လေယာဉ် ဆင်းသက်ခွင့် မရသေးချိန်မှာ ထူးထူးဆန်းဆန်းပုံစံ ပျံသန်းခဲ့တဲ့ ပိုင်းလော့

[email protected]

မုန်တိုင်းကြောင့်ပဲဖြစ်ဖြစ်၊ လေဆိပ်မှာ လေယာဉ်ပြည့်နေတာပဲဖြစ်ဖြစ် အဲဒီလိုအချိန်ကျရင် ဆင်းသက်မယ့်လေယာဉ်တော်တော်များများဟာ လေဆိပ်အနီးအနားတစ်လျှောက်ကောင်းကင်ပေါ်မှာပဲ ပျံသန်းရင်း လေယာဉ်ဆင်းသက်ခွင့်ရဖို့ စောင့်ဆိုင်းနေတတ်ကြပါတယ်။ လေဆိပ်ထိန်းချုပ်ရေးတာဝါကနေပြီးတော့ ဆင်းသက်ခွင့်ပေးမှသာ လေယာဉ်က လေဆိပ်ကို ဆင်းသက်နိုင်တာဖြစ်ပါတယ်။ ဒီလိုဆင်းသက်ခွင့်မရခင် ကောင်းကင်ပေါ်မှာ ဟိုနားဒီနား ပျံသန်းနေတုန်း လေယာဉ်တစ်စင်းမှ ပိုင်းလော့ဟာ လေယာဉ်ကို အမျိုးသားလိင်အင်္ဂါပုံစံ မောင်းနှင်ခဲ့ကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

LH350 လို့ အမည်ရတဲ့ ခရီးသည်လေယာဉ်တစ်စင်းဟာ Germany နိုင်ငံ၊ Frankfurt မြို့မှနေပြီး Bermen မြို့ကို ပျံသန်းခဲ့ပါတယ်။ Bermen လေဆိပ်ရောက်တဲ့အချိန်မှာတော့ လေဆိပ်လိန်းချုပ်ရေးစင်တာကနေ Bermen လေဆိပ်မှာ လေယာဉ်တွေ ရပ်ထားတာများပြားနေတဲ့အတွက် LH350 လေယာဉ်ကို ဆင်းသက်ခွင့်မပြုပဲ လေဆိပ်နားတစ်ဝိုက်မှာ ပျံသန်းခိုင်းနေခဲ့ပါတယ်။ ဒီလိုနဲ့ LH350 လေယာဉ်မောင်းတဲ့ Pilot ဟာ လေဆိပ်ပေါ်မှာ အချိန်တော်အကြာ ပျံသန်းနေခဲ့သော်လည်း ဆင်းသက်ခွင့်မရခဲ့ပါဘူး။ နောက်ဆုံမှာတော့ ပိုင်းလော့ဟာ လေယာဉ်ကို အမျိုးသားလိင်အင်္ဂါပုံစံ ပျံသန်းခဲ့ကြောင်း သိရှိရပါတယ်။

READ
အသည်းမာပါတယ်ဆိုတဲ့ ဖေဖေတွေရဲ့ မေတ္တာတွေအတိုင်းသားပေါ်နေတဲ့ ပုံရိပ်လေးများ
[email protected]

ဒီလိုမျိုးပိင်းလော့တွေ ပညာပြတာကတော့ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ် ၂၀၁၉ ခုနှစ်တုန်းကလဲ သြဇီခရီးသွားလေယာဉ်တစ်စင်းဟာလည်း လေဆိပ်ဆင်းသက်ခွင့်မရခဲ့လို့ ကောင်းကင်ပေါ်မှာ ပျံဝဲနေတုန်း “ I’M BORED” ဆိုတဲ့ စာတန်းပုံစံပျံသန်းခဲ့ပြီး သူလေယာဉ်ပတ်မောင်းနေရတာ ပျင်းနေကြောင်း တစ်ဖက်လှည့်နဲ့ လေယာဉ်ထိန်းချုပ်ရေးစင်တာကို အသိပေးခဲ့ပါသေးတယ်။

Flightaware

Pyi Hein Kyaw

SHARE