Beyonce သီချင်းကို အမိုက်စား သီဆိုလေ့ရှိတဲ့ တိရစ္ဆာန်ရုံကကြက်တူရွေးလေး

[email protected] chicoparrot

ကြက်တူရွေးလေးတွေဆိုတာ ငှက်တွေထဲမှာ လူသားတွေရဲ့ အသံအထွက်အတိုင်း သေသေချာချာသင်ပေးရင် လိုက်ပြောလေ့ရှိတဲ့ ငှက်တစ်မျိုးပါ။ ဒါ့ကြောင့်လဲ ကြက်တူရွေးတော်တော်များများကို လူတွေက အိမ်မွေတိရစ္ဆာန်အဖြစ်နဲ့ မွေးစားခဲ့ကြတာ ဖြစ်ပါတယ်။ လူတွေဆီက ကြားသမျှအသံတိုင်းကို မပီကလာ ပီကဘာနဲ့ လိုက်ပြောလေ့ရှိတာလည်း ဒီကြက်တူရွေးလေးတွေပါပဲ။ ဒါပေမယ့် အခုပြောပြမယ့် ကြက်တူရွေးလေးကတော့ အသံတော်တော်ပီသလွန်းပါတယ်။ ဒါ့အပြင် အဆိုပါကြက်တူရွေးလေးဟာ Beyonce ရဲ့ သီချင်းတစ်ပုဒ်ကို အသံနေအသံထား မှန်မှန်နဲ့ လိုက်ဆိုနေတာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေး နာမည်ကြီးနေကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] chicoparrot

အဆိုပါကြက်တူရွေးလေးကတော့ အသက် ၉ နှစ်အရွယ်သာရှိသေးတဲ့ Chico လို့ အမည်ရတဲ့ ကြက်တူရွေးလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ Chico ဟာ အင်္ဂလန်နိုင်ငံ၊ Lincolnshire ကောင်တီရှိ Lincolnshire Wildlife Park ထဲမှာ နေထိုင်နေတာ ဖြစ်ပါတယ်။ Chico လေးရဲ့ ထူးခြားချက်ကတော့ သူ့လှောင်အိမ်အနားလာပြီး သူ့ကို လာကြည့်တဲ့လူမှန်သမျှကို Beyonce ရဲ့ If I Were a Boy သီချင်းကို ဆိုပြလေ့ ရှိပါတယ်။

READ
သခင်တွေအပေါ်ထားရှိတဲ့ ခွေးလေးတွေရဲ့ အကြွင်းမဲ့အချစ်ကို ဖော်ပြနေတဲ့ဓာတ်ပုံများ

 

ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်း Chico ဟာ Beyounce သီချင်းကို အသံနေအသံထားကျကျနဲ့ သေသေချာချာ ဆိုပြနေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ Chico ဆီကို လာလည်တဲ့ လူတော်တော်များများဟာ Chico ရဲ့ သီချင်းဆိုပုံကို တော်တော်လေး သဘောကျနေပြီး ဆိုရှယ်မီဒီယာမှာ Chico ရဲ့ ဗီဒီယိုကို ကြည့်ရှု့ခဲ့တဲ့ လူတော်တော်များများကလည်း Chico ကို ဝိုင်းဝန်းချီးမွမ်းခဲ့ပါတယ်။ Chico ဟာ တစ်ခါတစ်ခါကျရင်လည်း Lady Gaga ရဲ့ Poker Face သီချင်း၊ Gnarls Barkley ရဲ့ Crazy သီချင်းနဲ့ Katy Perry ရဲ့ Firework သီချင်းတို့ကို ဆိုလေ့ရှိကြောင်း သိရပါတယ်။

READ
ကိုယ်အလေးချိန် (၂၈) ပေါင်နဲ့ အရမ်းအ၀လွန်နေလို့ သခင်စွန့်ပစ်ခံရတဲ့ ကြောင်လေး

 

 

View this post on Instagram

 

#chicoparrot #lincolnshirewildlifepark #amazonparrot #lincswildlifepark #yellowcrownedamazon

A post shared by Official Chico Parrot (@chicoparrot) on

“ကျွန်တော်တို့ဆီက ဝန်ထမ်းတွေက ဘယ်သူမှသင်ပေးထားတာတော့မရှိပါဘူး။ Chico ဒီကိုရောက်ပြီး သိပ်မကြာခင်မှ အခုလို ဆိုတတ်လာတာပဲ ဖြစ်ပါတယ်။ Chico က ပွင့်ပွင့်လင်းလင်းပြောရရင် တော်တော်လိမ္မာတဲ့ကောင်ပါ။ ဒီလိုမျိုးဆိုတတ်တယ်ဆိုတာကလည်း ကျွန်တော်တို့ဆိုတာ ဒါမှမဟုတ် ကျွန်တော်တို့ဖွင့်တဲ့ သီချင်းတွေကိုကြားပြီး လိုက်ဆိုတာလို့ ထင်ပါတယ်”လို့ Lincolnshire Wildlife Park မှ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE