မြင်သူတိုင်း ခံစားသွားရစေတဲ့ လွင်မိုးတို့သားအဖရဲ့ ဓာတ်ပုံတစ်ပုံ

ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်း မေတ္တာ.ကို အတိုင်းသားမြင်နေရတဲ့ ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။ ဖခင်ပဲဖြစ်ဖြစ်၊ မိခင်ပဲဖြစ်ဖြစ် ရင်ဘတ်ထဲတစ်သက်လုံး ထွေးပွေ့ပြီး မိမိသားသမီးကိုချစ်ချင်ကြပေမယ့် တစ်နေ့တော့ သက်ဆိုင်သူလက်ထဲ အပ်ရတဲ့ နေ့ရောက်စမြဲပါပဲ။ အခု အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ လွင်မိုးတို့ သားအဖရဲ့ ဓာတ်ပုံလေးကလည်း ဒီအတိုင်းပါပဲ။

ဒီဓာတ်ပုံလေးကို ကြည့်လိုက်သူတိုင်း လွင်မိုးရဲ့ မျက်လုံးထဲက ခံစားချက်တွေကို သတိပြုမိကြမှာပါ။

သမီးဖြစ်သူကို အိမ်ထောင်ချပေးပြီးနောက်မှာတော့ လွင်မိုး က သူ့ရဲ့ fb ပေါ်မှာ “ယောက္ခမဆိုတာ
တ ခါ တုံးက သားမက်ပါပဲ..” ဆိုတဲ့စာသားလေးကို တင်ခဲ့ပါတယ်။အဲ့ဒီစကားလေးဟာ လွင်မိုး ရိုက်ခဲ့ဖူးတဲ့ ရုပ်ရှင်ကား လေးပါ။ဒီကားလေးမှာတော့ ရန်အောင်၊မို့မို့မြင့်အောင်၊လွင်မိုးနဲ့ ခိုင်သင်းကြည်တို့ သရုပ်ဆောင်ထားပြီး သမီးမွေး ထားတဲ့ ဖခင်တွေခံစားရတဲ့ခံစားချက်တွေ၊သမီးအပေါ် ထားတဲ့ မေတ္တာကို ဟာသနှောထားတဲ့ ဖခင်မေတ္တာဖော်ကြူး ထားတဲ့ ဇာတ်ကားလေးပါ။လွင်မိုးက သမီးဖြစ်သူကို အိမ်ထောင်ချပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး Myanmar Celebrity ရဲ့ အင်တာဗျူးတစ်ခု မှာ အခုလိုဖြေထားပါတယ်။

READ
မော်ဒယ်လ်ဆရာဝန်မလေး နန်းမွေစံ၏ အလန်းဆုံးဓာတ်ပုံများ

“နှမြောတာက မိဘက ပိုနှမြောတာပေါ့ဗျာ။ဒါပေမယ့်လည်း နှမြောတာ တစ်ခုတည်းကိုတော့ ကြည့်လို့က မရဘူးေ ပါ့နော်။အနေအထားတွေက အများကြီးရှိတယ်။သူတို့ရဲ့ ဖြတ်သန်းရတဲ့ သူတိုရဲ့ life ရယ်၊Nature ရယ် မတူတဲ့ ဟာတွေ ရှိတယ်။အဲ့ဒါရှင်းရှင်းလေးပြောရမယ်ဆိုရင်တော့ သူတို့က သြစတြေးလျမှာ နေပြီးတော့ ကျောင်းတတ်တဲ့ သူတွေ ဖြစ်သွားကြပြီ။ပြီးတော့ နောက်ပြီးတော့ သူတို့ရဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်သူရည်းစားတွေဖြစ်ပြီးတော့  သူတို့ဟာ တစ်ဦးနဲ့တစ်ဦး လက်ထပ်ချင်တယ်ဆိုတဲ့ ဆန္ဒရှိတယ်ဆိုတည်းက ကျွန်တော်တို့က ဒီခေတ်ကာလမှာ တော်ေ တ်ာလေးကို ကြိုဆိုရမယ့် အနေအထားမျိုးဖြစ်တယ်။နောက်တစ်ခုက သူတို့နှစ်ယောက်လက်ထပ်ရုံနဲ့ မပြီးဘူး။နှစ်ဖက် မိဘတွေရဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကလည်း အရေးကြီးတယ်။ကျွန်တော်တို့နှစ်ဖက်မိဘတွေ တွေ့ဆုံဆွေးနွေးတဲ့ အချိန် မှာရော သူတို့ရဲ့ တကယ်ဖြစ်ချင်တဲ့ ဆန္ဒနဲ့ရော ကျွန်တော်တို့ အနေနဲ့ ဘာမှငြင်းစရာ မရှိတဲ့ အတွက်ရော အခုလို ဒီပွဲကို မြန်မြန်ဆန်ဆန်ဖြစ်သွားတာပါ” လို့ ဖြေခဲ့ပါတယ်။ယွန်းလေးရဲ့ ချစ်သူကတော့ (၉) တန်းတည်းက ခင်လာကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး နောက်ပိုင်းမှာတော့ ချစ်သူရည်းစားဖြစ်ပြီး အခုတော့ လက်ထပ်ဖြစ်သွားကြတာပါ။

READ
Nestle Bear Brand မိတ်ဆက်ပွဲညရဲ့ နတ်သမီးများ

Source: Myanmar Celebrity, Facebook

SHARE