ပတ်ဝန်းကျင်မှာ အလွယ်တွေ့ရတဲ့ ပစ္စည်းတွေနဲ့ ဓာတ်ပုံကောင်းတွေဖန်တီးနေသူ အမျိုးသား

instagram/jordi.koalitic

ဓာတ်ပုံပညာရှင်တစ်ဦးဖြစ်သူ ဂျော်ဒီပြူဝစ်ဘာတ်လေးဟာ သူ့ရဲ့ ဓာတ်ပုံပညာနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို သိုဝှက်မထားပဲ အိတ်သွန်ဖာမှောက် ပြောပြတတ်သူပါ။ ဂျော်ဒီရဲ့ အင်စတာဂရမ်ထဲကို ၀င်ကြည့်လိုက်ရင် သူရိုက်ထားတဲ့ ရိုက်ကွင်း ရိုက်ကွက်တွေဟာ အရမ်းကောင်းလွန်းလို့ ဖိုတိုရှော့တွေ နင်းကန်လုပ်ထားတယ်လို့တောင် ထင်စရာရှိပါတယ်။

instagram/jordi.koalitic
instagram/jordi.koalitic

ဒါပေမယ့် ဂျော်ဒီကတော့ သူ့ရဲ့ ထူးခြားတဲ့ လက်ရာတွေဟာ လူတွေရဲ့ နေ့စဉ်သုံးပစ္စည်းတွေအပေါ်မှာ အမှီပြုပြီး ဖန်တီးထားတာဖြစ်တယ်ဆိုတဲ့အကြောင်း insider သတင်းကနေ သိရပါတယ်။ ဂျော်ဒီဟာ ငါးမျှားကြိုး၊ ဖိနပ်ဘူး၊ ဇကာပေါက် စတဲ့ အသုံးအဆောင် ပစ္စည်းတွေနဲ့ ဓာတ်ပုံကောင်းတွေကို ဖန်တီးနေတာပါ။

instagram/jordi.koalitic
instagram/jordi.koalitic

ဂျော်ဒီဟာ ဘာစီလိုနာမှာ နေထိုင်နေတဲ့ စပိန်နိုင်ငံသား ဖြစ်ပါတယ်။ လက်ရှိမှာတော့ အသက်(၂၇) နှစ်ရှိပြီဖြစ်ပြီး အစ်ကိုဖြစ်သူ အာနိုးနဲ့အတူ ကုမ္ပဏီတစ်ခုထောင်ထားကာ ဓာတ်ပုံပရောဂျက်တွေကို လက်ခံနေပါတယ်။ သူဟာ အရင်တုန်းက ရုပ်ရှင်ရိုက်ကူးသူတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့ဖူးတာကြောင့် ရုပ်ရှင်ဆန်ဆန် မြင်ကွင်းတွေကို လက်တွေ့ဘ၀ထဲ ဘယ်လိုလှပအောင် ဖန်တီးနိုင်လဲဆိုတာ သိရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။

READ
အချိုးကျကျနဲ့အနုပညာဆန်စွာ ဆွဲဆောင်မှုရှိလွန်းလှတဲ့ဓာတ်ပုံများ စုစည်းမှု
instagram/jordi.koalitic
instagram/jordi.koalitic

“အရာတိုင်းမှာ အနုပညာဘက်က မြင်တဲ့အမြင်ဆိုတာ ရှိပါတယ်။ ကျွန်တော်က ဘယ်အရာမျိုးကို မဆို ဓာတ်ပုံရိုက်နိုင်တယ်။ အဓိက ဓာတ်ပုံရိုက်တဲ့အခါမှာ အရေးကြီးတာက နေရာအနေအထားနဲ့ ထောင့်တွေကို မှန်ကန်အောင် ယူဆတတ်ဖို့ပဲ…” လို့ လည်း ဂျော်ဒီက ဆိုပါတယ်။

instagram/jordi.koalitic
instagram/jordi.koalitic

အခုတွေ့မြင်နေရတာတွေကတော့ ဂျော်ဒီက နေ့စဉ်သုံး ပစ္စည်းတွေကို အမျိုးမျိုး အသုံးချပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ “ကျွန်တော်က ကိုယ့်ကိုကိုယ် အနုပညာရှင်လို့ သတ်မှတ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်ဟာ နေ့စဉ်ဘ၀ကို ဘယ်လိုပျော်ရွှင်အောင် နေရမလဲဆိုတာ သဘောပေါက်တဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ရိုက်ကူးတဲ့ ဓာတ်ပုံတွေဟာ ရိုးရှင်းပြီး နေ့စဉ်သုံးအရာဝတ္ထုတွေ ပေါင်းစပ်ပါဝင်နေတာပါ…” လို့လည်း ဂျော်ဂျီက ဆိုပါသေးတယ်။

instagram/jordi.koalitic
instagram/jordi.koalitic
instagram/jordi.koalitic

လင်းလင်း (ShweMom)

SHARE