တစ်ကြိမ်တည်း ထီ(၃) စောင်ဆုမဲပေါက်ပြီး ထိုင်းဘတ်ငွေသန်းချီရခဲ့တဲ့ ဦးဇင်းကြီး

Youtube/Khaosod/Khaosod

ထိုင်းဘုန်းကြီးတစ်ပါးဟာ ထီ၃စောင်ဆုမဲပေါက်ပြီး ထီ၁စောင်ကို ၆သန်းနှုန်းနဲ့  အစိုးရဆီက စုစုပေါင်းထိုင်းဘတ်ငွေ ဒေါ်လာ၁၈သန်းရရှိခဲ့ပါတယ်။ အဆိုပါဘုန်းကြီးဆီကို ထီသည်တစ်ယောက်ရောက်လာပြီး လက်မှတ်တွေရောင်းမကုန်လို့ ဝယ်ဖို့အတွက် တောင်းပန်ခဲ့တယ်ဆိုပါတယ်။ ဒါနဲ့ဘုန်းကြီးဟာ ထီလက်မှတ်အချို့ကိုဝယ်ခဲ့ရာမှ ၃စောင်မှာ ပေါက်ဂဏန်းတွေပါလာခဲ့တာပါ။

ဘုန်းကြီးဟာ သက်တော် ၆၇နှစ်ရှိပါပြီ။ ဘွဲ့တော်က Montri Samajjo ဖြစ်ပါတယ်။ ဘုန်းကြီး Piak လို့ လူသိများကြပါတယ်။ ဘုန်းကြီး Piak ဟာ ယခုလ ၁ရက်နေ့တုန်းကထွက်တဲ့ နောက်ဆုံးထီမှာ ဆုမဲ၃စောင်ပေါက်ခဲ့တာပါ။ သူဟာ Nonthaburi ပြည်နယ် Wat Thinnakorn Nimit ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးဝတ်လာတာ ၇နှစ်ရှိနေပါပြီ။ ထီလက်မှတ်တွေမဝယ်ခင်တုန်းက သူ့ဟာ အခေါင်းဟောင်းတစ်လုံးကိုလက်နဲ့ထိရတယ်ဆိုပြီး ထူးဆန်းတဲ့အိပ်မက်မက်ခဲ့ပါသေးတယ်။

Youtube/Khaosod

အောက်တိုဘာ ၃၁ရက်နေ့မှာတော့ ဘုန်းကြီး Piak က ကျောင်းထဲမှာလမ်းလျှောက်နေတုန်း ထီသည်တစ်ဦး သူ့ဆီရောက်လာပါတယ်။ ထီလက်မှတ်အားပေးဖို့ လာတိုက်တွန်းတာပါ။ ဘုန်းကြီး Piak လည်း ထီသည်ကိုသနားတာနဲ့ ထီလက်မှတ်အားပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့ ဘုန်းကြီး Piak က သူ့ဆီမှာလည်းငွေမရှိတော့ ဘုန်းကြီးတစ်ပါးဆီကနေ ဘတ်၂ထောင်ချေးလိုက်ပါတယ်။ ပြီးတဲ့အခါ နောက်ဂဏန်း ၀၄၊ ၄၀၊ ၄၇၊ ၇၄၊ ၄၄ ပါတဲ့ ထီလက်မှတ်၃စောင်တွဲကို ဝယ်ယူလိုက်ပါတယ်။ စုစုပေါင်း ထိုင်းဘတ်ငွေ ၁၅၀၀လောက်ကျသင့်ပါတယ်။

READ
ဆယ်လီဖြစ်ဖို့ ကင်းခြေများနဲ့ ပိုးကောင်တွေကို မြိန်ရေယှက်ရေ စားပြတဲ့အမျိုးသမီး

၁ရက်နေ့ရောက်လို့ ထီလည်းထွက်ရော ပေါက်မဲလေးများရမလားဆိုပြီး ဘုန်းကြီး Piak က ထီတိုက်ပါတယ်။ သူ့မှာ ဆုကြီးပိုင်ဆိုင်ရမယ်ဆိုတဲ့ စိတ်ကူးတော့ မရှိခဲ့ပါဘူး။ ဒါနဲ့ ဘုန်းကြီး Piak က သူ့ရဲ့ထီလက်မှတ်အတွဲတွေထဲမှာ ၀၄ ဂဏန်းပါနေတာကို သတိရလိုက်ပါတယ်။ သေချာတိုက်ကြည့်လိုက်တော့ သူ့ထီလက်မှတ်ဟာ ပေါက်မဲဂဏန်း ၅၀၆၄၀၄ နဲ့ တစ်ထပ်တည်း တူနေတာကို တွေ့လိုက်ရပါတော့တယ်။

Youtube/Khaosod

ဘုန်းကြီး Piak ဟာ ချက်ချင်းပဲဆုမဲတွေသွားထုတ်ပါတယ်။ သူ့မှာ သားသမီးသုံးယောက်ရှိတဲ့အတွက် တစ်ယောက်ကို ဒေါ်လာဘတ်၁သန်းစီပေးပါတယ်။ ကျန်တဲ့ပိုက်ဆံတွေထဲက အချို့ကိုတော့ သူနေတဲ့ကျောင်းနဲ့ လိုအပ်နေတဲ့နွမ်းပါးသူတွေကို လှူခဲ့ပါတယ်။ ကျန်တဲ့ပိုက်ဆံတွေကိုတော့ နောင်အခါ အကူအညီလိုအပ်နေသူတွေတွေ့ရင် ကူညီပေးဖို့ ရည်ရွယ်ပြီး သိမ်းထားကြောင်းလည်း thairesidents သတင်းအရ သိရပါတယ်။

ShweMom

SHARE