမ် (၉)နှစ်ပြည့် နှစ်ပတ်လည် ကျင်းပပြီးနောက်မှာပဲ Kloss က (၂၀၁၂) တုန်းက ကြုံ ခဲ့ရတဲ့ ဒီအဖြစ် အပျက်ကို လူသိရှင်ကြား ထုတ်ပြောဖို့ ဆုံးဖြတ်ခဲ့တာပါ။Kloss ကတောာ့ အဲ့ဒီလို တွေ ပြောနေပေမယ့်လည်း ဒီပါတီကို ကျင်းပခဲ့တဲ့ Johnny Wujek  ကတော့ Perry အပေါ် စွပ်စွဲ ချက်ကို ခုခံ ပြောဆိုခဲ့ပါတယ်။”ဒီလို အဓိပ္ပါယ်မဲ့ တဲ့အရာမျိုး၊Katy က ဒါမျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး..” လို့ ပြောခဲ့ပါတယ်။

Image:IG/Josh Kloss
Image:IG/Josh Kloss/Perry

တော်တော်များများကတော့ Perry ရဲ့ ဘက်မှာရှိပြီး Perry ဘက်ကနေခုခံပြောဆိုခဲ့ပါတယ်။Katy Perry ရဲ့ Fan တွေ ကလည်း အခုလို စွပ်စွဲ နေတာတွေကို နှုတ်ဆိတ်မနေပဲ တစ်ခုခု ပြောပြီး ဖြေရှင်းပေးဖို့ Katy Perry ကို တောင်းဆို နေကြပါတယ်။

READ
Asia Model Awards မှာ ဟန်တီက Asia Model Star Award ဆုရရှိ

“Teenage Dream” music video

Katy Perry ဟာ အမျိုးသားတစ်ယောက် အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တယ်လို့ စွပ်စွဲ ခံရတာဟာ ဒါပထမဆုံး တော့မဟုတ်ပါဘူး။ American Idol  ရဲ့ ဒိုင်အဖြစ် ဆောင်ရွက်ခဲ့တုန်းကလည်း ပြိုင်ပွဲ ၀င် တစ်ယောက် ကို သူမ နမ်းခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခံခဲ့ရပါသေးတယ်။ပြိုင်ပွဲဝင် က နမ်းချင်ပုံမရတာကို သူမက အတင်းနမ်း တယ်ဆိုပြီး အပြောခံခဲ့ရတာပါ။ ဆယ်ကျော်သက်အရွယ်ကောင်လေး တစ်ယောက် ရဲ့ First Kiss ကို အတင်းယူတယ်ဆိုပြီး ပြောဆို ခဲ့ရတာပါ။

SOURCE :buzzfeednews

SHARE