ဥာဏ်ကောင်းတဲ့မျောက်လေးနဲ့ခွေးတစ်ကောင် ချောင်းတစ်ခုကို ဖြတ်ကူးကြတဲ့အခါ

ဒီ ဗီဒီယိုဖိုင်လေးက (၂၀၁၈) ဧပြီလမှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်လေးဖြစ်ပြီး မျောက်တစ်ကောင်ရဲ့ ဥာဏ်စွမ်းရည်က အဲဒီလောက်တောင်ရှိသလားလို့ မေးခွန်းထုတ်စရာဖြစ်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးတစ်ခုပါ။

ဗီဒီယိုဖိုင်က ကိုရီးယားနိုင်ငံမှာ ရိုက်ကူးထားခဲ့တာဖြစ်ပြီး ပါဝင်တဲ့အကြောင်းအရာကိုသာ ဦးစားပေးဖော်ပြထားတာမို့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိနိုင်ခဲ့ပါဘူး။

ဗီဒီယိုဖိုင်ထဲမှာ ၀တ်စုံပြည့်ဝတ်ဆင်ထားတဲ့ မျောက်တစ်ကောင်နဲ့ အိတ်လေးတစ်လုံးကို ကျောမှာ လွယ်ပေးထားတဲ့ ခွေးဘီလူးလေးတစ်ကောင်ကို တွေ့ရမှာဖြစ်ပြီး ဒီတိရိစ္ဆာန်နှစ်ကောင်က ရေစီးနေတဲ့ ချောင်းလေးတစ်ခုကို ဖြတ်ကျော်ရမှာဖြစ်ပါတယ်။

Goodtimes

အဲဒီ ချောင်းကို ဖြတ်သန်းဖို့အတွက် ကျောက်ပြားလေးတွေ ခင်းပေးထားပြီး တစ်ဖက်ကမ်းကို မရောက်ခင်မှာ ကျောက်ပြားတစ်ပြား ပြုတ်ထွက်နေခဲ့လို့ ခုန်လွှားသွားမှ ရမယ့်အခြေအနေပါ။

ဗီဒီယိုဖိုင်ထဲမှာတော့ ဂျိမ်းစ်လို့ခေါ်တဲ့ မျောက်လေးက ခွေးရဲ့ လည်ပတ်ကြိုးကို ဆွဲထားတာဖြစ်ပြီး စမ်းချောင်းကို ဖြတ်ခင်းထားတဲ့ ကျောက်ပြားတွေတစ်လျှောက် ခွေးလေးနဲ့အတူတူ ဖြတ်သန်းသွားခဲ့တာကို တွေ့ရမှာပါ။

နှစ်ကောင်စလုံးက သတိကြီးကြီးနဲ့ ရေထဲမကျအောင် ဖြတ်သန်းနေခဲ့ပြီး တစ်ဖက်ကမ်းကို ရောက်ခါနီးမှာတော့ လွတ်နေတဲ့ ကျောက်ပြားတစ်ချပ်ကြောင့် ပြဿနာတက်ပါတော့တယ်။

Goodtimes

မျောက်ကလေး ဂျိမ်းစ်က တစ်ဖက်ကမ်းကို လွယ်လွယ်လေး ခုန်ကူးသွားခဲ့ပေမယ့် ခွေးဘီလူးလေးကတော့ ဘယ်လို လာရမှန်း ဝေခွဲမရဖြစ်နေပုံပါ။ တစ်ဖက်ကမ်းကို ရောက်သွားတဲ့ ဂျိမ်းစ်က သူ့လက်ထဲမှာ ကိုင်ထားတဲ့ လည်ပတ်ကြိုးကို လွတ်မသွားအောင် ကြိုးစားနေခဲ့ပြီး ခွေးလေးကို ဒီဖက်ကို အတင်းခေါ်ဖို့ ဆွဲနေခဲ့ပါတယ်။

READ
ယွမ်(၃)သိန်းကျော်တန် ပိုက်ဆံပန်းစည်းလက်ဆောင်ရပေမယ့် ကြေကွဲခဲ့ရတဲ့ကောင်မလေး

ရေထဲကို ကျမသွားချင်တဲ့ ခွေးလေးကလည်း ဂျိမ်းစ်ရဲ့ ကြိုးစားမှုကို ဆန့်ကျင်နေခဲ့ပြီး အဲဒီနေရာက မရွေ့အောင် တင်းခံနေခဲ့တာပါ။

ဒါပေမယ့် နောက်ဆုံးမှာတော့ ဂျိမ်းစ်က ကြိုးစကို အနည်းငယ်လျှော့ပေးလိုက်ပြီး ခွေးလေးက သူ့ကို မဆွဲတော့ဘူးလို့ ထင်နေချိန်မှာ အားအပြည့်နဲ့ ဆောင့်ဆွဲလိုက်ပါတော့တယ်။

WATCH:A monkey and bulldog team up to cross a river together in this bizarre but heart-warming video.Good lessons to learn here. 1. Support someone who needs help even though it means attaching the person to you. 2. Don't allow the person you're helping pull you down because of the connection you have with him/her. 3. Ensure you help the person get beyond that limitation. Some relatives/family members, loved ones, or even some friends can be like that dog so be the monkey that will help them excel.

Posted by Capital FM Uganda on Thursday, February 25, 2016

ခွေးလေးလည်း ရေကို လွတ်ဖို့အတွက် တစ်ဖက်ကမ်းကို အားရှိသလောက် ခုန်လိုက်ရပြီး နောက်ဆုံးမှာ နှစ်ယောက်စလုံး အောင်အောင်မြင်မြင်နဲ့ ရောက်ရှိသွားကြပါတော့တယ်။

READ
အိမ်သာထဲမှာတွေ့တဲ့ဖုန်းနံပါတ်ကအစပြုပြီး ဖူးစာဆုံခဲ့သူ၂ယောက်

ဒီ ဗီဒီယိုဖိုင်လေးက ကြည့်ရှုသူတွေကို တကယ်ပဲ အံ့သြသွားစေခဲ့ပြီး ခွေးလေးကို တစ်ဖက်ကမ်းရောက်အောင် အားထုတ်ခဲ့တဲ့ ဂျိမ်းစ်ရဲ့ ဥာဏ်ရည်ကို ကြည့်ရှုသူတွေက ချီးကျူးခဲ့ကြပါတယ်။

Linn

Source : Ladbible

SHARE