မဂ္ဂဇင်းတစ်ခုအတွက် ဓါတ်ပုံရိုက်ကူးပေးခဲ့တဲ့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေ ရရှိထားတဲ့ အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ဧငြိမ်းဖြူနဲ့ ရဲရင့်အောင်တို့ကတော့ ဇွန်လ (၁၂) ရက်နေ့က  ‘STUN’ Magazine အတွက် မဂ္ဂဇင်း ဓါတ်ပုံတွေကို ရိုက်ကူးပေးခဲ့ ကြတာဖြစ်ပါတယ်။ ပရိသတ်တွေ ချစ်ခင်ကြတဲ့ ချစ်သူစုံတွဲလေးလည်းဖြစ်တဲ့ ဧငြိမ်းဖြူနဲ့ ရဲရင့်အောင်တို့ စုံတွဲကတော့ အတွဲညီညီနဲ့ ဓါတ်ပုံတွေကို ရိုက်ပေးခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ကတော့ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ ချစ်စရာကောင်းတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ဇွန်လ(၉)ရက်နေ့ကမှ စိတ်အခန့်မသင့် အဆင်မပြေမှုတွေကြုံခဲ့ပြီး ဧငြိမ်းဖြူကတော့ သူတို့ချစ်သူနှစ်ဦး လမ်းခွဲလိုက်ပြီလို့ တင်ခဲ့ပါသေးတယ်။

ဇွန်လ (၁၂) ရက်နေ့မှာ ရိုက်ကူးခဲ့တဲ့ သူတို့ရဲ့ ဓါတ်ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေကတော့ လိုက်ဖက်လွန်းတဲ့ သူတို့နှစ်ဦး အမြန်ဆုံး ပြန်ပြီး အဆင်ပြေသွားကြပြီလို့ ထင်ကြေးပေးနေကြပါတယ်။ ဒါ့အပြင် ဇွန်လ( ၁၂) နေ့မှာပဲ ဧငြိမ်းဖြူကလည်း သူမရဲ့ ဖေစ်ဘုတ် Myday မှာ ရဲရင့်အောင်နဲ့အတူ ရိုက်ထားတဲ့ ဓါတ်ပုံလေးကို တင်ပေးထားပါသေးတယ်။

READ
အမိုက်စား ဆံပင်စတိုင်နဲ့ အပြတ်လန်းနေတဲ့ မိစန္ဒီ

သူတို့ ချစ်သူနှစ်ဦးကတော့ ပရိသတ်တွေ မျှော်လင့်ထားတဲ့ အတိုင်း ပြန်အဆင်ပြေသွားတဲ့ပုံပါပဲ။ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးလိုက်ကြပါဦးနော်။

Source: A Nyein Phyu,’STUN’ Magazine

SHARE