ခပ်မိုက်မိုက်ပုံလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်တဲ့ ဧငြိမ်းဖြူ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ မော်ဒယ်၊ မင်းသမီး ဧငြိမ်းဖြူကတော့ အနုပညာအလုပ်တွေကို မနားတမ်းကြိုးစားဆောင်ရွက်နေရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဧငြိမ်းဖြူက အကအလှတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ဖမ်းစားထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ ဓါတ်ပုံတွေ တင်လေ့ရှိတဲ့ ဧငြိမ်းဖြူကတော့ ဒီကနေ့မှာလည်း ခပ်မိုက်မိုက် ဓါတ်ပုံလေးတွေကို တင်ပေးထားပါသေးတယ်။

ဧငြိမ်းဖြူက အမူအရာလေးတွေ အမျိုးမျိုးနဲ့ ဆွဲဆောင်မှုရှိနေတဲ့ ဓါတ်ပုံလေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။ “အမြဲတမ်းပြုံးနေပါ … ကိုယ့်ကိုကိုယ် ချစ်ပါ ပျော်ရွှင်မူဆိုတာ ကိုယ်တိုင်ဖန်တီးယူမှ ရတာ” လို့ရေးထားပြီး ဓါတ်ပုံလေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။

ဧငြိမ်းဖြူကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဧငြိမ်းဖြူရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော်။

Source: A Nyein Phyu

SHARE