သူ့ကိုယ်သူ ကြောင်လို့ ထင်နေရှာတဲ့ Pitbull ခွေးကလေး Mako

[email protected] mako_thecatdog

ခွေးကလေးတွေဆိုတာ လူတွေနဲ့ အနေနီးဆုံး၊ လူတွေအပေါ် သစ္စာအရှိဆုံးနဲ့ နားအလည်နိုင်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေပါ။ အိမ်တစ်အိမ်မှာ ခွေးမွေးထားပြီဆိုရင် အဲဒီအိမ်သူအိမ်သားတွေဟာ ဘယ်တော့မှ မပျင်းရပါဘူး။ သူတို့ကစားနေတဲ့ပုံလေးတွေ၊ သခင်အပေါ် နွဲ့ဆိုးဆိုးတာလေးတွေကို ကြည့်ရင်း တစ်နေ့တစ်မျိုးမရိုးရပါဘူး။ အခုပြောပြချင်တာကတော့ အရမ်းကို ချစ်ဖို့ ကောင်းတဲ့ ခွေးကလေးတစ်ကောင်အကြောင်းပါ။ အဆိုပါခွေးကလေးဟာ သူ့ကိုယ်သူ ဒီနေ့ဒီအချိန်အထိကို ကြောင်တစ်ကောင်လို့သာ ထင်နေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ Pitbull ခွေးကလေးကတော့ အသက် ၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Mako လို့ အမည်ရတဲ့ ခွေးကလေးပါ။ Mako လေးကို ၁ လသားလောက်ကတည်းက Bethany နဲ့ Samantha Castiller လို့ အမည်ရတဲ့ စုံတွဲက မွေးစားခဲ့တာပဲ ဖြစ်ပါတယ်။ Bethany တို့အတွဲရဲ့ အိမ်မှာ မွေးထားတဲ့ အခြားအိမ်မွေးတိရစ္ဆာန်တွေကတော့ ကြောင်ကလေးတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Mako လေးဟာ ကြောင်လေးတွေနဲ့ အတူတူ ကြီးပြင်းလာခဲ့ရပြီး သူ့ကိုယ်သူ ခွေးဆိုတာမေ့ပြီး ကြောင်လို့ ထင်သွားခဲ့တဲ့ ပုံပါပဲ။

READ
တစ်ခြားသူတွေ သိပ်မတွေးမိသေးတဲ့ ရယ်မောဖွယ်ရာ အခက်အခဲဖြေရှင်းနည်းများ

 

 

View this post on Instagram

 

Oh hi there 👋🏻just doing cat stuff with my brothers Pecan and Gizmo #fridgepup #cutepets #catsofinsta #dogsofinstagram #catdog

A post shared by Fridge Pup (@mako_thecatdog) on

ကစားရင်လည်း ကြောင်လေးတွေနဲ့ အတူတူကစား၊ အစာစားရင်လည်း ကြောင်လေးတွေနဲ့ အတူတူစားပြီး ကြောင်လေးတွေနဲ့ အတူတူ အိပ်တာကြောင့် ကြာလာတဲ့အချိန်မှာ သူ့ရဲ့ သွားလာနေထိုင်မှုပုံစံတွေဟာ ကြောင်တစ်ကောင်လို ဖြစ်လာခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်ကြီးနဲ့ ကြောင်တွေလို ပြတင်းပေါက်တွေမှာ တက်အိပ်လိုအိပ်၊ ရေခဲသေတ္တာတွေပေါ်တက်၊ စားပွဲပေါ်တွေ ခုန်တက်လိုတက်နဲ့ တစ်ကယ့်ကြောင်တစ်ကောင်လို နေထိုင်နေပါတော့တယ်။

READ
ချစ်သူကို လက်တွေ့ဆန်ဆန် V day လက်ဆောင်ပေးခဲ့တဲ့ ဖိလစ်ပိုင်အမျိုးသား

 

 

View this post on Instagram

 

Enjoying the sun with my brother Pecan ☀️ 🐱#finallysunny #cats_of_day #pitbulls #dogsofinstagram #cutepets

A post shared by Fridge Pup (@mako_thecatdog) on

“တော်တော်တော့ ရယ်ရပါတယ်။ သူ့ပုံစံကြီးနဲ့ ကြောင်တစ်ကောင်ပုံစံလုပ်ပြီး အစာလာတောင်းတဲ့အချိန်ဆိုရင် တော်တော်ရယ်ချင်ပါတယ်။ ကြောင်တွေလို ခွေအိပ်လိုအိပ်၊ တစ်ခါတစ်လေကျရင် ကြောင်အသံတောင် လုပ်ချင်နေပါသေးတယ်။ ကျွန်မတို့ကတော့ Mako ကို တော်တော်ချစ်ပါတယ်။ ကြောင်ကလေးတွေနဲ့ ဆော့ရင်လည်း သူပဲအမြဲအနိုင်ကျင့်ခံနေရတယ်။ သူ့ကိုယ်သူခွေးတစ်ကောင်ဆိုတာ တစ်ကယ်မေ့နေတဲ့ပုံစံပါပဲ” လို့ သခင်ဖြစ်သူ Samantha က ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

9.5 million views on tiktok! Celebrating with lots of treats! Thanks for all the support! #fridgepup #pupagram #weirdpet

A post shared by Fridge Pup (@mako_thecatdog) on

Pyi Hein Kyaw

SHARE