ဖေ့စ်ဘုတ်အကောင့် ဟက်ခံလိုက်ရတဲ့ ဧငြိမ်းဖြူ

ရေဒီယို ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိလာပြီး အကဗီဒီယိုတွေနဲ့လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုတွေရရှိလာတဲ့ မင်းသမီးလေးတစ်ေ်ယာက်ဖြစ်တဲ့ ဧငြိမ်းဖြူရဲ့ အကောင့်ကတော့ ဒီကနေ့မှာပဲ ဖေ့စ်ဘုတ်ဟက်ကာတွေရဲ့ ဟက်ခြင်းကို ခံလိုက်ရပြီဖြစ်ပါတယ်။

ဧငြိမ်းဖြူ အကောင့်ဟက်ခံလိုက်ရတဲ့ အကြောင်းကိုတော့ သူမရဲ့ ချစ်သူ ရဲရင့်အောင်က သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ပြီး ပုံပါအတိုင်း ပြောပြထားတာဖြစ်ပါတယ်။

လတ်တလောမှာတော့ အနုပညာရှင်တော်တော်များများရဲ့ ဖေ့စ်ဘုတ်အကောင့်တွေ ဟက်ခံနေရပြီး တချို့သော အနုပညာရှင်တွေဆိုရင် ငွေကြေးခြိမ်းခြောက်မှုတွေတောင် ခံနေရပါတယ်။ ပရိသတ်တွေလည်း ဧငြိမ်းဖြူလေး အမြန်ဆုံး ဖေ့စ်ဘုတ်အကောင့် ပြန်ရသွားဖို့အတွက် ဆုတောင်းပေးလိုက်ပါဦးနော်။

Source: Ye Yint Aung

SHARE