ပြတင်းပေါက်နားမှာ ရပ်နေတဲ့ အဖြူရောင်မိန်းမပုံရိပ်ရဲ့နောက်ကွယ်မှာ….

twitter/Amy__Macdonald

ဂီတပညာရှင်တစ်ဦးဖြစ်သူ အေမီမက်ဒေါ်နယ်က သူမ သူငယ်ချင်းတစ်ယောက်ဟာ အလုပ်လုပ်နေရင်း ရယ်စရာဖြစ်ရပ်တစ်ခုနဲ့ ကြုံခဲ့ရတဲ့အကြောင်း ပရိသတ်တွေဆီ ပြောပြခဲ့ပါတယ်။ အေမီက ဂလက်စကိုမှာ နေတာပါ။ တစ်နေ့တော့ အေမီက ဆိုရှယ်မီဒီယာပေါ်မှာ ဓာတ်ပုံတစ်ပုံတင်လိုက်ပါတယ်။ ဓာတ်ပုံက အဆောက်အဦးတစ်ခုရဲ့ အပြင်ဘက်ကို ရိုက်ထားတဲ့ပုံပါ။ ဒီပုံကို အေမီရဲ့ သူငယ်ချင်းက ဓာတ်ပုံရိုက်ပြီး အေမီ့ဆီ ပို့ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာတော့ ပြတင်းပေါက်တစ်ခုကို မြင်ရမှာ ဖြစ်ပြီး ပြတင်းပေါက်မှာတော့ လူတစ်ယောက်ကို တွေ့ရမှာပါ။ ပြတင်းဘောင်ဘေးမှာ ရပ်နေတဲ့လူဟာ အဖြူရောင်ဂါဝန်ရှည်ဝတ်ထားပြီး ဆံပင်အတိုနဲ့ အမျိုးသမီးတစ်ယောက်ရဲ့လို့ ယူဆရပါတယ်။

အေမီကတော့ ကျွန်မသူငယ်ချင်းက အလုပ်မှာပါ။ အလုပ်လုပ်နေရင်း မျက်နှာချင်းဆိုင်ရှေ့တိုက်က ပြတင်းပေါက်မှာ အမျိုးသမီးတစ်ယောက် ရပ်နေတာကို တွေ့လိုက်တယ်။ ကျွန်မသူငယ်ချင်းက ဘာမှထွေထွေထူးထူး မတွေးပါဘူး။ အဲ့ဒီအမျိုးသမီးက ပြတင်းပေါက်ကနေ ရှူခင်းကြည့်ရင်း ကော်ဖီဖျော်မလို့ လုပ်နေတာလို့ ထင်လိုက်ပါတယ်…

“… ဒါပေမယ့် နာရီတွေသာ ကြာလာတယ်။ အမျိုးသမီးက အဲ့ဒီနေရာကနေ လှူပ်လည်းမလှူပ်၊ ရွေ့လည်းမရွေ့ဆိုတော့ ကျွန်မသူငယ်ချင်းလည်း လန့်လာတယ်။ လူကိုလည်း တွေ့နေရတယ်။ ဒါပေမယ့် တုတ်တုတ်မှလည်း မလှူပ်ဆိုတော့ ဘာများ ဖြစ်တာလဲဆိုပြီး စိုးရိမ်သွားတာ။ ဒါနဲ့ ပိုပြီး သေချာမြင်ရအောင်ဆိုပြီး ပြတင်းပေါက်ရှေ့ကို ကျွန်မ သူငယ်ချင်းက သွားကြည့်လိုက်တယ်။ ဒီတော့မှ အစတုန်းက သူတွေ့ရတဲ့ အမျိုးသမီးက လူတစ်ကိုယ်စာလောက်ရှိတဲ့ အရုပ်ကတ်ထူပြားကြီး ဖြစ်နေမှန်း သိလိုက်ရတာ။ ကျွန်မသူငယ်ချင်းလည်း သူ့အဖြစ်သူ သဘောကျတာပေါ့။ အဲ့ဒီအခန်းမှာနေတဲ့သူကိုတော့ ဒီလို ရယ်ရအောင် လုပ်ပေးလို့ ကျေးဇူးတင်ရမယ်….” လို့လည်း ပြောပြခဲ့ပါတယ်။

လူ့အမြင်အာရုံက တစ်ခါတစ်လေ ထူးဆန်းပါတယ်။ ပစ္စည်းတစ်ခုကို အလင်းအမှောင်နဲ့ ပေါင်းစပ်ပြီး တွေ့ရတဲ့အခါ တစ်ချို့ပစ္စည်းတွေက လူ့စိတ်ကို သို့လောသို့လော ဖြစ်စေပါတယ်။ ဒီအချက်ကို ဂျပန်နိုင်ငံက ဇနီးမောင်နှံနှစ်ဦးကလည်း အသုံးချခဲ့ပါတယ်။ ဂျပန်လူမျိုး မိခင်တစ်ဦးဖြစ်တဲ့ ဖူကီဆာတိုနဲ့ သူမအမျိုးသားတို့ဟာ သူတို့နှစ်ယောက်စလုံးရဲ့ ခန္ဓာကိုယ်အရွယ်အစားအတိုင်းရှိတဲ့ ပုံတူကတ်ထူစက္ကူပြားတွေကို တစ်ခုစီလုပ်ပြီး အိမ်မှာ ထားပါတယ်။ အဓိကက ကလေးအတွက်ပါ။

twitter

ဖူကီဆာတိုရဲ့ တစ်နှစ်အရွယ် ကလေးလေးက မိခင်မျက်စိရှေ့က ပျောက်သွားတာနဲ့ အော်ဟစ်ငိုယိုတတ်ပါတယ်။ ဒါကြောင့် ဖူကီဆာတိုတို့ ဇနီးမောင်နှံက သူတို့တွေ အလုပ်လုပ်နေလို့ ကလေးနားမှာ မရှိနိုင်တဲ့အခါ ကလေးရှေ့ကို သူတို့ရဲ့ ပုံတူကတ်ထူစက္ကူပြားကို ထားခဲ့ပါတယ်။ ဒီအခါ ကလေးက မိဘတွေရှိနေတယ်လို့ ထင်ပြီး ငိုယိုတာတွေ မလုပ်တော့ပါဘူး။ အမြင်အာရုံရဲ့ လှည့်စားမှူဟာ အံ့သြစရာကောင်းတဲ့အကြောင်းကို ladbible ကနေတဆင့် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE