ဘ၀မှာ အောင်မြင်ဖို့ဆို ကိုယ့်ရဲ့ လက်တွဲဖော် အပေါ်လည်းမူတည်ကြောင်း လေ့လာတွေ့ရှိ

ဘ၀မှာ အောင်မြင်ဖို့အတွက် အခြေခံအကြောင်းအရင်းများစွာရှိပါတယ်။ အောင်မြင်ဖို့ စိတ်ထားကို မွန်မွန်မြတ်မြတ်ထားတတ်ရမယ်၊ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ရမယ်၊ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို လုပ်ဖို့ လိုလိုလားလားရှိနေတဲ့ သူမျိုး ဖြစ်ရမယ်။

အထက်ပါအချက်တွေက အောင်မြင်ရဖို့အတွက် လိုအပ်တဲ့ အရည်အသွေးတစ်ချို့ဖြစ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ အထွေထွေ အမှုကိစ္စတွေမှာ အောင်မြင်ဖို့ဆိုရင်တော့ သင့်အနေနဲ့ ဘ၀အတွက် တစ်သက်လုံး လက်တွဲသွားမယ့် သူအပေါ် အသေအချား ဆုံးဖြတ်ရွေးချယ်ဖို့ လိုပါတယ်။

“အောင်မြင်တဲ့ အမျိုးသားတွေတိုင်းရဲ့ နောက်မှာ ထက်မြက်တဲ့ အမျိုးသမီးတွေရှိတယ်” ဆိုတာကို ကြားဖူးကြပါလိမ့်မယ်။ ဒီအဆိုဟာ အမျိုးသမီးတွေအတွက်ဆိုလည်း မှန်နေတာပါပဲ။

တကယ်လည်း အားပေးထောက်ကူမှု ပေးနိုင်တဲ့ အိမ်ထောင်ဖက်ရှိသူတွေဟာ အောင်မြင်ဖို့အတွက် အခွင့်အလမ်းတွေကို ပိုရှာဖွေ တွေ့ရှိတတ်ကြတယ်ဆိုပြီး Carnegie Mellon တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်က ဖော်ပြထားပါတယ်။

လေ့လာသူတွေဟာ စုံတွဲ (၁၆၃) တွဲနဲ့ ဆန်းစစ်ခဲ့ကြတယ်။ စုံတွဲတစ်တွဲစီတိုင်းကို ပါဇယ်တွေ ဖြေရှင်းခိုင်းပြီး ယှဉ်ပြိုင်စေခဲ့ပါတယ်။ လေ့လာသူတွေက စုံတွေတွေရဲ့ အပြန်အလှန် ဖေးကူးပြီး ဆုံးဖြတ်ချက်တွေအတွက် ပြင်ဆင်ကြပုံတွေအား မှတ်တမ်းယူခဲ့ကြတယ်။

READ
ကောင်မလေးတွေကိုစိတ်လှုပ်ရှားစေတဲ့ ချစ်သူကောင်လေးရဲ့ဂရုစိုက်မှုပုံစံများ

အဲ့ဒီ့မှာ ပိုပြီး အပြန်အလှန် ဖေးဖေးမမရှိတဲ့ အတွဲတွေက စိန်ခေါ်မှုကို အောင်မြင်ပြီး ဆုရတာကို တွေ့ရပါတယ်။ အေးစက်ပြီး အားမပေးတတ်တဲ့ စုံတွဲတွေသာ တိုင်တွေ ပတ်ပြီး ကျန်ခဲ့တာကို တွေ့ရတယ်။

ဒီလို စိန်ခေါ်မှုကို တူတူ ရင်ဆိုင်ခဲ့တဲ့ စုံတွဲတွေဟာ လအနည်းငယ် အကြာမှာပဲ ပုဂ္ဂိုလ်ရေး တိုးတက်မှုတွေရှိလာတာ၊ ပျော်ရွှင်လာကြတာ၊ စိတ်ပိုင်းဆိုင်ရာ ဆက်နွှယ်မှုတွေ အားကောင်းလာတာကို တွေ့ရပါတယ်။

အလုပ်အခွင့်အလမ်းနဲ့ ပတ်သက်တဲ့ အပိုင်းမှာလည်း ဆွေးနွှေး ညှိနှိုင်းတတ်တဲ့ အိမ်ထောင်ဖက်ရှိသူတွေက အခွင့်အလမ်းကောင်းတွေကို ပိုရှာတွေဖို့ လွယ်တယ်လို့ ဆိုထားပါတယ်။

ကမ္ဘာပေါ်က အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ Facebook ရဲ့ စီအီအို Mark Zuckerberg, အမေရိကန် သမ္မတဟောင်း Barrack Obama, ဂီတ အဆိုကြော် Beyonce Knowles တို့ဟာ အိမ်ထောင်ဖက်ကောင်းကို ပိုင်ဆိုင်ထားရသူတွေပါ။

Zuckerberg ဟာ သူရဲ့ ဇနီး Priscilla Chan က သူ့ဘ၀ရဲ့ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်တယ်ဆိုပြီး (၂၀၁၇) ခုနှစ် Havard တက္ကသိုလ်မှာ ကျင်းပတဲ့ ဘွဲ့နှင်းသဘင် မိန့်ခွန်မှာ အခုလို ထည့်ပြောသွားခဲ့တယ်။

READ
ချစ်သူအမျိုးသား ကိုယ့်ကိုလိမ်နေကြောင်း သိနိုင်သည့် အမူအယာများ

“ပရီဆီလာက ကျွန်တော့်ရဲ့ အရေးပါဆုံးသူဖြစ်တဲ့အတွက် ဟားဗတ်မှာ ရှိခဲ့တဲ့ အချိန်တွေကလည်း ကျွန်တော့်ဘဝအတွက် အရေးပါဆုံး အချိန်တွေဖြစ်ခဲ့ပါတယ်” ဆိုပြီးပဲဖြစ်ပါတယ်။

အိုဘားမားဆိုလည်း သူ့ရဲ့ နိုင်ငံရေး အောင်မြင်မှုတွေပတ်သက်ပြီး သူ့ရဲ့ ဇနီးဖြစ်သူ မီရှယ်လ်ရဲ့ ကျေးဇူးမကင်းပုံကို အခုလို ပြောပြပါတယ်။

“ကျွန်တော်စွမ်းဆောင်ခဲ့တာတွေကို မီရှယ်မရှိရင် စွမ်းဆောင်နိုင်ခဲ့မှာမဟုတ်ပါဘူး။ ကျွန်တော့်ဘဝကို အဆင်ပြေနေစေတာ ဖိအားတွေအောက်က ကျွန်တော့်ကို ဖေးမပေးတာ သူမ ပါပဲ။ ကျွန်တော့်ဘဝရဲ့ နေ့ရက်တိုင်းမှာ သူမကို မှီခိုရပါတယ်”

ဘီယွန်းလည်း သူမရဲ့ ခင်ပွန်း ဂျေဇီရဲ့ အားပေးကူညီမှုတွေကြောင့် သူမအခုလို အမျိုးသမီးဖြစ်နေတာဖြစ်ကြောင်း ညွှန်းဆိုခဲ့ပါတယ်။

ဒီတော့ သင့်အနေနဲ့လည်း ဘ၀ရဲ့ ကဏ္ဍတွေတိုင်းမှာ အောင်မြင်ဖို့အတွက်ဆို သင့်တော်တဲ့ လက်တွဲဖော်ကို ရွေးချယ်တတ်မှ ဖြစ်မယ်ဆိုတဲ့ အကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

Ref: Elite Reader

Matthew (ShweMOM)
SHARE