ပေ(၃၀) နီးနီးအမြင့်မှာ တွဲလောင်းကြီးဖြစ်နေတဲ့ ဆိုင်ကယ်နောက်ကွယ်က ဖြစ်ရပ်

ပြီးခဲ့တဲ့ တနင်္ဂနွေညတုန်းက ထိုင်းနိုင်ငံ Kap Choeng ခရိုင်မှာ ကားတိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ကားတိုက်မှုကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့တဲ့အပြင် ဆိုင်ကယ်တစ်စီးဟာလည်း မြေပြင်ကနေ အမြင့်ပေ(၃၀) နီးနီးထိ ရောက်သွားခဲ့ပါတယ်။ အောက်က ပုံမှာတော့ ဟွန်ဒါမော်တော်ဆိုင်ကယ်တစ်စီးဟာ လမ်းဘေးဓာတ်တိုင်တစ်တိုင်ရဲ့ ဓာတ်ကြိုးတွေကြားထဲ တွဲလောင်းကြီးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

Sanook
Photos from CB650F Thailand Facebook page

မျက်မြင်သက်သေတစ်ဦးရဲ့ ပြောပုံအရ ၄င်းဆိုင်ကယ်ကို အီဆူဇူပစ်ကပ်ထရပ်ကားတစ်စီးက ကားနောက်မြီးမှာ တင်ဆောင်လာတယ်လို့ ဆိုပါတယ်။ ထရပ်ကားမောင်းသမားဟာ မောင်းလာရင်း တစ်ဖက်ကလာတဲ့ ဆိုင်ကယ်သမားကို ရှောင်လိုက်ရာမှ အရှိန်လွန်ပြီး ထရပ်ကားက ပက်လက်ကြီး တိမ်းမှောက်သွားခဲ့ပါတယ်။ နောက်မြီးပေါ်မှာပါလာတဲ့ ဆိုင်ကယ်ကတော့ အရှိန်နဲ့ အပေါ်ကို မြှောက်တက်သွားကာ ဓာတ်အားကြိုးလိုင်းတွေမှာ သွားငြိနေခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်စဉ်မှာတော့ ပစ်ကပ်ထရပ်ကားထဲ လိုက်ပါလာသူ (၅) ဦးဟာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၄င်းတို့ကို ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

bangkokpost
Sanook

လင်းလင်း (ShweMom)

Ref: bangkokpost, coconuts

SHARE