အစာအိမ်ထဲညှပ်နေတဲ့ ပလတ်စတစ်တွေကြောင့် သေသွားခဲ့ရှာတဲ့ သနားစရာပင်လယ်လိပ်လေး

facebook/Gumbo Limbo Nature Center, Inc.

ဖလော်ရီဒါတောင်ပိုင်း သဘာဝစင်တာတစ်ခုမှာ တွေ့ရတဲ့ ဓာတ်ပုံတစ်ပုံအရ ပလတ်စတစ်တွေဟာ ပင်လယ်ရေနေသတ္တ၀ါတွေရဲ့ ဘ၀ကို ဆိုးဆိုးရွားရွားထိခိုက်စေကြောင်း fox13news အရ တွေ့ရှိရပါတယ်။ ဘိုကာရာတွန်မြို့မှ ၄င်း Gumbo Limbo သဘာဝစင်တာအရ လိပ်သေးလေးတစ်ကောင်ဟာ သေဆုံးပြီး ကမ်းခြေမှာ သောင်တင်နေခဲ့တာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

စင်တာကတော့ “လိပ်ကလေးက လက်ဖ၀ါးထဲထည့်ရင်တောင် ဆန့်လောက်ပါတယ်။ သူက ပလတ်စတစ်စပေါင်း အခု(၁၀၄) ခုကို စားထားပြီးပြီ…” လို့ ရေးသားထားပါတယ်။ စင်တာမှ ၀န်ထမ်းကတော့ လိပ်ကလေးအသက်မရှင်ရတဲ့ အကြောင်းရင်းဟာ သူ့အူထဲမှာရှိနေတဲ့ ပလတ်စတစ်တွေကြောင့်လို့ ဆိုခဲ့ပြီး လူသားတွေစွန့်ပစ်တဲ့ ပလတ်စတစ်တွေကြောင့် ရေနေသတ္တ၀ါတွေ ထိခိုက်ခံစားရပုံတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

Not such a happy #TurtleTuesday this week. It's washback season at Gumbo Limbo and weak, tiny turtles are washing up…

Posted by Gumbo Limbo Nature Center, Inc. on Tuesday, October 1, 2019

လင်းလင်း (ShweMom)

SHARE