ခရစ်စမတ် နဲ့ ပတ်သက်ပြီး လူတိုင်းမှာ အမှတ်တရ ကိုယ်စီရှိကြမှာပါ။ဒါပေမယ့် ဗြိတိန် အမျိုးသမီး တစ်ဦး ပြောလာတဲ့ သူမနဲ့ ခရစ်စမတ် နေ့ နဲ့ ကြားက ထူးခြားမှု တစ်ခုက တော့ လူတိုင်းကို အံ့သြ သင့်စေခဲ့ပါတယ်။သူမက တော့ ခင်ပွန်းဖြစ်သူရဲ့ စိတ်အလို ဆန္ဒ ကို ခရစ်စမတ် တစ်နေ့ တည်းမှာပဲ လိုက်လျော တယ်လို့ ဆိုပါတယ်။အဲ့ဒီ အမျိုးသမီးရဲ့ နာမည်က တော့ Jen Stevens ဖြစ်ပြီး ဗြိတိန် က ကလေး အမေ တစ် ယောက်ပါ။ အသက် ၂၃ နှစ် ရှိ နေတဲ့ သူမကေ တာ့ Rob Walker ဆိုတဲ့ အသက် ၂၄ နှစ် အရွယ် ပါတနာ ချစ်သူ တစ်ယောက် ရှိပါတယ်။ Rob Walker က တော့ တခြား အမျိုးသားတွေနဲ့ မတူပဲ အဲ့ဒီ တစ်နေ့မှာပဲ ချစ်သူ အမျိုးသမီး နဲ့ အတူ နေ ခွင့်ရတာပါ။ဒီအ ကြောင်းကိုတော့ news.com.au မှာ ဖော်ပြ ထားတာပါ။

Jen Stevens ရဲ့ စကားကြောင့် အွန်လိုင်း အသုံးပြုသူ တော်တော် များများက မယုံ နိုင် ဖြစ် ခဲ့ ကြပါတယ်။တစ်ချို့က တော့ ဒါကြီး က ထူး ဆန်း လွန်းတယ်၊တစ်ချို့က ကျ တော့ လည်း အပိုတွေ ညာ ပြော နေတာ လို့ အ မျိုးမျိုး တုံ့ ပြန် ခဲ့ ကြပါတယ်။တစ်ချို့က တော့ ဒါဆိုရင် ကလေး က ဘယ်လို ရတာလဲ ဆိုပြီး ကြံ ကြံ ဖန် ဖန် မေးခွန်း ထုတ်ခဲ့ ကြပါတယ်။Rob နဲ့ Jen တို့က တော့ လွန်ခဲ့တဲ့ သုံးလ က မှ သမီးလေး မွေး ခဲ့တာပါ။ ရက် ပြန် တွက်ကြည့် တော့လည်း ကလေးက ခရစ်စမတ် အပြီး လောက် ရတဲ့ ကလေး ပါ။

Jen က တော့ သူမနဲ့ Rob ကြားက သဘော တူညီ မှုက တခြားလူတွေ အတွက် တော့ ဒါကြီးက ရူးနှမ်းလွန်းတယ်လို့ ထင် ကောင်း ထင် နိုင် ပေမယ့် ဒီအချက်က သူတို့ကြားက ဆက်ဆံ ရေးကို ပိုပြီး တော့ တောင် ခိုင်မြဲ စေတယ်လို့် သူမက ဆိုပါတယ်။သူမ က တော့ ဒါကို ခရစ်စမတ်လက်ဆောင် အဖြစ်ပေးတာပါ။

“ကျန်တဲ့ ရက်တွေ အကုန် လုံးမှာ ကျွန်မ တို့နှစ်ယောက် နမ်းရုံ ပွေ့ဖက် ရုံ လောက် နဲ့ ပျော်ကြတယ်။ကျွန်မ စကားမှန် မမှန် သမီးလေးက သက် သေပဲ.ပြီးခဲ့တဲ့ ခရစ်စမတ်မှာ ကျွန်မတို့ ကြိုးစားပြီး သမီးလေးကို ရခဲ့တာ. ခရစ်စမတ်ပြီး သုံးပတ် အကြာမှာ ကိုယ်ဝန် ရ နေတာကို သိလိုက် ရ တော့ ကျွန် မတို့ နှစ်ယောက်လုံး အရမ်းကို ပီတိ ဖြစ်ခဲ့ရတယ်” ဆိုပြီး တော့ သူမက ပြောခဲ့ပါတယ်။တခြားသူတွေ အတွက် တော့ ဒီလို ကာမ ကိစ္စ အပေါ် ဘယ်လိုတွေ သဘော ထား လဲ ဆိုတာကို သူမဘက်က တော့ ဂရုမစိုက် ကြောင်းနဲ့ သူမတို့ အနေနဲ့က တော့ ခရစ်စမတ် နေ့ တစ်နေ့တည်းနဲ့ တင်ပဲ လုံလောက် တယ်လို့ ဆိုပါတယ်။

#SHWEMOM